356

608 95 1
                                    

Chapter 356: လမ်းခွဲခြင်း

ချင်မင် ဘယ်တုန်းကမှ ဒီလောက် စိတ်ဓါတ်မကျဖူးခဲ့ချေ။

ဧကရာဇ်အလောင်းဆိုသည်မှာ အလောင်းကောင်ဂိုဏ်း၏ အခြေခံအုတ်မြစ်ပင်ဖြစ်သည်။

ထို့ကြောင့် ဧကရာဇ်အလောင်း၏ အားကြီးမှုသည် အလောင်းကောင်ဂိုဏ်း၏ အားကြီးမှုပင်ဖြစ်သည်။

ထိုအရာရှိနေသောကြောင့် ချင်မင်သည် အရှေ့ပင်လယ်တွင် လွှမ်းမိုးနိုင်စွမ်းရှိသူဖြစ်လာခဲ့ခြင်းဖြစ်သည်။

ဧကရာဇ်အလောင်းကြီးသာမရှိလျှင် ချင်မင်သည် လက်ရှိ အဆင့်အတန်းအထိ တက်ရောက်လာနိုင်မည်မဟုတ်ချေ။

ဧကရာဇ်အလောင်းကြီးသည် သူ့ဘ၀၏ အာမခံချက်တစ်ခုပင်ဖြစ်သည်။

ဧကရာဇ်အလောင်းမရှိလျှင် အလောင်းကောင်ဂိုဏ်းချုပ်ဟူသော ရာထူးသည် မသေချာတော့ပါ။

အလောင်းကောင်ဂိုဏ်း၏ လျှို့ဝှက် စွမ်းအင်ကျင့်ကြံမှုကျင့်စဉ်များသည် ဧကရာဇ်အလောင်းကြီးနဲ့လဲ ပတ်သက်နေသည်။

ဧကရာဇ်အလောင်းကြီးကို ထိန်းချုပ်နိုင်စွမ်းမရှိတော့လျှင် သူ့ အနာဂါတ် စွမ်းအင်ကျင့်ကြံမှုလမ်းစဉ်သည်ပင် မသေချာ မရေရာတော့ပြီဖြစ်သည်။

ဧကရာဇ်အလောင်းကြီး အသိစိတ်ပြန်ဝင်လာခြင်းဆိုသည့် ဖြစ်စဉ်သည် ရှီယန်က သူ့ကို ဓါးနီကြီးဖြင့် ခုတ်သတ်လိုက်သည် ဆိုခြင်းထက်ပင် အဆ တစ်ထောင် မယုံကြည်နိုင်ဖွယ်ရာဖြစ်နေသည်။

ဧကရာဇ်အလောင်းကြီး တဖြည်းဖြည်း အသိစိတ် ပြန်လည်ရရှိလာနေသည်ကို ကြည့်နေရင်း ချင်မင် ရူးမတတ်ဖြစ်လာသည်။

သူ အရာရာ ဆုံးရှုံးသွားခဲ့ပေပြီ။

"မင်း လွတ်လပ်သွားပြီ..."

တောင်ထိပ်တွင်တော့ ရှီယန်က ဓါးနီကြီးကို ကိုင်ထားလျှက်ပင်ရှိသေးသည်။

သူက သူ့အသိစိတ်ကို အဆက်မပြတ်ပို့လွှတ်ရင်း နှစ်ပေါင်း ထောင်သောင်းချီအောင် ငုတ်လျှိုးနေခဲ့သော ဧကရာဇ်အလောင်းကြီး၏ ပင်ကိုယ်အသိစိတ်ကို နှိုးဆွပေးနေသည်။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Where stories live. Discover now