392

579 88 0
                                    

Chapter 392: နေရာဖယ်ခိုင်းခြင်း"ဘာ..."ရှီယန် အံ့အားသင့်သွားပြီး ချက်ခြင်းမေးလိုက်သည်။"ဘာဖြစ်လို့လဲ""ဒီမှာ ငါတို့ ကို အင်အား ပြန်လည်ဖြည့်တင်းပေးနိုင်မယ့် စွမ်အင်တွေရှိနေတယ်...အေးစိမ့်ရေခဲမီးလျှံနှင့် မြေကမ္ဘာမီးလျှံက တူညီသော အချက်အလက်ကို ပေးပို့ကြသည်။ရှီယန့်မျက်နှာတွင် ၀မ်းသာသွားသောအရိပ်အယောင်တစ်ချက် ဖြစ်ပေါ်လာသည်။သူက ဘာမှ ထပ်မမေးတော့ပဲ သွေးနွယ်ရှင်လက်စွပ်ထံ စိတ်ဖြင့် ဆက်သွယ်လိုက်သည်။ယခု အခြေအနေကို ခွင့်ပြုပေးရန် တောင်းဆိုလိုက်ခြင်းဖြစ်သည်။သွေးနွယ်ရှင်လက်စွပ်မှ အနီရောင်နှင့် အပြာရောင်မီးတောက်နှစ်ခု ပျံသန်းထွက်ပေါ်လာကြလေသည်။သွေးနွယ်ရှင်လက်စွပ်က လွှတ်ပေးလိုက်သည်နှင့် မြေကမ္ဘာမီးလျှံနှင့် အေးစိမ့်ရေခဲမီးလျှံတို့သည် ဦးတည်ရာ နှစ်ခုခွဲကာ ပျံသန်းသွားကြသည်။အေးစိမ့်ရေခဲမီးလျှံက ရေခဲများ ဖုံးလွှမ်းနေသောပင်လယ်လိပ်သဏ္ဍန် တောင်ကြီးဆီိသို့ ဦးတည်ပျံသန်းသွားပြီး မြေကမ္ဘာမီးလျှံကတော့ အနီရောင် မီးငှက်သဏ္ဍန် တောင်ကြီးဆီသို့ ဦးတည်ပျံသန်းသွားသည်။မျက်စိတစ်မှိတ်အတွင်းမှာပင် ၄င်းတို့က တောင်ခြေသို့ ရောက်ရှိသွားကြပြီဖြစ်သည်။ရှေးဟောင်းမြို့တော်ကြီးထဲသို့ ၀င်ရောက်လာနေသော မိုးကြိုး၊မုန်တိုင်း၊မီးလျှံနှင့် ရေခဲတို့သည် ထို ကောင်းကင်မီးလျှံနှစ်ခုအပေါ် သက်ရောက်ခြင်းမရှိဟန်တူသည်။၎င်းတို့၏ လမ်းတစ်လျှောက်တွင် မည်သည့်အတားအဆီးမျှ မကြုံတွေ့ရသည်ကို မြင်ရသည်။အေးစိမ့်ရေခဲမီးလျှံနှင့် မြေကမ္ဘာမီးလျှံတို့ ပင်လယ်လိပ် တောင်ကြီးနှင့် မီးငှက်တောင်ကြီးထဲသို့ ၀င်ရောက်ပျောက်ကွယ်သွားမှ ရှီယန် ကျေနပ်သွားသည်။ထိုတောင်ကြီးများထံမှ သဘာဝစွမ်းအင်များက သူ့ကောင်တွေ၏ စွမ်းအင်ကို အပြည့်အ၀ ပြန်လည်ဖြည့်တင်းပေးနိုင်လိမ့်မည်ဟု မျှော်လင့်မိသည်။ကောင်းကင်မီးလျှံနှစ်မျိုးတို့အတွက် အကျိုးရှိသွားသည်ကို မြင်ရသောအခါ ရှီယန်က ဒီ သံလိုက်မြူအမှောင်ထုအတွင်း ၀င်ရောက်ခဲ့မိသည်မှာ မှန်ကန်သော ရွေးချယ်မှုဖြစ်ကြောင်း ခံစားလိုက်မိသည်။ဆွဲငင်အားနယ်ပယ်ထဲတွင် ပုန်းကွယ်နေရင်း ရှီယန်က မြို့လယ်ခေါင်သို့ ၀င်ရောက်ရန် အလျှင်မလိုပါချေ။ခပ်လှမ်းလှမ်းမှပင် လှည့်ပတ်ကြည့်ရှုနေရင်း လမ်းတစ်လျှောက်ရှိ အလောင်းကောင်များကို သိမ်းယူကာ ရသမျှ အော်ရာတို့ကို စုပ်ယူနေသည်။ငွေရောင် ရေကန်၏ နံဘေးတွင်...