399

586 85 0
                                    

Chapter 399: ခေါင်းဆောင်အားလုံးထဲတွင် ဇူခွားက နီဗားနား တတိယအဆင့်သို့ ရောက်ခါစဖြစ်ပြီး ထိုအဆင့်နှင့် အသားမကျသေးချေ။ လောင်လီနှင့်လောင်လွန်တို့ကိုပင် ယှဉ်နိုင်ဖို့မရှိပဲ ဇူရှီပြီးလျှင် သူက အားအနည်းဆုံးဖြစ်သည်။ယခုလို သဘာဝအန္တရာယ်လေးမျိုးပေါင်းဆုံကာ မုန်တိုင်းဆင်နေချိန်မျိုးတွင် ဇူခွားအနေဖြင့် မရပ်တည်နိုင်လောက်အောင်ပင် ဖြစ်နေသည်။သူ့ အ၀တ်အစားများက စုတ်ပြတ်နေပြီး သူ့ခန္ဓာကိုယ်မှ အပြာရောင် အလင်းသည်လည်း မှိန်ဖျော့နေပြီဖြစ်သည်။သဘာဝအန္တရာယ်လေးမျိုး၏ တိုက်စစ်ဆင်မှုအောက်တွင် သူ့အသွင်အပြင်က ယခုပင် ကျိုးပြတ်ထွက်သွားတော့မည့် ၀ါးပင်တစ်ပင်ပမာဖြစ်နေသည်။သူ၏ စွမ်းအင်ကျင့်ကြံမှုအဆင့်သည် ယခု ဘေးအန္တရာယ်ကို ဖြတ်ကျော်ရန် မဖြစ်နိုင်ပါ။ရှီယန်က ရှေ့သို့ အတင်းတိုးဝင်လာပြီး ဇူခွား၏ လက်မောင်းကို ဆွဲကာ အားကုန် ဆွဲထုတ်လိုက်သည်။ထူးဆန်းသော စွမ်းအင်စီးကြောင်းများ ဖြာထွက်လာသည်။ထိုအခိုက်အတန့်တွင် ရှီယန်သည် အဆုံးအစမဲ့သော ခွန်အားကို ပိုင်ဆိုင်ထားသကဲ့သို့ပင်။ဇူခွားသည် အန္တရာယ်လေးမျိုးအကြား ကျရောက်နေပြီဖြစ်သော်လည်း သူက ရောက်အောင်လာကာ ဆွဲထုတ်ပြီး ရေကန်အလယ်သို့ လွှင့်ပစ်လိုက်နိုင်သည်။ရေကန်အလယ်တွင် အခြား သိုင်းအဖွဲ့များသည် အလောင်းကောင်လှေကားထစ်များပေါ်တက်ရန် စုဝေးနေကြသည်။ဇူခွားက ရေကန်အလယ်သို့ ကျလာသည်နှင့် ချက်ခြင်းပင် ထိုလူများအကြား ၀င်ရောက်သွားကာ တုံ့ဆိုင်းမနေပဲ လှေကားထစ်များပေါ်သို့ တက်သွားသည်။ချီရှောင်းသည် ကောင်းကင် ဒုတိယအဆင့် စွမ်းအင်ကျင့်ကြံမှု အခြေရှိသူဖြစ်သည်။ဘေးအန္တရယ်များ၏ လွှမ်းမိုးမှုအောက်တွင် သူက ရုန်းကန်နေရသော်လည်း အလောင်းကောင်လှေကားဆီသို့ တရွေ့ရွေ့ တိုးကပ်သွားနိုင်သေးသည်။တစ်ချက် အကဲခတ်လိုက်ပြီးနောက် ချီရှောင်းအနေဖြင့် ရေကန်အလယ်သို့ရောက်ရန် ပြင်ပအကူအညီမလိုကြောင်း ရှီယန်သိလိုက်သည်။ပြီးနောက် ရှီယန်က