265

1K 120 0
                                    

God of Slaughter (chapter – 265)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၂၆၅) စောင့်ကြည့်ပါ

မိုးကောင်းကင်စွမ်းအားအလင်းတန်းတစ်ကြောင်းက ကြီးမားသော မိစ္ဆာသားရဲကြီးတစ်ကောင်ကို အမှုန်အမွှားများ ဖြစ်သွားစေရုံသာမက သံစဉ်သားရိုင်း တောင်ထိပ်ရှိ ဧရာမ ကျောက်တုံးကြီးကိုပင် ဖြတ်ချသွားသည်။

ဒါက ကောင်းကင် …ရဲ့ဂုဏ်သိက္ခာပါပဲ

ကောင်းကင်အက်ကွဲကြောင်း နက်နက်များထဲတွင် မိုးကြိုးမုန်တိုင်းများ ပေါက်ကွဲနေသည်။
ကောင်းကင်ဆန္ဒအလင်းတန်းများသည်လည်း မျက်စိကျိန်းမတတ် ၀င်းလက်လျှက်ရှိသည်။

ကောင်းကင်ဆန္ဒအလင်းတန်းများက တောင်ခြေရောက်နေကြသော အတောင်ပံမျိုးနွယ်စုများနှင့် မိစ္ဆာသံစဉ်ကလန်လူတို့ကို သွေးလေခြောက်ခြားစေသည်။

တိရှန်း၊ ယုရို၊ ယီတျန်းမိုနှင့် ရှီယန်ကိုယ်တိုင်ပင် လေးနက်သော မျက်နှာများ ဖြစ်လာကြသည်။
သူတို့က ကောင်းကင်ကို မော့ကြည့်ကာ ပြောစရာစကားရှာမရပဲဖြစ်နေကြသည်။

“ဒါတွေဟာ ပြစ်ဒဏ် စွမ်းအင်တွေပဲ…နှစ်တစ်သောင်းကြာတိုင်း ငါတို့ မျိုးနွယ်စုနှစ်ခုမှာ အစစ်အမှန်နတ်ဘုရားတွေ ပေါ်လာတတ်တယ်…ဒီ ကောင်းကင်ဆန္ဒအလင်းတန်းတွေဟာ ကောင်ကင်ကနေ ကျဆင်းလာပြီး သူတို့ကို ပြာမှုန်အဖြစ်လောင်ကျွမ်းသွားစေတယ်…သူတို့ရဲ့ အသက်နဲ့ ၀ိညာဉ်တွေပါ ပျက်စီးသွားကြတယ်…”
ယုရိုက ကောင်းကင်ထက်ကို မော့ကြည့်ကာ နာကျည်းမှုများဖြင့် ပြောသည်။
“ဒီလိုနဲ့ ဒီကောင်းကင်ဆန္ဒအလင်းတန်းတွေဟာ ငါတို့ မျိုးနွယ်စုတွေကို နောက်ထပ် နှစ်တစ်သောင်း ထပ်မံ ချုပ်နှောင်ပြန်တယ်လေ”

တိရှန်းနှင့် ယီတျန်းမိုတို့သည်လည်း တည်ကြည်သော အမူအယာများ ဖြစ်ပေါ်လာသည်။

ရှီယန်က သံစဉ်သားရိုင်းတောင်ကြီး၏ ထိပ်ဖျားကို မျက်မှောင်ကြုံ့ကာ မော့ကြည့်နေရင်း မကောင်းသော ခံစားချက်များကို ရနေသည်။သူက ကောင်းကင်နှင့် မြေကြီးကိုပင် ဖျက်ဆီးပစ်နိုင်သော အဖျက်စွမ်းအားများကို ခံစားရသည်။
သူ့ ၀ိညာဉ်အသိကိုပင် မထုတ်လွှတ်ရဲလောက်အောင်ပင် ဖိအားကို ခံစားနေရသည်။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Donde viven las historias. Descúbrelo ahora