အပိုင်း ၂၁၇

1.4K 161 0
                                    

God of Slaughter (chapter - 217)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၂၁၇) လူစွမ်းကောင်း စာရင်း

ကောင်းကင်ပင်လယ်ပြင်ရှိ အထီးကျန်ကျွန်းလေးတစ်ကျွန်း၏ နံဘေးရှိ ပင်လယ်ရေပြင်သည် တရွှီရွှီမြည်သံများ ထွက်ပေါ်လာသည်။

ပင်လယ်ရေပြာပြာက လှိုင်းတွန့်များ ထသွားပြီးနောက် ငွေရောင်အလင်းစက်များ ၀ဲလည်လှည့်တက်လာသည်။

"ဟူးလားလား....."

ရေပြင်ထက်တွင် ၀ဲကတော့ကြီး ဖြစ်ပေါ်လာပြီးနောက်တွင်တော့ အထဲမှ ဧရာမ သတ္တ၀ါကြီးတစ်ကောင် ထွက်ပေါ်လာလေသည်။

မိစ္ဆာသားရဲငါးကောင် ရေထဲမှ တိုးထွက်ပျံသန်းထွက်လာပြီးနောက် ကျွန်းပေါ်တွင် ဆင်းသက်လိုက်ကြလေသည်။
ယန်မိသားစု သိုင်းသမားများသည်လည်း ရေထဲမှ တဘွားဘွား ပေါ်လာကြပြီး ကျွန်းဖက်ဆီသို့ ကူးခတ်လာကြသည်။

ကောင်းကင်ပြာပြာကြီး၏ အောက်တွင် အဖြူရောင်တိမ်တိုက်များက ဟိုတစ ဒီတစ။
ရှီယန်က ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီးနောက် သူ့ အသိစိတ်ကို တိတ်တဆိတ် ထုတ်ဖော်ကာ ပတ်ဝန်းကျင်တွင် မူမမှန်မှုများ ရှိနေမလား ထောက်လှမ်းကြည့်လိုက်သည်။

သူ၏ အသိစိတ် ဖြတ်သန်းသွားရာတစ်လျှောက်တွင် မည်သည့် သက်ရှိ အရိပ်အယောင်ကိုမျှ မတွေ့ရပါ။
အန္တရာယ်မရှိ။ သူ၏ အသိစိတ်ပင်လယ်က အာမခံနိုင်ပါသည်။

ယန်မိသားစု၏ တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ကို ဒီနေရာမှာ လာဝှက်ထားခြင်းဖြစ်သည်။
ဒီအနီးတစ်ဝိုက်တွင် လူမနေသော ကျွန်းများစွာရှိပြီး ရေအောက်တွင်လဲ ကျွန်းတိမ်များရှိနေကာ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ကို ထိုအောက်တွင် မြှုပ်ထားခြင်းဖြစ်သည်။
ရေအောက်သို့ တော်တော် နက်နက် ငုတ်ကြည့်မှသာ မြင်ရပေလိမ့်မည်။

အထီးကျန်ကျွန်းပေါ်တွင်ရပ်ကာ ရှီယန်က သူ့အသိစိတ်ကို ဖြန့်ကျက်ထောက်လှမ်းနေသည်။
အန္တရာယ်မရှိတာသေချာမှ သူက တစ္ဆေသားရိုင်းကြီးအနီးသို့ သွားကာ မတ်တပ်ရပ်နေလိုက်လေသည်။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Where stories live. Discover now