ခန္ဓာကိုယ်ကို ကွေးညွှတ်ကာ မြောက်များစွာသော ခွန်အားများ ပေါက်ကွဲထွက်ပေါ်စေပြီး လောင်လီနှင့် လောင်လွန်ထံ လျှောက်သွားသည်။ရှီယန် ရောက်လာသည်ကို တွေ့သောအခါ ညီအစ်ကိုနှစ်ယောက်၏ မျက်လုံးများက တောက်ပ၀င်းလက်သွားကြသည်။သူတို့ အလွန် ၀မ်းသာသွားကြပါသည်။သူတို့နှစ်ယောက်သည်မြင့်မြတ်ခြင်းကုန်းမြေဒေသမှဖြစ်သော်လည်း သူတို့ စွမ်းအင်အဆင့်က သာမန်တန်းသာဖြစ်သောကြောင့် မှော်ရတနာ များများစားစား မပိုင်ဆိုင်ကြပါ။ထို့ကြောင့် သူတို့က ဘေးအန္တရာယ်လေးမျိုးကို ဒီအတိုင်းသာ ဆက်လက်ရင်ဆိုင်နေရလျှင် အားပြတ်ကာ သေဆုံးသွားနိုင်သည်။ထို့ကြောင့် ရှီယန် သူတို့ဆီလာနေသည်ကို မြင်ရသောအခါ အလွန် ကျေးဇူးတင်သွားကြခြင်းဖြစ်သည်။ထိုအခိုက်အတန့်တွင် ညီအစ်ကိုနှစ်ယောက်က ရှီယန်နှင့် အိုင်ရာကို အလိုအလျှောက် နှိုင်းယှဉ်မိကြသည်။ရှီယန်သည် ကိုယ်လွတ်ရုန်းရန် အခွင့်အရေးရှိနေပါလျှက် အန္တရာယ်ကြားတွင် ကိုယ့်အဖွဲ့သားများကို စွန့်ပစ်မထားခဲ့ပါချေ။"သွား..."ရှီယန်က အော်ဟစ်လိုက်သည်။သူ့လက်နှစ်ဖက်က ဝှေ့ယမ်းသွားသောအခါ ထူထပ်နက်ရှိုင်းသော ခွန်အားများ သူ့လက်မောင်းနှစ်ဖက်တွင် သိပ်သည်းလာသည်။ရှီယန်က သူတို့နှစ်ယောက်စလုံးကို တစ်ပြိုင်နက်တည်း ဆွဲယူလိုက်သည်။သူ့ ခန္ဓာကိုယ်သည် ဒေါသမုန်တိုင်း ဒုတိယအဆင့်သို့ ရုတ်တရက် ၀င်ရောက်သွားသည်။ယခု သူ့ ခန္ဓာကိုယ်တစ်ခုလုံးရှိ ခွန်အားသည် ထို အားကောင်းပါသည်ဆိုသော ကောင်းကင်တတိယအဆင့် သိုင်းသမားများကို စိန်ခေါ်နိုင်နေပြီဖြစ်ကြောင်း သူ ခံစားမိသည်။ရှီယန်က လောင်ညီအစ်ကိုနှစ်ယောက်ကို တစ်ဖက်တစ်ချက်စီ ဆွဲကာ ခွန်အားအပြည့်ဖြင့် ရေကန်အလယ်သို့ ပြန်လည်လျှောက်လှမ်းလာသည်။ထိုအချိန်တွင် ချီရှောင်းသည် ရေကန်အလယ်သို့ ရောက်နှင့်နေပြီဖြစ်သည်။ရှီယန်က ညီအစ်ကိုနှစ်ယောက်ကို အလွယ်တကူပင် ဆွဲခေါ်လာသည်ကို မြင်လိုက်ရသည်။ညီအစ်ကိုနှစ်ယောက်သည်လည်း အလိုက်သင့် ထိန်းကာ လိုက်ပါလာကြသည်။ရှီယန်က