အပိုင်း ၂၁၀

1.9K 207 40
                                    

God of Slaughter (chapter – 210)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၂၁၀) တကယ့်ကောင်

ရှီယန်နှင့် ရှာစင်းယန်တို့ သလင်းကျောက်ဂူထဲမှ လှမ်းထွက်လာကြသောအခါ ယန်မိသားစုတွင် ရှိနေကြသော သိုင်းသမား မြောက်များစွာသည် အလွန်အံ့အားသင့်ကုန်ကြသည်။
သူတို့၏ မျက်နှာများတွင် သူတို့၏ စိတ်လှုပ်ရှားမှုကို မြင်တွေ့နိုင်လေသည်။

ရှီယန်နှင့် ရှာစင်းယန် အကြားရှိ ဆက်ဆံရေး အခြေအနေကလဲ ဒီရက်များတွင် တီးတိုးတစ်မျိုးကျယ်ကျယ်တစ်မျိုး ပြောစရာ သတင်းတစ်ခုဖြစ်ခဲ့သည်။

ယန်မိသားစုရှိ ၀ါရင့်သိုင်းသမားကြီးများအားလုံး သိရှိထားကြသည်မှာ
ရှာမိသားစုသည် အရင်ကလည်း သူတို့၏ ပါရမီရှင် သိုင်းသမားတစ်ယောက်ထံတွင် ရှာစင်းယန်ကြုံတွေ့ရသော ပြသနာမျိုး ကြုံခဲ့ဖူးပြီဖြစ်သည်။
ထိုစဉ်က ရှာမိသားစု၏ အကူအညီတောင်းမှုကြောင့် ခိုင်ရာပင်လယ်ပြင်ရှိ အင်အားကြီး သုံးခု ပူးပေါင်းကာ အဖြေရှာခဲ့ကြသော်လည်း လက်လျှော့လိုက်ရပြီး ထိုသိုင်းသမားသာ သေဆုံးသွားခဲ့သည်။

ရှာရှင်းချွမ်က ရှာစင်းယန်ကို အင်မော်တယ်ကျွန်းသို့ ခေါ်လာစဉ်က သူသည်လည်း တော်တော် ပြသနာရှာလိုက်သေးသည်။
ထို့ကြောင့်လဲ ယန်မိသားစုရှိ သိုင်းသမားအားလုံးသည် ရှာမိသားစု၏ အဖိုးတန်ရတနာလေးဖြစ်သော ရှာစင်းယန်ထံတွင် ကုသလို့မရနိုင်သော ဒဏ်ရာခံစားနေရသည်ကို သိရှိခဲ့ကြပြီးဖြစ်သည်။
သူတို့အားလုံးပင် ရှာစင်းယန် ပြန်လည်နိုးထလာလိမ့်မည်ဟု မမျှော်လင့်ခဲ့ကြပါ။

ဒါပေမဲ့ ယခု…

ရှီယန်နှင့် ရှာစင်းယန်က ပုခုံးချင်းယှဉ်လျှက် ထွက်လာကြလေပြီ။
ဒါက လူအားလုံးကို အံ့အားသင့်စေကာ ပြောစရာစကားမရှိ ဖြစ်သွားစေသည်။

ခိုင်ရာပင်လယ်ပြင်၏ အင်အားစုကြီး သုံးခုပေါင်း ဖြေရှင်း၍မရသော ပြသနာကို ယခု ရှီယန်တစ်ယောက်ထဲက ဖြေရှင်းပေးလိုက်လေပြီ…။
ရှာစင်းယန် ပြန်လည်နိုးထလာစေရန် သူဘာနည်းလမ်းသုံးခဲ့လဲ ဘယ်သူမှမသိပါ။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Tempat cerita menjadi hidup. Temukan sekarang