ထက်ရှသော အလင်းရောင်များ ကြမ်းတမ်းစွာ ထွက်ပေါ်နေသည်။သံလိုက်မြူအမှောင်ထုကို ဖြတ်သန်းပြီး သီးသန့်နယ်မြေထဲ ၀င်ရောက်လာနိုင်သော သိုင်းသမားများ၏ အင်အားသည် အားနည်းသည့်အထဲတွင် မပါဝင်ပါ။သူတို့တွင် ကိုယ်ပိုင် မှော်ရတနာများ သေချာပေါက် ရှိနေကြပါသည်။သူတို့ ထုတ်ဖော်အသုံးပြုတိုက်ခိုက်ကြသော သိုင်းပညာရပ်များသည်လည်း အဆင့်အတန်းမြင့်မားကြသည်။ရေကန်ကြီးကို ဗဟိုပြုကာ အတန်ကြာ ရုန်းရင်းဆန်ခတ်ဖြစ်ပွားနေပြီးနောက်နေရာလု လူသတ်ပွဲကြီးက ခတ္တငြိမ်သက်သွားသည်။သိုင်းသမားအုပ်စုများကတော့ ရေကန်ပတ်ဝန်းကျင်တွင် ၀ိုင်းနေကြဆဲဖြစ်သည်။လက်ရှိအချိန်တွင် အဖွဲ့ ကိုးဖွဲ့က ရေကန်ကို သိမ်းပိုက်ထားသည်။အားလုံးပေါင်း လူ ခုနှစ်ဆယ် ရှစ်ဆယ်ခန့် ရှိသည်။အဖွဲ့တစ်ခုချင်းစီသည် အနည်းငယ်စီ ခွာရပ်နေကြသည်။ထို ရေကန်ထဲရှိ အဖွဲ့များသည် လျှို့ဝှက်လက်နက်များ မှော်ရတနာများကို ထုတ်ကိုင်ထားကြပြီး ရေကန် ပတ်ဝန်းကျင်ရှိလူများကို အေးစက်စက် စောင့်ကြည့်နေကြသည်။ရေကန်အလယ်ပိုင်းရှိ အဖွဲ့သုံးဖွဲ့တွင်တော့ ကောင်းကင် တတိယအဆင့် သိုင်းသမားနှစ်ယောက်စီခန့် ပါဝင်နေသည်။ထိုလူများသည် ယခုအခါတွင်တော့ သူတို့၏ အရှိန်အ၀ါများကို ဖုံးကွယ်ထားခြင်းမရှိတော့ပါ။သူတို့ အုပ်စု သုံးစုက အေးအေးဆေးဆေး ထိုင်ကာအနားယူနေကြသော်လည်း၎င်းတို့၏ အားကောင်းသော အရှိန်အ၀ါများက သိသိသာသာ ထိုးထွက်နေကြသည်။ရေကန်အပြင်ဘက်ရှိ ကျားချောင်းချောင်းနေကြသော အဖွဲ့များကို ၄င်းတို့ ခွန်အားဖြင့် ဖိနှိပ်ထားချင်ဟန်တူ၏။ထို ရေကန်အလယ်ခေါင်ရှိ အဖွဲ့သုံးဖွဲ့သည် သိသိသာသာပင် ဒီ ရှေးဟောင်းမြို့တော်ထဲရှိ အင်အားအကြီးဆုံးများဖြစ်ကြသည်။သူတို့က အကောင်းဆုံး နေရာကို သိမ်းပိုက်ထားကြခြင်းဖြစ်သည်။အခြား ခြောက်ဖွဲ့ကတော့ ရေကန် အစွန် ပတ်ပတ်လည်တွင် နေရာရယူထားကြခြင်းဖြစ်သည်။ထိုအဖွဲ့ တစ်ဖွဲ့ချင်းစီတွင်တော့ ကောင်းကင် ဒုတိယအဆင့် သိုင်းသမားများပါဝင်ကြသည်။၎င်းတို့က မှော်ရတနာများ လက်နက်များကို