266

977 117 0
                                    

God of Slaughter (chapter - 266)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၂၆၆) ၀င်္ကဘာအတားအဆီးအား ချိုးဖျက်ခြင်း

ပူပြင်းလောင်ကျွမ်းသော မီးတောက်များ ရှီယန့် လက်နှစ်ဖက်မှ အဆက်မပြတ် ထွက်ပေါ်နေသည်။
သူ့ထံမှ ဂူထဲသို့ တလိမ့်လိမ့် ၀င်ရောက်နေကြသည်။

သဘာဝ ယင်စွမ်းအင်ဓါတ်များကို အတောမသတ် ဆွဲယူကာ ကြံ့ကြံ့ခံနေသော အတားအဆီးသည် အဆက်မပြတ် လောင်ကျွမ်းခံနေရသော စွမ်းအင်များကို ထပ်မံ မဖြည့်ဆည်းနိုင်တော့သောကြောင့် သေးငယ်သော မီးလောင်ပေါက်ရာတစ်ခု ဖြစ်ပေါ်လာသည်။

လူအားလုံးပင် စိတ်လှုပ်ရှားသွားကြသည်။

ရှီယန့် မျက်လုံးများက တောက်ပသွားကြသည်။
ထို မီးလောင်ပေါက်ငယ်သည် သူ၏ ကံကြမ္မာပင်ဖြစ်လေသည်။
သူက အစွမ်းကုန် အားအင်စိုက်ထုတ်ကာ ကောင်းကင်မီးလျှံ၏ လောင်ကျွမ်းပြင်းပြသော အပူဓါတ်များကို ထို တွင်းပေါက်ထဲသို့ သွန်ချလိုက်လေတော့သည်။

ကောင်းကင်မီးလျှံစွမ်းအင်များ ထိုတွင်းပေါက်အတွင်း ၀င်ရောက်သွားသည့်အခါ ဂူပေါက်ဝသည် ငရဲမီးဖြင့် အစားခံရသလို တဖြည်းဖြည်းချင်း ကျယ်ပြန့်လာသည်။
တိရှန်း၊ ယုရိုနှင့် အခြားခေါင်းဆောင်များသည် အလွန် ၀မ်းသာပျော်ရွှင်ဟန်များဖြစ်ပေါ်လာကြသည်။

ဒီ လောင်ကျွမ်းမှုနှုန်းဖြင့်ဆိုလျှင် ဂူပေါက်ဝရှိ အကာအကွယ်သည် သိပ်မကြာမီမှာပင် ပျက်စီးသွားပေလိမ့်မည်။
ပြီိးလျှင် လူတိုင်း ၀င်ရောက်နိုင်သော အကျယ်အ၀န်းသို့ ရောက်ရှိလာပေလိမ့်မည်။

တိရှန်း၏ မျက်ဝန်းများတွင် အလင်းရောင်များ ဖြာထွက်လာသည်။
သူက အတန်ကြာစဉ်းစားလိုက်ပြီးနောက် ရှီယန့်ထံ တိတ်တဆိတ် တိုးကပ်သွားသည်။

ထူလုံနှင့် အခြားသူများသည်လည်း တုံ့ဆိုင်းခြင်းမရှိ သူ့နောက်သို့ လိုက်ပါသွားကြသည်။
သူတို့က ရှီယန်နှင့် မီိတာသုံးဆယ်ခန့် အကွာအထိ တိုးကပ်လာခဲ့ကြပြီး သူ၏ လှုပ်ရှားမှု တစ်ခုချင်းစီိတိုင်းကို အလွတ်မခံနိုင်ပဲ စူးစိုက်နေကြသည်။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Where stories live. Discover now