သူတို့ကို ရေကန်အလယ်သို့ တွန်းပို့လိုက်သည်နှင့် ညီအစ်ကိုနှစ်ယောက်သည် အချိန်မဆိုင်းပဲ တံတားပေါ်သို့ တက်ရောက်သွားကြသည်။ရေကန်အလယ်သို့ ရောက်အောင်မလာနိုင်ကြသော သိုင်းသမားများထံမှ ဆိုးဆိုးဝါးဝါး အော်ဟစ်သံများကြားနေရသည်။တစ်စုံတစ်ယောက်သည် သဘာဝအန္တရာယ်များကြား နစ်မြုပ်သွားသောအခါ အကာအကွယ်ရတနာများသည်လည်း ကြာကြာ မခုခံနိုင်ကြပါ။ကယ်တင်မည့်သူမရှိလျှင် သူ၏ ခုခံမှု ကျိုးပျက်သွားသည်နှင့် အန္တရာယ်လေးမျိုးသည် သူ့ထံကျတိုက်ရိုက် ကျဆင်းလာမည်ဖြစ်သည်။လေဓါးသွားများ၏ ပိုင်းဖြတ်ခံရခြင်း၊လောင်မီးကျကာ ပြာဖြစ်သွားခြင်း၊ ၀ိညာဉ်ပင် ပြိုကွဲသွားသည်အထိ မိုးကြိုးပစ်ခံရခြင်းနှင့် ရေခဲတုံးဖြစ်သည်အထိ အေးခဲသွားခြင်းများကို တစ်ခုမဟုတ် တစ်ခု ကြုံတွေ့ရမည်ဖြစ်သည်။အကုန်လုံးသည် ဆိုးဝါးသော သေဆုံးခြင်းများသာဖြစ်လေသည်။ထိုအတိုင်းပင် လူဆယ်ယောက်ခန့် ထပ်မံသေဆုံးသွားပြီဖြစ်သည်။သူတို့က ရေကန်အလယ်သို့ ရောက်အောင်မလာနိုင်သောအခါ အလောင်းကောင်တံတားကို တက်ခွင့်မရတော့ချေ။ရှီယန်က ပတ်ဝန်းကျင်ကို သေသေချာချာ စူးစိုက်လေ့လာလိုက်သည်။အလောင်းကောင်တံတား၏ အောက်ခြေ ငါးမီတာပတ်လည်သည် သဘာဝဘေးအန္တရာယ်များ မသက်ရောက်ကြောင်း သတိပြုမိသည်။ချီရှောင်းသည်လည်း ထိုနေရာသို့ ရောက်နေပြီးဖြစ်ရာ သူ့ခန္ဓာကိုယ်တွင် ဖုံးအုပ်နေသော မီးခိုးလုံးများလည်း ပျောက်ကွယ်သွားပြီဖြစ်သည်။သူက အန္တရာယ်ကင်းသွားပြီဖြစ်သောကြောင့် ခွန်အားကို ဆက်လက်ဖြုန်းတီးစရာ မလိုတော့ပေ။ရှီယန်က စိတ်သက်သာရာရသွားပြီး သက်ပြင်းချလိုက်သည်။သူက ကျိယီရှိရာဘက်သို့ လှည့်လိုက်လေသည်။ထိုအချိန်တွင် ကျိယီ၏ ၀တ်စုံက သူမ၏ ခန္ဓာကိုယ်လေးမှထွက်သော ချွေးတို့ဖြင့် ရွှဲနစ်လို့နေသည်။သူမ ဒုက္ခရောက်နေပါသည်။ ချွေးသီးချွေးပေါက်များ စီးကျနေသည့်မျက်နှာလေးသည် ထိတ်လန့်ခြောက်ခြားမှုများနှင့် ပြည့်နှက်နေပြီး အားကုန်ထုတ်ကာ သဘာဝအန္တရာယ်များကို ခုခံနေရသည်။ကျိယီ၏ ခန္ဓာကိုယ်တစ်ဝိုက်တွင် ရောင်စုံဖဲကြိုး ဆယ်စခန့် ပျံဝဲလှည့်ပတ်နေသည်။တစ်ခုချင်းစီတွင် ပါဝင်နေသော စွမ်းအင်များက သူမ၏ ခန္ဓာကိုယ်လေးကို သဘာဝအန္တရာယ်များကြားမှ ကာကွယ်ပေးထားသည်။သို့သော်လည်း သဘာဝအန္တရာယ်လေးမျိုးအောက်တွင် သူမ၏ ဖဲကြိုးစများ တစ်ခုပြီးတစ်ခု အပိုင်းပိုင်းပြတ်နေပါသည်။ဖဲကြိုးတစ်စ ပျက်စီးသွားတိုင်း ကျိယီ၏ မျက်နှာလေးက ပျက်ပျက်လို့လာသည်။သူမသည် အမှန်တကယ် ကြောက်ရွံ့နေပြီဖြစ်သည်။ထို ဖဲကြိုးစများသည် သူမ၏ အသက်ကယ် စွမ်းအင်စက်ကွင်းများဖြစ်ဟန်တူသည်။ဖဲကြိုးစများ အကုန်ပျက်စီးသွားလျှင် သူမသည် အန္တရာယ်လေးမျိုးအကြား စုန်းစုန်းမြုပ်သွားပေတော့မည်။ရှီယန်က သူမကို အေးတိအေးစက်သာ စိုက်ကြည့်နေဆဲဖြစ်သည်။သူ့မျက်လုံးတွင် အနည်းငယ် ဆုတ်ဆိုင်းနေဟန်များ ဖြစ်ပေါ်နေသည်။ကျိယီနှင့် အိုင်ရာတို့ နှစ်ယောက်စလုံးပင် ထိန်းချုပ်ရခက်ခဲသူများဖြစ်သည်။အိုင်ရာ၏ ထင်မှတ်မထားသော လှည့်ကွက်သည် သူ့ကို ပို သတိကြီးစေသည်။သူသည် ကျိယီကိုလည်း အိုင်ရာနှင့် အတူတူပဲဟု စဉ်းစားမိနေပြီဖြစ်သည်။အခု ကျိယီကို ကယ်လိုက်လျှင် နောက်ပိုင်း အိုင်ရာ့လမ်းစဉ်ပဲ လိုက်လေမည်လား သူ တွေဝေနေသည်။ရေဘ၀ဲကြီးနှင့် ရင်ဆိုင်ရစဉ်တုန်းက ကျိယီ၏ အ၀တ်မဲ့ခန္ဓာကိုယ်လေးကို သူမြင်တွေ့ခဲ့ရသည်။ထို့အပြင် ကိုယ်ထိလက်ရောက်ပင် ကျူးလွန်ခဲ့သေးသည်။ကျိယီသည် သူ့ကို အလွန် မုန်းတီးနေလိမ့်မည်မှန်း သူနားလည်ပါသည်။သူမ၏ နှလုံးသားထဲမှ အမုန်းတရားနှင့်ဆိုလျှင် ကျိယီသည် အနာဂါတ်တွင် သူ့ကို နာခံလိမ့်မည်မဟုတ်ပါ။အိုင်ရာကဲ့သို့ပင် သူ့ကို ထိုးနှက်ရန် တစ်ချိန်လုံး ကြိုးစားနေပေလိမ့်မည်။ထိုအတွေးကြောင့် ရှီယန်က သူမကို မကယ်တော့ရင်ကောင်းမလားဟုပင် စဉ်းစားနေမိပြီဖြစ်သည်။"ရှီယန်...."ကျိယီက သူ့ကို မြင်သွားသည်။သူမက ထိတ်လန့်ခြောက်ခြားစွာဖြင့်"သံလိုက်မြူအမှောင်ထုက မထွက်သေးခင် ငါတို့က တစ်ဖွဲ့တည်းပဲဆို...