287

681 107 2
                                    

#သတ်ဖြတ်သူသွေးနတ်ဘုရား (ရှီယန်)

God of Slaughter (chapter  287)

Author: Ni Cang Tian

Translate by: Soe Paing Hmue

အပိုင်း (၂၈၇) ဖွင့်ပြောခြင်း

အလျော်အစားအကြောင်း ပြောမယ်?...

ဂူရှာအိုနှင့် ယုချင်က ပြိုင်တူလိုလိုပင် နှာခေါင်းရှုံ့လိုက်ကြသည်။

သူတို့ မျက်လုံးများက ပိုမို အေးစက်သွားကြပြီး သူတို့၏ နှုတ်ခမ်းထောင့်တွင် အထင်အမြင်သေးသည့် အပြုံးများ ထွက်ပေါ်လာသည်။

ဂူမိသားစုက မင်းတို့ကို ဘာအကြွေးတင်ထားလို့လဲ

ဂူရှာအိုက ရှီယန့်ကို ကြည့်မနေပါ။

ထို့အစား သူက တိရှန်းကိုမေးလိုက်ခြင်းဖြစ်သည်။

မင်းတို့က အသူရာစစ်တလင်းကလာတယ်ဂူမိသားစုက မင်းတို့ကို မြင်တောင် မမြင်ဖူးဘူးမင်းတို့ မျိုးနွယ်စုတွေနဲ့ ဂူမိသားစုနဲ့ ဘာပတ်သက်မှုရှိလို့လဲ

ငါတို့က ယန်မိသားစုရဲ့ မဟာမိတ်တွေပဲ

တိရှန်းအမူအယာက ထူးမခြားနားဟန်ဖြင့်ပင်ရှိနေသည်။

သူက ဂူရှာအိုတို့ကို ဘာမွ ပြောချင်စိတ်ရှိဟန်မတူချေ။

သူက ရှီယန့်ကို ညွှန်ပြကာ

မင်းတို့နဲ့ ညှိနှိုင်းမှာက သူပဲ

ဒီကောင်လေးက

ဂူရှာအို၏ မျက်နှာတွင် အံ့အားသင့်ဟန်များ ပေါ်ပေါက်လာသည်။

သူက မင်းကို ကိုယ်စားပြုနိုင်တာလား

ဟုတ်တယ်

"Yes, he can."

ဂူရှာအိုနှင့်ယုချင်တို့ တုန်လှုပ်သွားသည်။

သူတို့၏ ရှီယန့်ကိုကြည့်သော အကြည့်များက ပြောင်းလဲသွားကြသည်။

ရှီယန်က ကမ္ဘာမြေအဆင့် သိုင်းသမားတစ်ယောက်သာဖြစ်သည်။

သူတို့၏ မျက်လုံးထဲတွင် ရှီယန်သည် တိရှန်းနှင့် ပုန်းကွယ်နေသူတို့၏ ရုပ်သေးရုပ်မျှသာဟု ထင်မှတ်ထားကြသည်။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Where stories live. Discover now