291

653 101 0
                                    

Chapter 291: လေဟာနယ် ဖြတ်သန်း ကြည့်မြင်ခြင်း

“ခေါင်းဆောင်ကြီး…မာချီကျဲ…”

[…အခု မိစ္ဆာသခင် မာချီကျဲက တစ်ခါ မိုးတိမ်ကျွန်းမှာ ရှီယန်နဲ့ ချခဲ့တဲ့ မိစ္ဆာသခင် မိုဂျိတိုပဲဗျ…ဘာလို့မှန်းမသိဘူး…မူရင်းစာရေးဆရာက နာမည်ပြောင်းလိုက်လို့ ]

“ခေါင်းဆောင်ကြီး မာချီကျဲ”

နားစည်ကို စူးရှစေသော အော်ဟစ်သံတစ်ခုက ကောင်းကင်ထက်ရှိ အမည်းရောင် တိမ်တိုက်များကြားမှ ထွက်ပေါ်လာသည်။

ထို မိစ္ဆာတိမ်ထုများကြားတွင် မျက်လုံးတစ်လုံးထဲ ပါရှိသော မိစ္ဆာနယ်သားတစ်ယောက် ထွက်ပေါ်လာသည်။

သူ့မျက်နှာက အစိမ်းရောင် အစင်းကြောင်းများ ပြည့်နှက်နေပြီး သူ့တစ်ကိုယ်လုံးကလဲ ၀ါးလုံးတစ်ချောင်းလို ပိန်ကိုင်းကာ ထို အနက်ရောင် တိမ်တိုက်များ အကြားတွင် အစိမ်းရောင်အလင်းများ တဖျတ်ဖျတ်လက်နေသည်။

“ခေါင်းဆောင်ကြီး…ကျုပ်တို့ ဘယ်အချိန် ထွက်ကြမလဲ”

ထို မျက်လုံးတစ်လုံးတည်းရှိသော မိစ္ဆာနယ်သားက ရိုကျိုးသော မျက်နှာအမူအယာကို ဖော်ပြကာ လက်နှစ်ဖက်ကို ရင်ဘတ်ရှေ့တွင် ဆုပ်ပြီး အရိုအသေပြုသည်။

သူ့ ခန္ဓာကိုယ်ကတော့ ကောင်းကင်ထက်ရှိ တိမ်တိုက်များကြားတွင်သာ ရှိနေဆဲဖြစ်သည်။

“စီးယင်ကို ပြောလိုက်…အဲ့ဒီမှာ စောင့်နေလို့…”

မာချီကျဲက ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။

မိစ္ဆာအော်ရာ စီးကြောင်းတစ်ခုက ထို တိမ်တိုက်များကြားသို့ တည့်တည့် တိုးဝင်သွားသည်။

ထို အစိမ်းရောင် မိစ္ဆာနယ်သားသည် ခြေကားယားလက်ကားယားဖြစ်ကာ တစ်ပတ်ပြီးတစ်ပတ် လည်ထွက်သွားပြီးနောက် တိမ်ထုများကြားတွင်ပင် ပျောက်ကွယ်သွားလေသည်။

မာချီကျဲက အေးစက်စက် နှာခေါင်းရှုံ့လိုက်ရင်း အရိုးစုစင်မြင့်ကြီးပေါ်တွင် မတ်မတ် ထိုင်ချလိုက်သည်။

ပြီးနောက် သူ့ လက်မောင်းနှစ်ဖက်ကို တဖြည်းဖြည်း ဖြန့်ကားလိုက်သည်။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Where stories live. Discover now