နင်ပြောခဲ့တာ မှတ်မိသေးရင် ငါ့ကိုကယ်ပါဦး"ကျိယီက ဒီအတိုင်း ရပ်ကြည့်နေသောရှီယန့်ကိုအလွန် စိတ်ဆိုးနေသည်။ရှီယန်က နှာခေါင်းရှုံ့လိုက်သော်လည်း နောက်ဆုံးတော့ ထိန်ချန်ထားသော ခွန်အားများကို ထုတ်ကာ သူမထံ တစ်လှမ်းချင်းလျှောက်သွားလိုက်လေသည်။"ငါမှတ်မိတာပေါ့...ငါက ဟို ခွေးမ အိုင်ရာလိုမဟုတ်ဘူး...ပြောပြီးရင် ပြောတဲ့အတိုင်းလုပ်တယ်"ရှီယန်က ခပ်တည်တည်ပင် ပြောလိုက်ရင်း ကျိယီ၏ဘေးသို့ရောက်ရှိလာသည်။သူမ၏ ခါးသေးသေးလေးကို ဆွဲဖက်လိုက်ရင်း အန္တရာယ်လေးမျိုး၏သက်ရောက်မှုမှ သူ့ခန္ဓာကိုယ်ဖြင့် ကာကွယ်ထားလိုက်သည်။အဖက်ခံရသောအခါ ကျိယီက ရုန်းကန်ချင်သော်လည်း ဘေးအန္တရာယ်များကိုကြောက်သောကြောင့် ငြိမ်ခံနေလိုက်ရသည်။သူမ၏ ခန္ဓာကိုယ်လေးက အနည်းငယ် တုန်ယင်နေသည်။သူမက ခေါင်းငုံ့ထားရင်း အသက်ပြင်းပြင်းတစ်ချက်ရှိုက်ကာ အသံတိုးတိုးလေးဖြင့်"နင်ငါ့ကို ဒီတစ်ကြိမ် ကယ်တင်ခဲ့တယ်..ငါ ဒါကို မှတ်ထားပါ့မယ်...နင်ဟိုရေအောက်မှာ ငါ့အပေါ် ...ပြု..ပြုမူခဲ့တာတွေကို ငါ မေ့လိုက်ပါ့မယ်"ရှီယန် အံ့အားသင့်သွားသည်။ချွေးများဖြင့် နစ်နေသော်လည်း ကျိယီ၏ မိန်းမနံ့က သူ့နှာဝသို့ ရောက်ရှိလာသည်။သူ့လက်မောင်းက ကျိယီ၏ ကိုယ်လုံးလေးကို တင်းကျပ်စွာ ရစ်ပတ်ထားရင်း နှစ်သစ်ဖွယ်ရာ သိမ့်သိမ့်တုန်ခါနေမှုကို ခံစားရသည်။ရှီယန့် ရင်ခုန်သံများ မြန်လာပြီး ရေဘ၀ဲကြီးနှင့် ရင်ဆိုင်ခဲ့စဉ်က မြင်ကွင်းများကို ပြန်လည်မြင်ယောင်လာသည်။သူ့စိတ်ထဲမှ ရုန်းထလာသောခံစားချက်ကို ဖိနှိပ်ရန် ခက်ခဲလှသည်။"မြန်မြန်သွား"ရှီယန်၏အကြည့်များကို မြင်သောအခါ ကျိယီက သူဘာတွေးနေမှန်း တန်းပြီး သဘောပေါက်လိုက်သည်။ထို့ကြောင့် သူမက ခပ်ကျယ်ကျယ်လေးအော်ဟစ်လိုက်ခြင်းဖြစ်သည်။ရှီယန် သတိပြန်ဝင်လာပြီးနောက် ခေါင်းညိတ်ကာ"စိတ်မပူပါနဲ့...ဒီရေကန်က အန္တရာယ်လေးမျိုး ကျရောက်နေပေမဲ့ ရေခဲနဲ့ မီးလျှံ စွမ်းအင်တွေက အများကြီး အားနည်းနေပါပြီ။မဟုတ်ရင် ဒီဘေးအန္တရာယ်ကနေ ဒီလောက်လူအများကြီး လွတ်မြောက်မှာမဟုတ်ဘူး...