ထုတ်ဆွဲကိုင်ဆာင်ထားကြသည်။ထို ခြောက်ဖွဲ့ထဲမှ သုံးဖွဲ့ကသာ ရေကန်အပြင်ဘက်ရှိ သိုင်းသမားများ၏ တိုက်ခိုက်မှုကို ရင်ဆိုင်နေရခြင်းဖြစ်သည်။ထိုသုံးဖွဲ့ထံတွင် ကောင်းကင် ဒုတိယအဆင့် သိုင်းသမား တစ်ယောက်စီသာ ပါဝင်သည်။ထို့ကြောင့် ရေကန်ထဲတွင် သူတို့က အားအနည်းဆုံးဖြစ်နေသည်။ထို့ကြောင့်လည်း ရေကန်အပြင်ဘက်ရှိ သိုင်းသမားများက ထိုသုံးဖွဲ့ကိုသာ အဓိက ဦးတည်တိုက်ခိုက်နေကြပြီး သူတို့၏ နေရာကို လုယူလိုကြခြင်းဖြစ်သည်။သို့သော်လည်း ထိုအဖွဲ့သုံးဖွဲ့က ၄င်းတို့၏ မှော်ရတနာများ ခွန်အားများကို အစွမ်းကုန် ထုတ်သုံးကာ နေရာလာလုသော သိုင်းသမားများကို သတ်ဖြတ်လိုက်နိုင်သည်။ထို့ကြောင့် ရေကန်အပြင်ရှိ အခြားအဖွဲ့များ နောက်တွန့်သွားကြခြင်းဖြစ်သည်။အခြားသုံးဖွဲ့ကလည်း တော်တော်လေး အားကောင်းဟန်ရှိသော်လည်း သူတို့က ရေကန်အလယ်ရှိ ကောင်းကင် တတိယအဆင့် သိုင်းသမားများပါဝင်သော အုပ်စုသုံးစုကဲ့သို့ အေးအေးဆေးဆေး ထိုင်မနေနိုင်ပါ။သူတို့အားလုံးပင် လက်နက်မျိုးစုံ စွဲကိုင်ထားကြပြီး အသင့်အနေအထားဖြင့် ရပ်စောင့်နေကြပါသည်။သုခနန်းတော် သိုင်းသမားအုပ်စုက ထိုအထဲတွင် ပါဝင်သည်။နိုင်းကျီနှင့် အခြားအဖွဲ့ခွဲခေါင်းဆောင် နိုင်းလီလဲ အတူရှိနေသည်။ကောင်းကင်အဆင့် သိုင်းသမားနှစ်ယောက်၊နီဗားနား အဆင့် သိုင်းသမား ငါးယောက်နှင့်အတူ ရပ်နေကြခြင်းဖြစ်သည်။အေးစက်သော မျက်နှာများဖြင့် အလင်းရောင်များ ထွက်ပေါ်နေသော မှော်ရတနာအမျိုးမျိုးတို့ကို အသင့်ပြင်ထားကြသည်။၎င်းတို့က အချိန်မရွေး အားအင်အပြည့် တိုက်ခိုက်နိုင်ကြောင်း သိသာထင်ရှားစေသည်။အိုင်ရာတို့ ချီရှောင်းတို့ အုပ်စုသည်လည်း ရေကန်၏ ပြင်ပဧရိယာတွင် ရပ်နေကြခြင်းဖြစ်သည်။သူတို့က အဓိက ဧရိယာအတွင်းသို့ မ၀င်ရဲကြပါ။တောက်လျှောက်ဖြစ်ပွားနေသော ရုန်းရင်းဆန်ခတ် တိုက်ပွဲများထဲ မပါဝင်လိုကြပါ။ရေကန် ပတ်ပတ်လည်တွင် လောလောလတ်လတ်သေဆုံးသွားသော သိုင်းသမားအလောင်း ဆယ်လောင်းမက ရှိနေသည်။ပြီးခဲ့သော နေရာလုပွဲတွင် အသတ်ခံလိုက်ရခြင်းဖြစ်ပြီး သွေးစိမ်းရှင်ရှင် စီးကျနေကြဆဲပင်ဖြစ်သည်။ရေကန်ပတ်ဝန်းကျင်တွင် ရက်စက်ကြမ်းကြုတ်သော တိုက်ပွဲများ ထပ်မံဖြစ်ပွားလာပြန်သည်။အချို့အဖွဲ့များက အနိုင်ရရှိသွားကြပြီး