268

1K 118 0
                                    

God of Slaughter (chapter – 268)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၂၆၈) လျှို့ဝှက်ရတနာ

သက်မဲ့ သားရဲကြီး ခုနှစ်ကောင်…
သံတုံးသံခဲများနှင့် တည်ဆောက်ထားသလို ခန္ဓာကိုယ်ကြီးများ
ပြင်းထန်သော ခွန်အားနှင့် အဆုံးမရှိ ပြည့်လျှမ်းနေသော စွမ်းအင်များ

သူတို့ထဲမှ တစ်ကောင်မှ အသက်ဓါတ်အငွေ့အသက်များ ရှိမနေပါ။
သို့သော်လည်း လျှပ်စီးလို အလျှင်နှင့် အံမခန်း ခွန်အား ပိုင်ဆိုင်ကြသည်။
သူတို့ တစ်ချက် ရုန်းကြွလိုက်လျှင် ကောင်းကင်နှင့် မြေကြီးအကြားရှိ သဘာဝ ယင်ကီများက ၄င်းတို့နှင့်အတူ လိုက်ပါလာကြသည်။
ကြောက်မက်ဖွယ်ရာ သန်မာမှုနှင့် အဖျက်စွမ်းအားကို ပေးသည်။

အသက်မဲ့ သားရဲကြီး ခုနှစ်ကောင်သည် တစ်စုံတစ်ခုကို ကာကွယ်နေဟန်တူ၏။
၎င်းတို့၏ အနောက်ဖက်ရှိ ပိန်းပိတ်အောင်မှောင်သော အမှောင်ထုထဲမှ သဘာဝ ယင်ကီစွမ်းအင်များဖြာထွက်နေခြင်းဖြစ်သည်။
ဝိညာဉ်ဖိနှိပ်ခြင်း ခွန်အားက ကြီးမားလေးလံလှပြီး ရောက်ရှိနေသူအားလုံးကို မလုံခြုံသော ခံစားမှုကို ပေးသည်။

မျိုးနွယ်စု ခေါင်းဆောင် ခြောက်ယောက်တွင် ယီတျန်းမို၊ ခါ့ဘာနှင့် ယာမန်းတို့သုံးယောက်၏ စွမ်းအင်ကျင့်ကြံမှုအဆင့်အတန်းသည် စိတ်ဝိညာဉ်အဆင့်တွင်ရှိကြသည်။
သူတို့၏ ခန္ဓာကိုယ်များက အားနည်းသော်လည်း သူတို့၏ ၀ိညာဉ်စွမ်းအင်က မည်သည့် သက်ရှိကိုမဆို အကြောက်အလန့်မရှိ ရင်ဆိုင်နိုင်စွမ်းရှိပါသည်။

သို့သော်လည်း ၀ိညာဉ်ကင်းမဲ့သော အသက်မဲ့သားရဲကြီးများနှင့် ရင်ဆိုင်ရာတွင်တော့ သူတို့ မိစ္ဆာသံစဉ်ကလန်၏ အတုမဲ့ ၀ိညာဉ်ခွန်အားသည် အသုံးမကျတော့ပါ။
သူတို့က ထိုသားရဲကြီးများကို ရင်ဆိုင်တိုက်ခိုက်နိုင်စွမ်းမရှိကြတော့ပါ။

အကျိုးဆက်ကတော့ အလွယ်တကူ စဉ်းစားလို့ရပါသည်။

သူတို့၏ အားနည်းသော ခန္ဓာကိုယ်များကြောင့် မိစ္ဆာသံစဉ်ကလန် ခေါင်းဆောင်သုံးယောက်သည် သတ္တ၀ါကြီးများနှင့် ရင်ဆိုင်ရာတွင် ခက်ခဲသော အချိန်ကို ကျော်ဖြတ်နေရသည်။
အသက်မဲ့ သားရဲကြီးများ သူတို့ကို တိုက်ခိုက်လာသည်နှင့် သူတို့က ဘာမှ မတတ်နိုင်ပဲ ခုန်ပျံရောင်တိမ်းနေရတော့သည်။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Where stories live. Discover now