အပိုင်း ၂၀၄

1.7K 172 1
                                    

God of Slaughter (chapter - 204)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၂၀၄) အင်မော်တယ်ကျွန်း

မြူခိုးတိမ်ငွေ့များ ရစ်ဆိုင်းနေပြီး မျက်စိတစ်ဆုံး ကျယ်ပြန့် ကြီးမားလှသော ကျွန်းကြီးသည် ခရမ်းပြာရောင် ပင်လယ်ပြင်ထက်တွင် တိတ်ဆိတ်စွာ လွင့်မျောနေသည့်အလားပင်ဖြစ်သည်။

ကျွန်းပေါ်တွင်ထီးထီးမားမားတည်နေသော တောင်ကြီးများက မိုးသို့ ထိုးနေကြသည်။

အပေါ်ဆီးမှ ငုံ့ကြည့်လျှင် စိတ်ဝိညာဉ်စွမ်းအင်ရိပ်သိမ်းရာလယ်ကွင်းများကို ကျွန်းတစ်ခုလုံး နေရာအနှံ့အပြားတွင် တွေ့မြင်နိုင်သည်။
မရေမတွက်နိုင်သော ဆေးဖက်ဝင် သစ်ပင်များလဲ ပေါက်ရောက်လျှက်ရှိသည်။
များပြားလှသော ရှားပါး ထူးဆန်းသည့် သားရဲကြီးများလဲ ကျွန်း၏ နေရာတိုင်းတွင် ဖြန့်ကျက်လျှက်ရှိနေကြသည်။

အားကောင်းလှသော စိတ်ဝိညာဉ်စွမ်းအင်များက အဆက်မပြတ်စီးဆင်းနေသည့် ရေနှယ် ကျွန်းကို လည့်ပတ်လျှက်ရှိသည်။
သဘာဝစွမ်းအင်များလည်း အံ့မခန်း ပြည့်နှက်နေသည်။ကျွန်းပေါ်သို့ မဆင်းရသေးမီပင် လေရှူရသည်မှာ လန်းဆန်းလတ်ဆတ်သော ခံစားမှုကို ပေးစွမ်းပြီး လူများကို သက်တောင့်သက်သာဖြစ်စေသည်။

ကျွန်းကြီးက အလွန်အင်မတန် ကြီးမားလှသည်။
Merchant တိုင်းပြည် တစ်ပြည်လုံးထက်ပင် အဆပေါင်းများစွာ ကျယ်လိမ့်ဦးမည်ဖြစ်ပြီး ဒါက ကျွန်းတစ်ကျွန်းတင်မကပါ ကုန်းမြေတိုက်ကြီးတစ်ခုလုံး၏ အစိတ်အပိုင်းတစ်ခုပင်ဖြစ်ပါသည်။

ခေါင်းနှစ်လုံး နဂါးကြီးပေါ်တွင် ထိုင်နေရင်း ရှီယန်က အဆုံးကို လှမ်းမမြင်နိုင်သော်လည်း အဝေးကို ငေးမျှော်ကြည့်နေမိသည်။
သူမြင်သမျှကတော့ အဆုံးအစမဲ့ တောင်စဉ်တောင်တန်းများပင်ဖြစ်သည်။
တောင်ထွတ် တစ်ခုချင်းစီတိုင်းတွင် လူရိပ်လူယောင်များကို မြင်တွေ့နိုင်သည်။

"ဒါ အင်မော်တယ်ကျွန်းပဲ...."
ယန်မူက ပြုံးနေသည်။
သူက မိစ္ဆာစွမ်းအင်များ ဖုံးလွှမ်းနေသော နေရာတစ်နေရာကို လက်ညှိုးညွှန်ပြရင်း ရှီယန့်ကို ရှင်းပြသည်။
"အဲ့ဒီနေရာဟာ လေးခုမြောက်မိစ္ဆာနယ်မြေကိုသွားတဲ့ ကောင်းကင်ဘုံတံခါးဝနေရာပေါ့...မိစ္ဆာနယ်မြေသားတွေနဲ့ တိုက်ပွဲဖြစ်ပွားနေတာလဲ အဲ့ဒီဧရိယာမှာပဲ...တကယ်ဆို အဲ့ဒီနေရာတစ်ဝိုက်မှာမိစ္ဆာနယ်သားတွေကို တွေ့မြင်ရတတ်တယ်...သူတို့က အဆက်မပြတ် တိုက်ခိုက်နေကြတာလေ...ဒါပေမဲ့ တော်တော်လေးလဲ ဆုံးရှုံးကြတယ်...အခုလောလောဆယ်တော့ ယာယီ အတိုက်အခိုက် ရပ်စဲထားကြပြီး ဘာပြသနာမှ ရှာမလာကြသေးဘူး..."

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Where stories live. Discover now