ရေကန်ထဲရှိ အားအနည်းဆုံး အဖွဲ့များနေရာတွင် ၀င်ယူသွားကြသည်။သွေးသံရဲရဲအလောင်းများ ထပ်တိုးလာပြန်သည်။အသစ် ၀င်ရောက်လာကြသော အဖွဲ့များသည် ဖိနပ်ပင် ရေကောင်းကောင်း မစိုသေးမီ ၄င်းတို့နေရာကို စိန်ခေါ်လိုသူများနှင့် အသည်းအသန် တိုက်ခိုက်ကြရပြန်သည်။သေခြင်းတရားသည် ရေကန်ပတ်ဝန်းကျင်တွင် ပျော်မြူးလျှက်ရှိသည်။နိုင်းကျီတို့ အုပ်စုသည် ကျိယီနှင့် အိုင်ရာတို့ကို မြင်သည်။သို့သော်လည်း ယခုအချိန်တွင် သူတို့က ရေကန်ထဲမှ ထွက်ပြီး သူမတို့နှင့် မတိုက်ခိုက်လိုကြပါ။ကောင်မလေးများကို အေးစက်ခက်ထန်စွာကြည့်နေကြရင်း သူမတို့ကိုသားရဲများက အစိတ်စိတ်အမွှာမွှာဆုတ်ဖြဲသွားမည့်အချိန်ကို စောင့်ဆိုင်းနေကြသည်။"ရှီယန် ဘာလို့ ခုထိရောက်မလာသေးတာလဲမသိဘူး"ဇူရှီက ရေကန်ပတ်ဝန်းကျင်ရှိ တိုက်ပွဲများကိုကြည့်ကာ ထိတ်လန့်ခြောက်ခြားနေဟန်တူသည်။"ဒီလူတွေအားလုံး ရူးနေကြပြီ...ဒီအတိုင်းသာ ဆက်သွားနေမယ်ဆို သားရဲတွေ ရောက်မလာခင်မှာပဲ ဒီလူတွေထဲက တစ်ဝက်လောက် သေကုန်ကြမှာပဲ""ရှီယန်က ဒီလောက် ယုံကြည်မှုရှိနေမှတော့ သူဘာမှဖြစ်မှာမဟုတ်ဘူး...ဇူရှီ...သူ့ကို စိတ်ပူမနေနဲ့...ဒီကောင်လေးက သာမန်လူမဟုတ်ဘူး"ချီရှောင်း၏ နှုတ်ခမ်းထောင့်စွန်းနှစ်ခုက တွန့်ကွေးသွားကြသည်။"နှစ်အနည်းငယ်အတွင်းမှာပဲ ဒီကလေးက နီဗားနား တတိယအဆင့်ကို ရောက်သွားပြီ...ဒီလောက် မြန်အောင် ဘယ်လိုတွေများ လေ့ကျင့်လိုက်တာလဲမသိဘူး...ညည်းကို တကယ့် ပါရမီရှင်လို့ ငါယူဆထားတာ ဒီကောင်လေးနဲ့ယှဉ်ရင်တော့ ...""ဇူရှီ...နင် နောက်တစ်ခါ စွမ်းအင်လေ့ကျင့်ဖို့ အချောင်ခိုရဲခိုကြည့်..."ဇူခွားက သူ့မြေးမလေးကို ကြိမ်းမောင်းသည်။"ဘုန်း..."ဂမူးရှူးထိုး ပြေးဝင်သွားသော သိုင်းသမားတစ်ယောက်သည် ရေကန်ထဲမှ အဆင့်မြင့် သိုင်းသမားတစ်ယောက်၏ လက်ချက်မိသွားခြင်းဖြစ်သည်။သူ့ခန္ဓာကိုယ်က ထက်ခြမ်းကွဲသွားပြီး သွေးစက်များက နေရာအနှံ့ လွင့်စင်သွားကြသည်။ချီရှောင်းက လက်ကို အသာအယာ ဝှေ့ယမ်းလိုက်ရာ မီးခိုးငွေ့များ အလုံးလိုက် ထွက်ပေါ်လာပြီး သူတို့ထံ ရောက်ရှိလာမည့် သွေးစက်များကို ဖယ်ရှားသုတ်သင်သွားကြသည်။"ကြောက်စရာပဲ...ဒီကလူတွေရဲ့ ခွန်အားဟာ ငါတို့ Merchant တိုင်းပြည်ကလူတွေထက် သာလွန်ကြတယ်...