342

606 85 0
                                    

Chapter 342: နေ၊ လ၊ ကြယ်တာရာ

ကောင်းကင်အဆင့်ဖြစ်သော အကြီးအကဲထုတ်ဖော်လိုက်သော သိုင်းပညာသည် နတ်မင်းသုံးပါးဂိုဏ်း၏ လျှို့ဝှက်နက်နဲသော အကာအကွယ်ပညာရပ်ဖြစ်သည်။

ကီစုစည်းမှုနှင့် သိုင်းဝိညာဉ်ကိုပေါင်းစပ်သိပ်သည်းစေပြီး ထုတ်ဖော်ရသောကြောင့် အလွန် တောက်ပသလို အလွန်သိပ်သည်းသော အကာအကွယ်လည်းဖြစ်သည်။

အဆင့်တူ သိုင်းသမားပင်လျှင် အားကုန် ထုတ်သုံးသည့်တိုင် ထို မြင့်မြတ်သော နေမင်းအကာအကွယ်ကို ထိုးဖောက်နိုင်ဖို့ မလွယ်ကူပါ။

ယခု အကြီးအကဲက မြင့်မြတ်သောနေမင်းအကာအကွယ်ကို ထုတ်ဖော်လိုက်သောအခါ စွမ်းအင်ကို ပိုမိုအသုံးချကာ ဂရုတစိုက် ထုတ်ဖော်ထားခြင်းဖြစ်သည်။

ရှီယန်က သူ့ တိုက်ကွက်ကို တစ်ချက်တည်းဖြင့် ခုခံကာကွယ်ခဲ့သည့်အပြင် မောက်မာစွာဖြင့် ပြန်လှန်တိုက်ခိုက်လာသည်မဟုတ်လော။

အကြီးအကဲသည် ယခု တိုက်ကွက်ကို ကာကွယ်ပြီးလျှင် နောက်ထပ် ပြင်းထန်သော တန်ပြန်တိုက်ခိုက်မှုကို ဖော်ထုတ်ရန်ပင် အားအင်စုစည်းထားပြီးဖြစ်သည်။

သို့သော်လည်း ဒီ နီဗားနားအဆင့် ရောက်ကာစ လူငယ်လေး၏ ကြောက်မက်ဖွယ်ရာ ရေခဲစွမ်းအင်က သူ့ထံ ရောက်ရှိလာခဲ့ပြီးဖြစ်သည်။

ရေခဲစွမ်းအင်များက အကြီးအကဲ၏ ကိုယ်ထဲသို့ ထိုးဖောက်ဝင်ရောက်လာရုံသာမက မြင့်မြတ်သော နေမင်းအကာအကွယ်လွှာတစ်ခုလုံးကိုပါ အေးခဲပစ်လိုက်ခြင်းဖြစ်သည်။

ထိုလွန်ကဲသော စွမ်းရည်ကို မြင်လိုက်ရသူတိုင်း တုန်လှုပ်ခြောက်ခြားသွားပြီး မျက်လုံးမျက်ဆံပြူးဖြင့် ရှီယန့်ကို ကြည့်နေကြခြင်းဖြစ်သည်။

ရေခဲစွမ်းအင်က အချိန်တိုအတွင်းမှာပင် အကြီးအကဲကို ရေခဲရုပ်တုဖြစ်သွားစေပြီး လှုပ်လို့မရတော့အောင် တောင့်တင်းသွားလေသည်။

ရှီယန့်ခန္ဓာကိုယ်သည်လည်း အေးခဲနေခြင်းဖြစ်သော်လည်း အကြီးအကဲနှင့်တော့ ကွဲပြားခြားနားပါသည်။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Where stories live. Discover now