338

608 88 2
                                    

Chapter 338: ပြီးပြည့်စုံသော ပေါင်းစပ်ခြင်း

စွန့်ပစ်ကျွန်းလေးပေါ်တွင်

ရှီယန်က သက်တန့်တစ်ခု ထွက်ပေါ်လာသည့်နှယ် ၀ံ့ကြွားစွာ ရပ်တည်နေသည်။

သိဒ္ဓိဝိညာဉ်နတ်ဘုရား၏ စွမ်းရည်ဖြင့် သူက သဘာဝစွမ်းအင်များကို ပမာဏများပြားစွာ စုပ်ယူနေသည်။

ထိုမျှ သိပ်သည်းလှသော သဘာဝစွမ်းအင်များသည် ကီစုစည်းမှုအဖြစ် သန့်စင်ကာ ရှေးဟောင်းကီသစ်ပင်ဆီသို့ အလုံးအရင်း တိုးဝင်နေကြသည်။

ပုံမှန်မဟုတ်သော သက်ရှိဖြစ်သော သိဒ္ဓိဝိညာဉ်နတ်ဘုရားသည် ကောင်းကင်နှင့်မြေကြီး၏ သဘာဝစွမ်းအင်များကို စုဆောင်းပေးနိုင်သော အရည်အချင်းရှိသည်။

အေးစိမ့်ရေခဲမီးလျှံနှင့် မြေကမ္ဘာမီးလျှံတို့နှင့် ရောနှောသွားသောအခါတွင် သူ့စွမ်းရည်က ထူးဆန်းစွာပင် အဆပေါင်းများစွာ တိုးမြင့်လာသည်။

ရှီယန့် ဦးခေါင်းထက်မှ ကောင်းကင်နှင့် မြေကြီး၏ သဘာဝစွမ်းအင်များသည်

မာချီကျဲ၏ မိစ္ဆာအရှိန်အ၀ါများနှင့် နှိုင်းယှဉ်လာနိုင်ပြီဖြစ်သည်။

ထိုမျှ ပမာဏများပြားလှသောကောင်းကင်နှင့်မြေကြီး၏ သဘာဝစွမ်းအင်များကို ရှီယန်၏ ကီစုပ်ဝဲက သန့်စင်သော ကီစွမ်းအင်အဖြစ် အဆက်မပြတ် ပြောင်းလဲပေးနေသည်။

ရှီယန်၏ ဒန်တျန်နေရာရှိ ရှေးဟောင်းကီသစ်ပင်သည်လည်း ယခင်ထက် အဆပေါင်းများစွာ တောက်ပကြည်လင်လို့လာသည်။

ပိုမို ကြီးထွားလာပြီးနောက် အကိုင်းအခက်များသည်လည်း ပိုမို ကျယ်ပြန့်လာသည်။

သူ့ကီစုစည်းမှုသည် အစိုင်အခဲတစ်ခုသဖွယ် အလွန် ကျစ်လစ်လာပြီဖြစ်သည်။

တစ်ချိန်တည်းမှာပင်

လျှပ်စီးခြေလှမ်းကြောင့် ပွင့်ထွက်သွားသော သူ့ ခြေသလုံးများသည်လည်း အင်မော်တယ်သိုင်းဝိညာဉ်၏ အစွမ်းအောက်တွင် အသွေးအသား အသစ်များ ပြန်လည်ဖြစ်တည်လာကြသည်။နောက်ဆုံးတွင်တော့ မူလ အခြေအနေအတိုင်း ပြန်ဖြစ်သွားပြီဖြစ်သည်။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Where stories live. Discover now