အခု ငါက နင့်ကို ကယ်ဖို့ ဆုံးဖြတ်လိုက်ပြီဆိုတော့ နင်လုံခြုံသွားပါပြီ"စကားပြောရင်း သူ့လက်မောင်းများကလည်း ကျိယီ၏ ခါးလေးကို မလွှတ်ပေးပဲ နောက်ပြန်လှည့်လိုက်သည်။သူ့ခန္ဓာကိုယ်မှ မတူညီသော စွမ်းအင်များ ဖြာထွက်လာသည်။ဖြိုဖျက်မရနိုင်သော ကျောက်ဆောင်ကြီးသဖွယ်အရှိန်အ၀ါက ရှီယန့် ခန္ဓာကိုယ်တွင် ထွက်ပေါ်နေသည်။ထို ခြားနားသော စွမ်းအင်များ၏ သက်ရောက်မှုအောက်တွင် ရှီယန့် ခွန်အားက အဆုံးအစမဲ့သလို ဖြစ်လာသည်။သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော ကြယ်တာရာအလင်းစက်များပင် စွမ်းအင်အဆပေါင်းများစွာ တိုးမြင့်လာသကဲ့သို့ လင်းလက်တောက်ပနေကြသည်။ကြယ်တာရာ အစုအဝေးများက ကြယ်တာရာ မြေပုံငယ်အဖြစ် ပီသစွာ ဖြစ်ပေါ်နေကြရင်း ကျရောက်လာသည့် ဘေးအန္တရာယ်များကို သိပ်သည်းစွာ ကာကွယ်ထားကြသည်။မီးလျှံ၊ မုန်တိုင်း၊ မိုးကြိုးနှင့် ဆီးနှင်းတို့သည် ကြယ်တာရာပင်လယ် ပုံစံငယ်ပေါ်သို့ အဆက်မပြတ်ကျရောက်လာသော်လည်း တစ်ခုနှင့်တစ်ခု ရောယှက်သွားကြပြီး စွမ်းအင်များက ပျက်ပျယ်သွားကြသည်။ကျယ်တာရာတံတိုင်း၏ အကာအကွယ်ဖြင့် ရှီယန်က ခြစ်ရာမျှပင်မထင်ချေ။သူ၏ ကြံ့ခိုင်တောင့်တင်းသော ကိုယ်ကာယကြီးသည် ကျိယီ၏ ကိုယ်လုံးလေးကို သယ်ဆောင်ရင်း အလောင်းကောင်လှေကားဆီသို့ လျှောက်လှမ်းလာသည်။ထိုအချိန်တွင် ချီရှောင်းက အလောင်းကောင်တံတားပေါ်သို့ တက်ရောက်နေပြီဖြစ်သည်။သူက အောက်ကိုငုံ့ကြည့်သောအခါ ရှီယန်က ကျိယီကို အောင်မြင်စွာ ကယ်တင်လာနိုင်သည်ကို မြင်ရသည်။"တကယ့်ကောင်ပဲ..."ချီရှောင်းက ကျေနပ်အားရစွာ ရေရွတ်သည်။ရှီယန်က ကျိယီကိုလုံခြုံသော ဧရိယာအထိ ခေါ်ဆောင်လာသည်။သူ့အမူအယာက အေးစက်ခက်ထန်နေပြီး ရုန့်ရင်းကြမ်းတမ်းသော စွမ်းအင်များက သူ့ခန္ဓာကိုယ်မှ ဖြာထွက်နေကြသည်။ရှီယန်တို့ရောက်ရှိလာသောအခါ အခြားသိုင်းသမားများက ဘေးသို့ ရှဲပေးကြသည်။သူတို့သည် ရှီယန့်ခန္ဓာကိုယ်မှ အားကောင်းသော စွမ်းအင်ဖြာထွက်မှုများကို