340

614 91 0
                                    

Chapter 340: အနာဂါတ်၏ အရှင်သခင်

ဓါးတစ်ထောင်တောင်ထိပ်တွင်...

ဂူရှာအို၊ ယုချင်၊ ချောင်ကျီလန်းနှင့် မန်ဂူတို့သည် သလင်းပြားပေါ်ရှိ ပုံရိပ်များကို ငေးကြောင်ကြည့်နေကြသည်။ သူတို့အားလုံး၏ မျက်နှာများသည် ထုံကျင်နေဟန်တူသည်။

အချိန်အကြာကြီးမှ အကြာကြီး တိတ်ဆိတ်နေကြသည်။

သလင်းပြားပေါ်မှ မြင်ကွင်းများသည် အဖြစ်အပျက်အားလုံးကို ကောင်းကောင်းမြင်တွေ့ရန်ရှင်းလင်းပြတ်သားပါသည်။

အားလုံးပင် ရှီယန်၏ ဓါးနီကြီး ရုတ်တရက် ပေါ်လာသည်ကို မြင်တွေ့ကြရသည်။

ဓါးချက် တစ်ချက်ဖြင့် မိစ္ဆာသခင် မာချီကျဲ၏ လက်မောင်းတစ်ဖက် ပြတ်ထွက်သွားပြီး ဆိုးဆိုးဝါးဝါး ဒဏ်ရာရသွားသည်ကိုလည်း မြင်လိုက်ကြရပါသည်။

ထိုပုံရိပ်သည် လူအားလုံး၏ နှလုံးသားတွင် ထွင်းထုထားလိုက်သလို စွဲမြဲသွားခဲ့ပြီဖြစ်သည်။

ဘယ်သူမှ လွယ်လွယ်နှင့် မေ့ပျောက်နိုင်တော့မည်မဟုတ်ချေ။

မာချီကျဲ....

လေးခုမြောက် မိစ္ဆာနယ်မြေ၏ စွမ်းအားမြင့် မိစ္ဆာသခင်....

ကြောက်မက်ဖွယ်ရာ မိစ္ဆာဆေဘာကြီး....

အလွန် ၀ံ့ကြွားပြီး အလွန် ကြောက်မက်ဖွယ်ရာကောင်းလှသည့် ပုံရိပ်။

မြင်ကွင်းကို ကြည့်နေသူအားလုံးပင် မာချီကျဲ ဆွဲကိုင်ထားသော မိစ္ဆာဆေဘာကြီးသည် မည်မျှ ခမ်းနားကြီးကျယ်လှသော ခွန်အားကို ထုတ်ပြသည်ကို တွေ့မြင်ကြရပြီးဖြစ်သည်။

ဂူရှာအိုနှင့် ယုချင်သည် ကိုယ့်ရင်ဘတ်ကိုယ် ဖိထားလျှက်ရှိကြသည်။

သူတို့ကိုယ်သူတို့လည်း ပြန်မေးနေမိသည်။

အကယ်၍ မာချီကျဲနှင့် ရင်ဆိုင်နေရသည်က သူတို့ကိုယ်တိုင် ဖြစ်ခဲ့လျှင်ကော....

သေချာပါသည်။ ကိုယ်လွတ်ရုန်းပြေးရန်ကလွဲပြီး တခြားမရှိပါ။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Where stories live. Discover now