269

987 119 0
                                    

God of Slaughter (chapter – 269)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၂၆၉) ကျုပ်ကူညီနိုင်တယ်

ကောင်းကင်ခွင်းလွန်းပျံသည် ဒဏ္ဍာရီလာ သဘာဝလွန် မှော်ရတနာဖြစ်သည်။
ထိုအရာက မည်သည့် အကာအကွယ် ၀င်္ကဘာကိုမဆို ဖျက်ဆီးနိုင်စွမ်းရှိသည်ဟုဆိုသည်။

ထက်မြသော အလင်းရောင်များကို ထုတ်ဖော်ကာ ထိုအရာက လေထုထဲတွင် ၀ဲလည်ပျံသန်းနေသည်။
ထို အလင်းရောင်တန်းများသည် မည်သည့်အရာကိုမဆို ဖျက်ဆီးပစ်နိုင်မည့် အရှိန်အ၀ါများ ဖြာထွက်လျှက်ရှိသည်။

အသက်မဲ့ သားရဲကြီးများ ကာကွယ်မထားတော့သည့်အခါ မြင်ကွင်းက အနည်းငယ် ရှင်းလင်းလာသည်။

ရှီယန့် မျက်လုံးထဲရောက်ရှိလာသည်က သေးမျှင် တောက်ပြောင်သော ငွေကြိုးမျှင်လေးသုံးချောင်းဖြစ်သည်။
ထိုကြိုးများက လွန်းပျံ၏ ထိပ်နှစ်ဖက်နှင့် အလယ်ဗဟိုကို ရစ်ပတ်ချည်နှောင်ထားသည်။
ပျံသန်း ထွက်ခွာမသွားနိုင်အောင် ခိုင်မာစွာ နှောင်တည်းထားသည်။

ငွေကြိုးမျှင်များ၏ အခြားတစ်ဖက်ကတော့ အမှောင်ထုထဲတစ် နစ်မြုပ်ပျောက်ကွယ်နေသည်။

ငွေကြိုးမျှင်များဖြင့် ချုပ်နှောင်ခံထားရသလို သူ၏ ပိုင်ရှင်အစစ်လည်းမရှိသောအခါ ကောင်းကင်ခွင်းလွန်းပျံက စစ်မှန်သော စွမ်းအင်ကို ဖော်ထုတ်နိုင်ခြင်းမရှိဟန်တူသည်။
ဟို ဟို ဒီဒီ ဦးတည်ချက်မဲ့ လွန်းထိုးနေရင်း ကြိုးမျှင်များမှ လွတ်မြောက်နိုင်ခြင်းမရှိချေ။

ခေါင်းဆောင်ခြောက်ယောက်က ထို လွန်းပျံနှင့် မီတာတစ်ရာခန့်အကွာတွင် ရပ်နေကြခြင်းဖြစ်သည်။
သူတို့အားလုံးပင် ထိုအရာကို ငေးကြောင်ကြည့်နေကြခြင်းဖြစ်သည်။

ယုရိုက ရှီယန့်အော်သံကို သတိပြုမိသည်။
သူမက လှည့်ကြည့်ကာ
“ရှီယန်…မင်း အဲ့ဒါကို သိတာလား”

ရှီယန်က ခေါင်းငြိမ့်ကာ အမှန်အတိုင်း ပြောသည်။
“ဒါက အာကာခွင်းလွန်းပျံပဲ…ကျုပ် ဒီ အသူရာစစ်တလင်းကို ၀င်ရောက်ခဲ့ရတဲ့ အဓိကအကြောင်းအရင်းပဲ…ပြောစမှတ်ရှိတာက အဲ့ဒီအရာဟာ ဘယ် စကြာဝဠာကိုမဆို ထွင်းဖောက်သွားလာနိုင်ပြီး ဘယ်လို အတားအဆီး ၀င်္ကဘာမျိုးကိုပဲဖြစ်ဖြစ် ဖျက်ဆီးနိုင်စွမ်းရှိတယ်တဲ့…သူ့ရဲ့ ပိုင်ရှင်သာ ပျောက်ဆုံးမနေဘူးဆိုရင် အဲ့ဒါကို ဘယ်အရာကမှ ချုပ်နှောင်ထားနိုင်မှာမဟုတ်ဘူး”

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Where stories live. Discover now