290

696 103 2
                                    

Chapter 290: နဂါးဦးချိုကလန်၊ မိစ္ဆာသခင် မာချီကျဲ

ဆီးနှင်းများ အဆက်မပြတ်ကျဆင်းနေသည်။
ခိုက်ခိုက်တုန်အောင် အေးစက်သော လေထုထဲတွင် နှင့်ပွင့် နှင်းလွှာများ အလွှာလိုက်  အထပ်လိုက်ဖြင့် နှင်းနဂါးတောင်ထိပ်သည် နှင့်ဝတ်ရုံလွှာကို ခြုံလွှမ်းထားသကဲ့သို့ပင်ဖြစ်သည်။

တောင်ခြေမြို့ထဲရှိ အိမ်များသည်လည်း ခပ္ထူထူ ရေခဲလွှာများ ဖုံးအုပ်နေသည်။
အိမ်ခေါင်မိုးများတွင်ပင် ရှည်လျားသော ရေခဲချွန်များ ခိုတွဲနေပြီဖြစ်သည်။

လေးထပ် သစ်သားအိမ်ထဲတွင်
ဟုချင်းမန်သည် နှင်းမြေခွေး သားမွှေးအနွေးထည် ထူထူကို ၀တ်ဆင်ထားသည်။
သူမက အလိုလိုပင် လက်ဖ၀ါးနှစ်ဖက်ကို ပွတ်သပ်နေမိရင်း သက်ပြင်းချလိုက်သောအခါ ခံတွင်းမှ အခိုးအငွေ့များ အပြင်သို့ တိုးထွက်လာသည်။
ရာသီဥတုကလဲ. ဘာဖြစ်လို့ ဗြုန်းစားကြီး တအားအေးသွားတာလဲမသိဘူး

သစ်သားအိမ်လေးတွင် အခုတော့ လူသုံးယောက်သာရှိတော့သည်။
ဖန်ကျိ၊ ဟုချင်းမန်နှင့် ချောင်ကျီလန်း။
အျခားလူမ်ားကေတာ့ ရှီယန်၏ သဘောတူညီချက်ဖြင့် ဂူရှာအိုနှင့် ယုချင်တို့က ခေါ်ဆောင်သွားကြပြီဖြစ်သည်။

ဖန်ကျိက သားမွှေးအနွေးထည် ကို ဆွဲစေ့လိုက်ရင်း တောင်ထိပ်သို့ မော့ကြည့်နေသည်။
သူက မျက်မှောင်ကြုတ်နေရင်းဖြင့်
မနေ့ညကမှ ကျွန်းအပူချိန်ဟာ အကြောင်းမရှိပဲ တောက်လျှောက်ကျဆင်းလာတာပဲဒါက သဘာဝမက်ဘူး

အခုအချိန်မှာတော့ ချောင်ကျီလန်း၏ မျက်နှာလေးက ပြန်လည်တည်ငြိမ်နေပြီဖြစ်သည်။
သူမက ယောင်ယောင်လေး ပြုံးလိုက်ရင်း
ဒါက ရှီယန်နဲ့ ပတ်သက်နေလိမ့်မယ်ပုံမှန်အတိုင်းဆို အပူချိန်က ရုတ်တရက်ကြီး ထိုးကျစရာအကြောင်းမရှိဘူးသူတို့ ကျွန်းပေါ်မှာ ဘာလုပ်နေကြတာလဲမသိပေမဲ့ ထူးခြားတာ တစ္ခုခု ဖြစ်လာတော့မှာသေချာတယ်

အစ္မ ချောင်နင် ရှီယန့်ကို တျခား နင်တွေ့ဖူးတဲ့လူတွေထက် သာတယ်လို့ တကယ်ထင်တာလား
ဟုချင်းမန်က သားမွှေးအနွေးထည်၏ လည်ပင်ကို ဆွဲထောင်လိုက်ရင်း မေးသည်။
ယန်မိသားစုနဲ့ ငါတို့တစ်တွေဟာ ရန်သူတွေဖြစ်နေတုန်းပဲဆိုတာ နင်သိသားနဲ့

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Where stories live. Discover now