367

598 94 0
                                    

Chapter 367: နတ်ဘုရားဝိညာဉ်ဖြူနှင့် လျှို့ဝှက်ရတနာ

ခရမ်းရွှေကွက် စပါးကြီးမြွေ ရှစ်ကောင်သည် ခေါင်းကြီးများ ထိုးကာ အမြီးကြီးများ ရမ်းကာဖြင့် ရှီယန့်ရှိနေသော ကမ်းပါးယံပေါ် တစ်ဟုန်ထိုး လျှောတိုက် တက်လာကြသည်။

ဦးခေါင်းထဲ မြုပ်ဝင်နေသော မျက်လုံးများက ကြောက်စရာကောင်းအောင် တောက်ပနေကြပြီး ရှီယန့်ကို ဒေါသတကြီး ကြည့်နေကြသည်။

ရှီယန်က အေးစက်စက် နှာခေါင်းရှုံ့လိုက်ရင်း နေရာတွင်ပင် ရပ်တန့်နေလိုက်ပြီဖြစ်သည်။

သူတစ်ယောက်တည်း ထို မြွေကြီး ရှစ်ကောင်နှင့် တိုက်ခိုက်ရမည်ဆိုလျှင်တော့ အကုန်လုံးကို သတ်နိုင်ရန် မသေချာသော်လည်း ထိုလူငါးယောက်နှင့်ဆိုလျှင်တော့ ကိစ္စမရှိတော့ပါ။

သူတို့၏ စွမ်းရည်များက ခန့်မှန်းရခက်လောက်အောင် နက်ရှိုင်းကြသောကြောင့် အခြေအနေက ကွာခြားသွားပြီဖြစ်သည်။

ဟုတ်ပါသည်။

အိုင်ရာ၏ ခန္ဓာကိုယ်လေးသည် ဓါးတစ်စင်းပမာ ကြောက်မက်ဖွယ်ရာ အမြန်နှုန်းဖြင့် လွင့်ပျံလာသည်။

သူမက ရှီယန့်ကို ဖြတ်ကျော်သွားပြီးနောက် ထို စပါးကြီးမြွေအုပ်ရှိရာသို့ တိုက်ရိုက်တိုးဝင်သွားသည်။

သူမ၏ သွယ်ပျောင်းသော ကိုယ်လုံးလေးက လေထဲတွင် အနေအထားအမျိုးမျိုးပြောင်းလဲသွားပြီး လူအများကို သူမကို လိုက်မှီရန် မဖြစ်နိုင် ဟူသော ခံစားချက်ကို ပေးသည်။

သူမ၏ လက်ချောင်းများမှ ပြာလဲ့လဲ့အလင်းတန်းများ တိုးထွက်သွားကြသည်။

အလွန် ပျော့ပျောင်းသော အလင်းတန်းများသည် အလွန် ခိုင်ခန့်သော အင်အားများ ပေါင်းစပ်ပါဝင်နေလေသည်။

ပြာလဲ့လဲ့ အလင်းတန်းများက လေထုထဲတွင် တစ်ခုနှင့် တစ်ခု ယက်ဖောက်ယှက်လိမ်သွားပြီးနောက် ပိုက်ကွန်တစ်ခုသဖွယ် စားပါးကြီးမြွေအုပ်၏ အရှေ့မှ ပိတ်ဆည်းထားလိုက်သည်။

တစ်ချိန်တည်းမှာပင် အေးစက်ကြည်လင်သော မန်သွင်းသံတစ်ချက်နှင့်အတူ သူမ၏ ကိုယ်လုံးလေးက အလျားလိုက် တစ်ဖြောင့်တည်းဖြစ်သွားပြီးနောက် သူမ ထုတ်ဖော်ထားသော အလင်းပိုက်ကွန်ကို ဖြတ်ကျော်ကာ စပါးကြီးမြွေများ၏ ဆန့်ကျင်ဘက်အရပ်သို့ ရောက်ရှိသွားသည်။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Where stories live. Discover now