267

997 108 0
                                    

God of Slaughter (chapter - 267)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၂၆၇) ဝေဒနာမဲ့ကိုးမျိုး ၀ိညာဉ်ချုပ်မီးလျှံ

မှောင်မိုက်သော လှိုဏ်ဂူထဲတွင် ရှီယန်က အပစ်ကင်းစင်သော အမူအယာ လုပ်ပြနေသည်။
အဖြူရောင်တောင်ပံကလန် ခေါင်းဆောင်အမျိုးသမီးသည် အလွန် စိတ်ဆိုးနေပြီး သူ့ကို အမှုန့်ချေချင်နေဟန်တူသည်။
သို့သော်လည်း သူမက ဂူထဲမှ ပြဿနာများကို သတိရသွားသောကြောင့် စိတ်ကို ထိန်းထားလိုက်ရသည်။
သူမက ရှီယန့်ကို မီးတောက်လောင်နေသလို မျက်ဝန်းများဖြင့်ကြည့်သည်။
ထို့နောက် သူ့လက်ကိုတအားဆွဲကာ တောင်ကြီး၏ အတွင်းပိုင်းသို့ ပြေးလွှားသွားလေတော့သည်။

ဒေါသလည်း ထွက်နေသောကြောင့် ယုရိုက မတည်ငြိမ်နိုင်တော့ပါ။
သူမ၏ လက်ချောင်းလေးများက သံမဏိချောင်းများသဖွယ် မာကျောလာသည်။
သူမက ရှီယန်၏ လက်ကို တိတ်တဆိတ် ဖျစ်ညှစ်လိုက်သည်။

"အို...?..."
ယုရိုက အားစိုက်ကာ ဖျစ်ညှစ်ထားသော်လည်း ရှီယန်က နာကျင်မှုကို ပြသသော ညည်းငြူသံ တစ်ချက်မှ ထွက်မလာသည်ကို သတိပြုမိသွားသည်။
သူမက အံ့အားသင့်သွားပြီး ထပ်မံ အားစိုက်ကာ ဖျစ်ညှစ်လိုက်ပြန်သည်။

ယုရိုက ပိုပြီးတော့ပင် အံ့သြသွားပြန်သည်။
ယခု သူမအသုံးပြုထားသော ခွန်အားသည် နီဗားနားအဆင့် သိုင်းသမားတစ်ယောက်၏ လက်မောင်းကိုပင် ဖြောင်းကနဲ ကျိုးသွားစေနိုင်သော ခွန်အားဖြစ်သည်။
ရှီယန်က ကမ္ဘာမြေအဆင့် သိုင်းသမားသာဖြစ်သော်လည်း သူက အဆင်ပြေနေသေးသည်။
သူ့မျက်ခုံးများသာ အနည်းငယ် တွန့်ကွေးသွားကြသည်။

"တော်လောက်ပြီလို့ မထင်ဘူးလား"
ယုရိုက သူ့လက်ကို ပိုမိုတင်းကြပ်စွာ ဖျစ်ညှစ်လာသောအခါ ရှီယန်က ပျင်းတိပျင်းရွဲလေသံဖြင့်ပြောသည်။
"ခင်ဗျားက ဆက်လုပ်နေဦးမယ်ဆို ကျုပ် အော်မိတော့မယ်...ခင်ဗျား ဒေါသကို လွှတ်ပေးပြီးပြီပဲ...ကျုပ်ကို ဆက် မနှိပ်စက်ပါနဲ့တော့"

"လူကောက်ကလေး...နင်က တကယ်ပဲ သာမာန်မဟုတ်ဘူး...မင်းရဲ့ သွေးကြောဆုံမှတ်တွေက ထူးထူးခြားခြား ကျယ်ပြန့်နေတယ်...တစ်ခါတစ်ခါ အဲ့ဒီထဲမှာ ပုံမှန်မဟုတ်တဲ့ စွမ်းအင်တစ်မျိုး သိပ်သည်းနေသလိုပဲ"

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Waar verhalen tot leven komen. Ontdek het nu