314

625 98 1
                                    

Chapter 314: ခေတ်သုံးခေတ်

ဘိုခွန်း၏ အရိုးစု ကိုယ်ပွားကြီး လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။

ယန်ဘုရင်က မျက်လုံးများမှိတ်ထားဆဲ။

သူ၏ အ၀တ်မဲ့ ခန္ဓာကိုယ်က သီးသန့်ဆန်သော အလင်းရောင်တစ်မျိုး ဖြာထွက်နေသည်။

အချိန်တိုတိုလေး အနားယူလိုက်ပြီးသည်နှင့် သူက ခွန်အားတစ်စိတ်တစ်ပိုင်း ပြန်လည်ပြည့်ဖြိုးလာဟန်တူသည်။သူ၏ ခန္ဓာကိုယ် သန်စွမ်းမှုက သိသာလှသည်။

"အင်ပါယာ ယန်ခန်းဒီ...မင်းက သူခိုးတစ်ယောက်သာသာပါပဲ"

ဘိုခွန်းက အတန်ကြာအောင်တိတ်ဆိတ်သွားပြီးနောက် ရှုပ်ချဟန်ဖြင့်ပြောသည်။

"မင်းရယ်၊ ချောင်မိသားစုရဲ့ ချောင်ချူထောင်ရယ် သိုင်းဝိညာဉ်နန်းတော်ရဲ့ ယန်ယီတျန်းရယ် နတ်ဘုရားဘုရင်ရဲ့ ရုပ်အလောင်းကို မတွေ့ခဲ့ကြရင်၊ နတ်ဘုရားဘုရင်ရဲ့ အင်မော်တယ်သွေးနဲ့ ၀ိညာဉ်အကြွင်းအကျန်ကို မရရှိခဲ့ကြရင် မင်းက ဒီလို စိတ်ဝိညာဉ်ပထမအဆင့်လောက်နဲ့ ငါ့ကို အံတုနိုင်ပါ့မလား"

ယန်ဘုရင်က နှုတ်ဆိတ်လို့သာနေဆဲဖြစ်သည်။

"လွန်ခဲ့တဲ့ နှစ်တစ်ရာလောက်က မင်းရယ် ချောင်ချူထောင်ရယ် ယန်ယီတျန်းရယ်ဟာ နီဗားနားအဆင့် သိုင်းသမားလေးတွေလေ...ဒါပေမဲ့ မင်းတို့ သုံးယောက်က ကြီးကြီးမားမား ကံကောင်းခဲ့ကြတယ်...မငြိမ်မသက်ဖြစ်နေတဲ့ လေဟာနယ်ထဲမှာ လမ်းပျောက်ခဲ့ကြပြီး သေမလို ဖြစ်ခဲ့ကြပြီးမှ အာကာသအက်ကွဲကြောင်းတစ်ခုထဲမှာ နတ်ဘုရားဘုရင်ရဲ့ သင်္ချိုင်းကို ရှာတွေ့ခဲ့ကြတယ်... မင်းနဲ့ ချောင်ချူထောင်က နတ်ဘုရားဘုရင်ရဲ့ အင်မော်တယ်သွေးကို တစ်ဝက်စီ သောက်ခဲ့ကြရပြီး ယန်ယီတျန်းကတော့ နတ်ဘုရားဘုရင်ရဲ့ ၀ိညာဉ်အကြွင်းအကျန်ကို ရသွားတယ်...ဒါဟာ မင်းတို့သုံးယောက် အရှေ့ပင်လယ် အင်အားကြီးတွေ ဖြစ်လာခဲ့ရတဲ့ အကြောင်းအရင်းပဲ....မင်းတို့သုံးယောက်ကို ဒဏ္ဍာရီတွေ ဖြစ်စေခဲ့တဲ့ အကြောင်းအရင်းပဲ..."

"နတ်ဘုရားဘုရင်ရဲ့ အလောင်းကြောင့်သာမဟုတ်ရင် မင်းတို့က ပုန်ကန်ထကြွနိုင်ပါ့မလား...နှစ်ပေါင်းတစ်ရာလောက်နဲ့ ငါ့ကို ဆန့်ကျင်နိုင်တဲ့အထိ အင်အားကြီးထွားလာပါ့မလား"

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Donde viven las historias. Descúbrelo ahora