377

612 103 0
                                    

Chapter 377: ကျားအတောင်ပံတပ်ပေးသလို

ဘော့ဂ် သဆုံးသွားပြီးနောက် နန်းတော်မှ သိုင်းသမားများသည် ပိုပြီး

သက်သောင့်သက်သာဖြစ်သွားကြသည်။

သုခနန်းတော် သိုင်းသမားများဘက်တွင်

နိုင်းကျီအပါအ၀င်ကောင်းကင်အဆင့်သုံးယောက်ဖြစ်သည်။

ကျန်တာတွေက နီဗားနား ဒုတိယနှင့် တတိယအဆင့်များဖြစ်ကြသည်။

သူတို့အားလုံးပင် သုခနန်းတော်၏ ထို မကောင်းဆိုးဝါးဆန်သော ရွှ့ရောင်နည်းစနစ်ကို

ကျင့်ကြံကြသည်။

သူတို့က တစ်ဦးချင်စီ တိုက်ခိုက်နေသလို ပူးပေါင်းပြီးတော့လည်း

တိုက်စစ်ဆင်နေကြခြင်းဖြစ်သည်။

ဘော့သေသွားပြီးနောက် လာင်လီနှင့် လာင်လွန်တို့ အန္တရာယ်အခြေအနေသို့

ကျရောက်သွားကြသည်။

ထို ညီအစ်ကိုနှစ်ယောက်သည်လည်း နီဗားနား တတိယအဆင့် ကိုယ်စီသာဖြစ်ကြသော်လည်း

ပူးပေါင်းတိုက်ကွက်တွင် အားသာကြသည်။

သူတို့က ကျာချင်းကပ်အနေအထားဖြစ်ပြီး သူတို့နှစ်ယောက်၏ ကွဲပြားခြားနားသော

အင်အားနှစ်ခုသည် နာက်ကျောပြင်မှတစ်ဆင့် အချင်းချင်း ချိတ်ဆက်နေကြသည်။

လူနှစ်ယောက်သည် တစ်ယောက်တည်းလိုမျိုး တိုက်ခိုက်နေကြသည်။

သူတို့၏ လှုပ်ရှားမှုများက အပေးအယူ မျှတပြီး သူတို့တစ်ကိုယ်လုံးကို အစိမ်းရောင်နှင့်

အပြာရောင် အရောအနှော အလင်းစက်ဝန်းက ဖုံးလွှမ်းထားသည်။

ထို စိမ်းပြာရောင် အလင်းစက်ဝန်းသည် သူတို့နှစ်ယောက်စလုံး၏ ခန္ဓာကိုယ်များကို အပြည့်အဝ

ဖုံးအုပ်ထားသည်။

ရွှေရောင် ပိုးချည်မျှင်များ ရာက်ရှိလာလျှင် သူတို့နှစ်ယောက်က တက်ညီလက်ညီ လှုပ်ရှားကြသည်။

လက်အိတ်ဝတ်ထားသော လက်များဖြင့် အားအများဆုံးနေရာကို ရိုက်ထုတ်ကာကွယ်ကြသည်။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Where stories live. Discover now