ငါတို့ ဒီကိုရောက်လာဖို့ ငါတို့လူတွေ မနည်းမနော ဆုံးရှုံးခဲ့ရတယ်..အခု ဒီနေရာမှာ အသတ်ခံကြရရင်တော့...အဓိပ္ပါယ်ကင်းမဲ့လွန်းလှပါတယ်"ဇူခွားက ၀မ်းနည်းစွာပြောရင်း သက်ပြင်းတစ်ချက်ချလိုက်သည်။ဇူရှီကလည်း ခေါင်းညိတ်လိုက်ရင်း နောင်တရဟန်ဖြင့်"အဖိုးတို့ နှစ်ယောက်စလုံး ဒီကို လာဖို့ မစီစဉ်ခဲ့သင့်ဘူး...လောဘကိုသာ ထိန်းနိုင်ခဲ့ကြရင် ဒီလောက် လူတွေ အသက်ပေးရမှာမဟုတ်ဘူး"သူမ၏ စကားကြောင့် ချီရှောင်းက သက်ပြင်းသာချလိုက်မိသည်။"ဟိုမှာ ရှီယန်..."အိုင်ရာက ရုတ်တရက် အော်ဟစ်လိုက်သည်။ကျိယီတို့ ချီရှောင်းတို့လည်း ကမန်းကတမ်း ခေါင်းထောင်ကြည့်ကြသည်။ဧရာမ မီးခိုးရောင်လေဆင်နှာမောင်းကြီးတစ်ခုက အဝေးမှ တဖြည်းဖြည်း ချည်းကပ်လာနေသည်။ဒါဇင်နှင့်ချီသော အလောင်းကောင်များက ခြေတွဲလောင်း လက်တွဲလောင်းဖြင့် လေဆင်နှာမောင်းကြီးထဲ မျောပါနေကြသည်။လေဆင်နှာမောင်းကြီး၏ နောက်ဖက်တွင်လည်း သားရဲကြီး ဆယ်ကောင်မက မာန်ဖီကာ လိုက်ပါလာကြသည်။၎င်းတို့က အစွယ်များ လက်သည်းများကို ထုတ်ဖော်ရင်း အော်ဟစ်ဟိန်းဟောက်နေကြသော်လည်း လေဆင်နှာမောင်းကြီးထဲသို့ မ၀င်ရဲကြမှန်း သိသာနေပါသည်။လေဆင်နှာမောင်းကြီးထဲတွင်တော့ ရှီယန်က ခံစားချက်ကင်းမဲ့သော အမူအယာဖြင့် ရှိနေသည်။သူ့မျက်နှာတွင် ထူးဆန်းသော အပြုံးတစ်ခု ဖြစ်ပေါ်နေသည်။သားရဲကြီးများ လိုက်ပါလာကြသော်လည်း သူက ကြောက်ရွံ့ခြင်း စိုးစိမျှ ရှိဟန်မတူချေ။"ငါ...ီးကွာ...နောက်ထပ် စွမ်းအားရှင်တစ်ယောက် ထပ်ရောက်လာပြန်ပြီ...""ငါတို့ ဒီမှာ နေရာရဖို့အခွင့်အလမ်းကတော့ နည်းသထက် နည်းလာနေပြီပေါ့""ဒီ ခွေးမသားက ဘယ်သူတုန်း...ငါ တစ်ခါမှလည်း မတွေ့ဘူးပါလား""ကြည့်ရတာ သက်တမ်းရင့် အဖွဲ့အစည်းကြီး ခုနှစ်ခုက မဟုတ်ဘူးနဲ့တူတယ်""အဓိပ္ပါယ်မရှိတာ...သက်တမ်းရင့် အဖွဲ့အစည်း ခုနှစ်ခုကမဟုတ်ရင် သူက ဒီလောက် အားကောင်းပါ့မလား"ရေကန်ပတ်ဝန်းကျင်ရှိ သိုင်းသမားများသည် ရှီယန်နှင့် သူ၏ လေဆင်နှာမောင်းကြီးကို သတိထားမိသွားကြသည်။လေဆင်နှာမောင်းထဲတွင် ပေါလောမျောနေကြသော အလောင်းကောင်များသည်ပင် ခြောက်ခြားစရာ ကောင်းလှပြီဖြစ်ပြီး သားရဲကြီးများပင် လေဆင်နှာမောင်းအနီး မကပ်ရဲသည်ကို