334

588 82 1
                                    

Chapter 334: သေကွဲ ရှင်ကွဲ

ခိုင်ရာပင်လယ်၊ ကန္တာရ ကျွန်းလေးတစ်ကျွန်း

ယီကျောင်းဖန်၏ တည်နေရာရွှေ့ပြောင်းခြင်း မှော်ရတနာဖြင့် သူတို့လေးယောက် ရောက်ရှိလာကြသည်။

မိစ္ဆာသခင် ချိယန်၏ အကြီးအကျယ် တိုက်ခိုက်ဖျက်ဆီးမှုမှ သူတို့ လက်မတင်လေး လွတ်မြောက်လာကြခြင်းဖြစ်သည်။

ဒါက စွန့်ပစ်ကျွန်းလေးတစ်ကျွန်းဖြစ်သည်။

ပတ်ဝန်းကျင်ရှိ ကျွန်းများမှာလည်း မဖြစ်ထွန်းသော ကုန်းမြေများသာရှိသည်။

သစ်ပင်များ မြစ်ခင်းများ မမြင်ရ။ မီးခိုးရောင် ကျောက်တုံးကျောက်ခဲများသာ ပြည့်နှက်နေသည်။

တည်နေရာရွှေ့ပြောင်းခြင်း မှော်ရတနာကို အသုံးပြုခဲ့ကြရသောကြောင့် ယီကျောင်းဖန်နှင့် လင်းယာချီတို့သည် ကီစုစည်းမှု ပမာဏ အတော်များများ ကုန်ခမ်းသွားခဲ့ကြပြီဖြစ်သည်။

ထို့ကြောင့် ယခု သူတို့ မျက်နှာများက အနည်းငယ် ဖြူဖတ်ဖြူရော်ဖြစ်နေကြသည်။

ဒီကျွန်းပေါ်သို့ ရောက်ရှိလာသော်လည်း သူတို့ စိတ်မအေးကြသေးပါ။

သူတို့အားလုံး၏ မျက်ဝန်းများတွင် ထိတ်လန့်တုန်လှုပ်မှုများ အထင်းသား မြင်နိုင်ပါသည်။.

မိစ္ဆာဘုရင်ကြီး ချိယန်၏ လက်ဝါးရိုက်ချက်တစ်ချက်သည် အချိန်နှင့် လေဟာနယ်ကို ဖြတ်သန်းကာ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

မိုးလုံးပြည့်မျှသော လက်ဝါးရိုက်ချက်သည် ခုနက သူတို့ ခြေချခဲ့သော ကျွန်းငယ်လေးကို ချေမွသွားခဲ့သည်မဟုတ်လော။

ထို ကြောက်လန့်ဖွယ်ရာ လက်ဝါးချက်ကြီးသည် သူတို့အားလုံးကို ပြင်းပြင်းထန်ထန်တုန်လှုပ်ခြောက်ခြားစေသည်။မိစ္ဆာနယ်မြေမှ နတ်ဘုရားအဆင့်များ၏ ခွန်အားကို အသစ်တဖန် နားလည်သဘောပေါက်ရသည်။

မိစ္ဆာဘုရင်၏ လက်ဝါးတစ်ချက်သည် မိုင်တစ်ထောင်မျှအကွာကို ဖြတ်သန်းကာ မိုးမြေတုန်လောက်သော ခွန်အားကြီးဖြင့် ကျွန်းတစ်ကျွန်းလုံးကို ချေမွသွားခဲ့သည်။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Waar verhalen tot leven komen. Ontdek het nu