288

644 100 0
                                    

#သတ်ဖြတ်သူသွေးနတ်ဘုရား (ရှီယန်)
God of Slaughter (chapter  288)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၂၈၈) နတ်မင်းသုံးပါးဂိုဏ်း၏ ဖိတ်ကြားမှု

အကာအကွယ် ၀င်္ကဘာ၏ အပြင်ဘက်

တိရှန်းက သူ့ရှေ့ရှိ လူနှစ်ယောက်ကို အေးတိအေးစက် စိုက်ကြည့်နေရင်း ခပ်တည်တည် မတ်တပ်ရပ်နေသည်။

ယုချင်နှင့် ဂူရှာအိုသည် အချင်းချင်း တီးတိုးတိုင်ပင်ဆွေးနွေးနေကြသည်။
သူတို့၏ အမူအယာမ်ားက အမျိုးမျိုး ပြောင်းလဲနေကြသည်။
သူတို့၏ မျက်လုံးများက ခန့်မှန်းရခက်သော အလင်းရောင်များ ထွက်ပေါ်နေပြီး တင်းကြပ်စွာ မျက်မှောင်ကြုတ်ထားကြသည်။
သူတို့က ဒေါသထွက်နေကြသည်မှာ သိသာလှသည်။

၀င်္ကဘာအတွင်းတွင်တော့

အံ့အားသင့်နေသော မျက်နှာဖြင့် ယီတျန်းမိုက သစ်သားအိမ်အပြင်ဖက်တွင် ရှိနေသည်။
နှိုင်းယှဉ်ဖော်ပြရန် ခက်ခဲသော အလှတရားနှင့် မိန်းကလေးသည် ရှီယန့်ကို ညှို့ငင်ဆွဲဆောင်နေသည်ကို ငေးကြည့်နေမိခြင်းဖြစ်သည်။

ထိုအခန်းထဲတွင် ဟွာမန်၊ ဟောင်နန်၊ ဂူလင်းလောင်၊ ဖန်ကျိ၊ ချူးယန်ချင်းနှင့် ဂူလင်းလောင်တို့တစ်အုပ်ကြီးသည် မျက်နှာထားများ တစ်မျိုးကြီးဖြစ်နေကြသည်။
သူတို့က ချောင်ကျီလန်းကို အူကြောင်ကြောင်ဖြင့် ကြည့်နေကြသည်။
လူစွမ်းကောင်းစာရင်းတွင် အဆင့်သုံးစာရင်း၀င်၊ ချောင်မိသားစု၏ အနာဂါတ် မျိုးဆက်သစ်ခေါင်းဆောင် ဂုဏ်ရည်မြင့်မားသော အမျိုးသမီးလေး။
ယခု သူမ နှုတ်မှ ထွက်လာသော စကားများသည် အျခားသူမ်ား၏ နားထဲတွင် ကန့်လန့်ကြီးဖြစ်နေသည်မှာ မဆန်းပါချေ။

သူမသူမ တကယ်ပြောနေတာလား။

အရှေ့ပင်လယ်၏ မရေမတွက်နိုင်သော လူငယ် မျိုးဆက်သစ်များ၏ နတ္ဘုရားမ။
သူမက သူမကိုယ်တိုင် ရှီယန့်ကို မင်္ဂလာကိစ္စ ကမ်းလှမ်းနေသည်လော။

ဟွာမန်နှင့် ဟောင်နန်တို့သည် အချင်းချင်းကြည့်ကာ မေးငေါ့ပြကြသည်။
သူတို့ ကြားရသည့်စကားများသည် အမှန်တကယ်ဟုတ်မဟုတ်ပင် သံသယရှိနေကြဟန်တူသည်။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Where stories live. Discover now