ခံစားရသည်။သူတို့၏မျက်လုံးများက ပြောင်းလဲသွားပြီး နာခံစွာဖြင့် နောက်ဆုပ်ပေးကြသည်။"သွားကြစို့"ရှီယန်က သိုင်းသမားများကြားမှ ဖြတ်ကျော်သွားပြီး ကျိယီကို လှေကားပေါ်သို့ တင်ပေးလိုက်သည်။ပြီးမှ သူက နောက်မှ လိုက်ပါသွားသည်။ရှီယန်၏ ကာကွယ်မှုဖြင့် ကျိယီက အထက်သို့ လျှင်မြန်စွာ တက်သွားနိုင်သည်။သူမ၏ ရှည်လျားသော ခြေတံလေးများက အထက်အောက် လှုပ်ရှားနေချိန် ရှီယန် မော့ကြည့်မိသောအခါ ရင်ထဲတွင် ဒိန်းကနဲဖြစ်သွားသည်။အားကောင်းလှသော လိင်စိတ်ဆန္ဒကို သူ မတားဆီးနိုင်တော့ပါ။သောက်ကျိုးနည်းပြီ...။ပျက်သုဉ်းခြင်းခံစားချက်များက ရှီယန့် နှလုံးသားကို တ၀ုန်းဝုန်းရိုက်ခတ်လာသည်။ရေကန်သို့ လာရာလမ်းတွင်ရော ရေကန်ထဲတွင်ပါ သူက လူသေအလောင်းများထံမှ အော်ရာများ အမြောက်အများ စုပ်ယူခဲ့ပြီးဖြစ်သည်။သဘာဝအန္တရာယ်လေးမျိုး ကျရောက်မလာမီမှာပင် သူ့ ခံနိုင်ရည်၏ အမြင့်ဆုံးသို့ ရောက်ရှိနေပြီးဖြစ်သည်။ယခု သဘာဝ ဘေးအန္တရာယ်များ ကျရောက်လာချိန်တွင် နောက်ထပ် သိုင်းသမားများထပ်မံ သေဆုံးသွားကြပြန်သည်။ရေကန်သည် သိပ်မကျယ်ဝန်းသောကြောင့် လောလောလတ်လတ်သေဆုံးသွားကြသော သိုင်းသမားများ၏ အော်ရာများ သူ့မရီဒျန်များထဲသို့ ထပ်မံစီးဝင်လာသည်ကို သူ ဟန့်တားလို့မရနိုင်ပါ။ထိုအခါ သူ့ခန္ဓာကိုယ်ထဲရှိ ပျက်သုဉ်းခြင်းခံစားချက်များသည် သူထိန်းချုပ်နိုင်သော ကန့်သတ်ချက်ကို ကျော်လွန်လာသည်။ယခုတစ်ကြိမ် သူစုပ်ယူခဲ့မိသော အော်ရာများသည် အရင်ကထက် အဆမတန် သိပ်သည်းများပြားနေပြီဖြစ်သည်။ဘေးထွက်ဆိုးကျိုးသည်လည်း အရင်ကထက် ကြမ်းတမ်းပေလိမ့်မည်။ဒီလို ရုန်းရင်းဆန်ခတ်တိုက်ပွဲထဲတွင် သူက စိတ်လွတ်သွားလျှင် အကျိုးဆက်က ဆိုးဝါးပေလိမ့်မည်။သူ့စိတ်သည် မကောင်းဆိုးဝါးအခြေအနေသို့ လုံးလုံးလျားလျားကျရောက်သွားလျှင် သူသည် ရန်သူ မိတ်ဆွေ မခွဲခြားတော့ပဲ မြင်မြင်သမျှကို သတ်ဖြတ်ပေတော့မည်။ဖျက်ဆီးလိုသော စိတ်ဆန္ဒသည် လူတို့၏ နှလုံးသားထဲတွင် ပုန်းကွယ်နေသော