352

609 81 0
                                    

Chapter 352: မိန်းမတစ်ယောက်ကို နာကျင်စေခြင်း (18+)

ဧကရာဇ် အလောင်းကြီး...

ထို အမွှေးထူမကောင်းဆိုးဝါးကြီးသည် သုံးမီတာခန့် မြင့်မားပြီး ကြီးမားတုတ်ခိုင်သော ကိုယ်ထည်ကြီးရှိသည်။

ဒါက

အလောင်းကောင်ဂိုဏ်း၏ အခြေခံအုတ်မြစ်ဖြစ်သော ဧကရာဇ်အလောင်းကြီးပင်ဖြစ်လေသည်။

ဧကရာဇ်အလောင်းသည် အလောင်းကျွန်များထဲတွင် အမြင့်ဆုံးအဆင့်ဖြစ်သည်။

သူတို့က ရေ၊မြေ၊လေ၊မီး ဒြပ်ကြီးလေးပါးကို ထိန်းချုပ်နိုင်စွမ်းရှိပြီး သံမဏိသဖွယ် မာကျောသော ခန္ဓာကိုယ်က ဓါးများ၊ဆေဘာများ စသော လက်နက်မျိုးစုံ၏ တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိသည်။

ဧကရာဇ် အလောင်းကောင်များသည် နှစ်ပေါင်း ထောင်သောင်းချီအောင် မြေအောက်တွင် အလောင်းပြုပြင်ခြင်းနည်းစနစ်များဖြင့် ဖန်တီးထားခြင်းဖြစ်ပြီး ကိုယ်ပိုင် အသိဥာဏ် ပိုင်ဆိုင်ကြသည်။ မကုန်ခမ်းနိုင်သောအလောင်းကောင်အော်ရာများ ပြည့်ဝနေကြသည်။

ထို့ကြောင့် သူတို့သည် ကမ္ဘာပေါ်ရှိ ကြောက်မက်ဖွယ်ရာအကောင်းဆုံး သက်ရှိထဲတွင် ပါဝင်နေခြင်းဖြစ်လေသည်။

ဧကရာဇ်အလောင်းကြီး ထွက်ပေါ်လာသည်နှင့် လေထုထဲတွင် အလောင်းကောင်ကီများ အဆမတန်သိပ်သည်းလာသည်။

ဧကရာဇ်အလောင်းကြီးနှင့်အတူ မြေအောက်ထဲမှ တိုးထွက်လာကြသည်။

မီးစွယ်ကျွန်းကို အခြား နာမည်တစ်ခုဖြင့်လည်း သိကြသည်။

သင်္ချိုင်းကျွန်း...

တကယ်တော့ ဒီကျွန်းသည် ဂူမိသားစု၏ ရှေးဟောင်း သင်္ချိုင်းမြေကြီးပင်ဖြစ်လေသည်။

ဂူမိသားစု အစဉ်အဆက်တွင် သေဆုံးသွားခဲ့သော သိုင်းသမားများကို ဒီကျွန်းပေါ်တွင် မြှုပ်နှံသည်။

ထို့ကြောင့် ဒီနေရာသည် မရေမတွက်နိုင်သော သိုင်းသမားများ၏ ဂူသင်္ချိုင်းများရှိသည်။

သဘာဝ ဘေးအန္တရာယ်များ အပါအ၀င် နေရောင်ခြည်ပင် မကျရောက်သောနေရာဖြစ်သောကြောင့်လည်း အလောင်းကောင်အော်ရာများက ပျက်ပြယ်မသွားပဲ မြေကြီးအောက်တွင်ပင် တစ်ချိန်လုံး အောင်းနေခဲ့သည်။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Where stories live. Discover now