274

1K 126 1
                                    

God of Slaughter (chapter - 274)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၂၇၄) နှင်းနဂါးကျွန်း

လမင်းကြီးက ငွေစင်အလင်းများ ဖြန်းပက်ထားသည်။
ကောင်းကင်ကြီးက ကြယ်တာရာများ စုံညီလင်းလက်လို့နေ၏။

တည်ငြိမ်နေသော ပင်လယ်ရေပြင်ထက်တွင် လူ့ဦးခေါင်းနှစ်ခုပေါ်လာကာ ဟိုဒီ ဝေ့၀ဲကြည့်နေကြသည်။

အေးစိမ့်သော လေများ တသုန်သုန် တိုက်ခတ်နေသည်။
ပတ်ဝန်းကျင်တွင် ကျွန်းများကို မမြင်ရပါ။
အချွန်အတက်များ ငေါထွက်နေသော သန္တာကျောက်တန်းများသာ တည်ရှိနေသည်။

ရှီယန်က သန္တာကျောက်တန်းတစ်ခုပေါ်တွင် တက်ရပ်လိုက်သည်။
ကောင်းကင်ထက်သို့ မော့ကြည့်နေရင်း တိတ်ဆိတ်စွာ ပြုံးလိုက်မိသည်။
နောက်ဆုံးတော့ အပြင်ပြန်ရောက်ပြီ။

ကြယ်တာရာများနှင့် လမင်းကြီးကို မြင်ရသောကြောင့် ဒါက ဟိုဖုန်းဆိုးမြေမဟုတ်တာ သေချာသွားသည်။
ဒါက ဘယ်နေရာပဲဖြစ်ဖြစ် ကြယ်တာရာများနှင့် ကောင်းကင်ကြီးကို မြင်ရသည့် ခံစားချက်က ပြောမပြနိုင်လောက်အောင်ပင်။

မြောက်များလှစွာသော ကြယ်တာရာများရှိ စွမ်းအင်များက ရှီယန့် နှလုံးသားရှိ ကြယ်တာရာသိုင်းဝိညာဉ်ထံ သွန်ကျလာသည်။
သူက ဒီသိုင်းဝိညာဉ်ကို မည်သို့ အသုံးချရမည်မသိသေးသော်လည်း ကြယ်တာရာသိုင်းဝိညာဉ်၏ တည်ရှိနေမှုကပင် အံ့မခန်းဖြစ်နေပြီဖြစ်သည်။
အထူးသဖြင့် သန့်စင်နေ၀ိညာဉ်စွမ်းအင်များကို စုပ်ယူပြီးစဉ်ကတည်းက သူ၏ ကြယ်တာရာသိုင်းဝိညာဉ်သည် သိသာသော ပြောင်းလဲမှုတစ်ခု ရှိလာပြီမှန်း ၀ိုးတ၀ါးခံစားရသည်။

သူက ထို အပြောင်းအလဲကို မဖော်ပြနိုင်သော်လည်း ခမ်းနားကြီးကျယ်ကြောင်း သိရှိနေသည်။

သူ့ စိတ်စွမ်းအင်က သွေးနွယ်ရှင်လက်စွပ်ထဲသို့ နစ်မြုပ်သွားသည်။
အးစိမ့်ရေခဲမီးလျှံနှင့် နှစ်တစ်သောင်း မြေကမ္ဘာမီးလျှံတို့က ပြိုင်တူ အခြေအနေ မေးမြန်းကြသည်။

"အဆင်ပြေတယ်"
ရှီယန်က တုံ့ပြန်လိုက်သည်။
သူက တိတ်ဆိတ်စွာ ထောက်လှမ်းကြည့်လိုက်ရာ ဝေဒနာမဲ့ ကိုးမျိုး ၀ိညာဉ်ချုပ်မီးလျှံသည် သံစဉ်သားရိုင်းတောင်ကြီးဆီမှာ ရှိနေစဉ်ကကဲ့သို့ အလင်းလွှာမျိုးဖြင့် အတိအကျ ချုပ်နှောင်ထားခြင်းခံရကြောင်း တွေ့ရှိရသည်။
ဝိညာဉ်ချုပ် မီးလျှံ၏ အရှိန်အ၀ါရော ၀ိညာဉ်စွမ်းအင်များပါ ကျောက်သားစင်မြင့်ကြီးထက်တွင် ကန့်သတ်ထားခြင်းခံရသည်။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Where stories live. Discover now