အဆိုးဝါးဆုံးဆန္ဒလည်းဖြစ်သည်။ဒီတစ်ကြိမ် သူ့ စိတ်ဆန္ဒများ ပေါက်ကွဲထွက်လာလျှင် သူက ထိန်းချုပ်နိုင်လိမ့်မည်မဟုတ်ချေ။နောက်ထပ် အချိန်နည်းနည်းနေလျှင် ဘာဖြစ်သွားမှန်း သူသိတော့မည်မဟုတ်ချေ။ချီရှောင်းတို့ ဇူခွားတို့ကို သူ ရန်မူမိလျှင် ခက်ချေမည်။ထို သတ်ချင်ဖြတ်ချင်စိတ်များကို ရပ်တန့်ရန်အတွက် သူက စိတ်ထွက်ပေါက်လိုအပ်သည်။ထို့ကြောင့်လည်း သူ၏ လိင်စိတ်ဆန္ဒများ နိုးကြားလာရခြင်းဖြစ်သည်။သို့သော်လည်း လက်ရှိအနေအထားတွင် သူက ဘယ်နေရာမှာ သွားရောက် ဖွင့်ထုတ်ရပါမည်နည်း။ဘယ်သူကရော သူ့ကို ဒီလောက် အချိန်ပေးပါမည်နည်း။ရှီယန့်မျက်လုံးများက အလျှံငြီးငြီးတောက်လောင်နေရင်း ချွေးစိုနေသော ကျိယီကိုယ်လုံးလေး၏ ညှို့အားအပေါ် အာရုံရောက်သွားပြန်သည်။လှေကားပေါ် တက်နေသော သူမ၏ လှပသော ခြေထောက်နှစ်ချောင်းကြားကို လှမ်းကြည့်နေရင်း ရမ္မက်စိတ်များက ပိုမို သန်မာလာသည်။သတ်ဖြတ်လိုသော စိတ်ဆန္ဒကို လွှတ်ပေးလိုက်ရမလား သို့မဟုတ် သူ့ စိတ်ဖြေဖျောက်ရန် မိန်းမတစ်ယောက် လိုက်ရှာရမလား...။ယခုလို အခြေအနေမျိုးတွင် ဘယ်အရာကမှ မကောင်းပါ။ သူ့စိတ်က ဒွိဟဖြစ်နေသည်။နတ်ဆိုးစိတ်ဆန္ဒအခြေအနေသို့ ကျရောက်သွားလျှင် အကျိုးဆက်က သူထိန်းချုပ်နိုင်စွမ်းထက် ကျော်လွန်နေလေပြီ။သူက ယခုအချိန်တွင် အသိစိတ် မလွတ်ချင်သေးပါ။သူ့ စိတ်ထဲတွင် ပြင်းပြင်းထန်ထန် ရုန်းကန်နေရင်း ရှီယန်က ကျိယီ၏ ပေါင်ကြားထဲသို့ နောက်ထပ်မကြည့်မိရန် ကြိုးစားထိန်းချုပ်နေရသည်။မဟုတ်လျှင် သူက သူ့ရမ္မက်စိတ်ကို ထိန်းချုပ်နိုင်တော့မည်မဟုတ်ချေ။အံတင်းတင်းကြိတ်ထားရင်း မျက်နှာကြီး နီရဲတင်းမာနေရင်းမှ ရှီယန်က ကျိယီ၏ အောက်မှ လိုက်တက်သွားသည်။သူတို့က နဂါးငွေ့တန်းမြစ်ကြီးနှစ်စင်း စီးဆင်းနေသည့် ကောင်းကင်ထက်သို့ တဖြည်းဖြည်း ၀င်ရောက်သွားပြီဖြစ်သည်။------ ------ ------ ------ ------

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Where stories live. Discover now