344

615 97 0
                                    

Chapter 344: ကြယ်တာရာစွမ်းအင်

ရှီယန် ကြယ်တာရာရေကန်ထဲသို့ ခုန်ချသွားသည်။

ကြယ်တာရာရေကန်၏ အလင်းများသည် အရှိန်အဟုန်တစ်ခု၏ ညီညွှတ်မျှတသော လမ်းကြောင်းတစ်ခုအတိုင်း စက်ဝိုင်းပုံ ရွေ့လျားစီးဆင်းနေကြသည်။

မရေမတွက်နိုင်သော ကြယ်တာရာများထံမှ သန့်စင်ရရှိလာသော နို့နှစ်ရောင် ရေစက်ရေပေါက်များသည် ရေကန်ထဲသို့ ညင်သာစွာ ကျဆင်းနေကြသည်။

ရေစက်ရေမှုန်လေး တစ်စက်စီသည် ရေကန်ထဲရှိ ကြယ်တာရာ အလင်းတစ်ခုချင်းစီသို့ ပေါင်းစည်းသွားကြပြီး ပိုမို ကြည်လင်တောက်ပလာစေသည်။

ကြယ်ရေကန်ထဲတွင် စိမ်နေရင်း ရေ၏ အေးစိမ့်မှုကို ရှီယန် ခံစားရသည်။

သူ၏ မွှေးညှင်းပေါက်တိုင်းဆီမှ ကန်ရေများ စိမ့်ဝင်လာသောအခါ အလွန် လန်းဆန်းပြီး အလွန် သက်တေငာ့်သက်သာရှိမှုကို ခံစားရသည်။

ရှီယန်က သတိကိုတော့ လုံးဝ မလွှတ်သေးပါ။

သူကရေကန်ထဲ ခုန်ဆင်းလာသော်လည်း ခုထိ ကြယ်တာရာသိုင်းဝိညာဉ်ကို ဘယ်လို ဖော်ထုတ်ရမည်မှန်း မသိသေးချေ။

သူက တန်းယာနန်ထံ မော့ကြည့်ကာ မေးခွန်းထုတ်သော မျက်ဝန်းများဖြင့် ကြည့်လိုက်သည်။

တန်းယာနန်က ပြုံးရုံသာ ပြုံးနေပြီး ဘာမှ မရှင်းပြချေ။

သူက ရှီယန်သည် ကြယ်တာရာနတ်မင်း၏ အမွေခံဖြစ်သောကြောင့် အလိုလို နားလည်လာလိမ့်မည်ဟု ယူဆသလားမသိချေ။

နတ်မင်းသုံးပါးဂိုဏ်း တပည့်များသည်လည်း နေရာအနှံ့အပြားမှ စုဝေးလာကြကာ ကြယ်ရေကန်တစ်ဝိုက်သို့ ရောက်ရှိလာကြသည်။

သူတို့အားလုံးပင် ရှီယန့်ကို စိတ်ဝင်တစား စောင့်ကြည့်နေကြခြင်းဖြစ်သည်။

လွန်ခဲ့သော နှစ်ပေါင်း ထောင်နှင့်ချီအောင် ဘယ်သူမှ မဖွင့်လှစ်နိုင်ခဲ့သော ကြယ်တာရာသိုင်းဝိညာဉ်ကို ရှီယန် ဘယ်လို ဖွင့်လှစ်မည်လည်း အလွန်စိတ်ဝင်စားနေကြသည်။

ပြီးတော့ ကြယ်တာရာသိုင်းဝိညာဉ် ပွင့်လှစ်သွားလျှင် မည်သို့သော အဖြစ်အပျက်မျိုး ဖြစ်လာမည်နည်း....အားလုံး စောင့်မျှော်နေကြသည်။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Where stories live. Discover now