မြင်ရသောအခါ ဘယ်သူမှ မကြောက်ပဲ မနေနိုင်ကြတော့ပါ။ပေါလောမျောနေကြသော ဒါဇင်နှင့်ချီသည့် အလောင်းကောင်များက သက်သေပင်မဟုတ်ပါလော။ သားရဲကြီးများ၏ အပြုအမူသည်လည်း ဒီပြဿနာကို ဖြေရှင်းဖို့ လုံလောက်နေပါသည်။ရှီယန်သည် နီဗားနား တတိယအဆင့်သာဖြစ်ကြောင်း သိမြင်နိုင်ကြသော်လည်း ဘယ်သူမှ အထင်မသေးရဲကြတော့ပါ။သူ ထုတ်ဖော်ပြသလာသော အရှိန်အ၀ါက လူအများအပြားကို ခြောက်ခြားမှုများ ယူဆောင်လာပေးသည့်နှယ်ပင်ဖြစ်သည်။မီတာ တစ်ရာခန့် အကွာမှပင် မီးခိုးရောင် လေဆင်နှာမောင်းကြီးထဲတွင် တွန်းတိုက်နေကြသော ကြောက်မက်ဖွယ်ရာ စွမ်းအင်အမျိုးမျိုးကို သိမြင်နိုင်ပါသည်။ထို မီးခိုးရောင် ဧရာမ လေဆင်နှာမောင်းကြီး၏ စွမ်းအင်ကြီးမားမှုကို အားလုံးပင် သတိထားမိကြသည်။ရှီယန်က သူတို့ဘက်သို့ လာနေသည်ကို မြင်ရသောအခါ ရေကန်ပြင်ပရှိ သိုင်းသမားများသည် အနည်းငယ် တုံ့ဆိုင်းနေသော်လည်း အလျှင်အမြန်ပင် လမ်းဖယ်ပေးလိုက်ကြသည်။သူတို့က ရှီယန့်ကို လမ်းပိတ်မထားဝံ့ကြပါ။ရေကန်အလယ်ခေါင်ရှိ အင်အားအကြီးဆုံး အဖွဲ့သုံးဖွဲ့ပင် ရှီယန့်ကို သတိပြုမိကြသည်။ထို ကောင်းကင် တတိယအဆင့် သိုင်းသမားများ၏ မျက်လုံးများက ရှီယန့်အပေါ်တွင် ကျရောက်နေကြသည်။နိုင်းကျီ၏ မျက်နှာက ရုတ်ချည်း ပြောင်းလဲသွားသည်။သူက ရှီယန် လျှောက်လာနေသည်ကိုကြည့်ရင်း"အဲ့ဒီကောင်ပဲ..."သူ့စကားကြောင့် သုခနန်းတော်သိုင်းသမားတို့၏ မျက်လုံးများက အရောင်တောက်လာကြသည်။"လိတဲ့မှ...ငါတို့ တော့ နေရာမရနိုင်တော့ဘူးထင်တယ်...""ဒီခွေးမသားက အားကောင်းလှချေလား...ဟို ရေကန်ထဲ ရောက်နေတဲ့ အဖွဲ့ခြောက်ဖွဲ့ထဲက တစ်ဖွဲ့တော့ ကံဆိုးပြီပဲ""ဟုတ်တယ်...ဒီတစ်ကြိမ်တော့ ငါတို့ သောက်ကျိုးနည်းတာပဲ...ငါတို့ ရေကန်ထဲကို မြန်မြန် မ၀င်နိုင်ရင် သားရဲတွေနဲ့ နှစ်ပါးသွားရတော့မှာသေချာတယ်""အချိန်ယူပြီး အခွင့်အရေး စောင့်ရအောင်...ခုလောလောဆယ်တော့ ဒီလဒကို ဖြတ်သန်းသွားခိုင်းလိုက်ဦး...မဟုတ်ရင် သားရဲတွေမလာခင် လေဆင်နှာမောင်းထဲ ပေါလောမျောသွားလိမ့်မယ်"ယခုအချိန်တွင် လူအားလုံးက ရက်စက် ကြမ်းကြုတ်နေကြသော်လည်း ကိုယ့်အသက်ကိုတော့ကိုယ် ဂရုစိုက်ကြရမည်ဖြစ်သည်။"ရှီယန်...ငါတို့ ဒီမှာ..."ဇူရှီက လက်ကလေးကို ဝှေ့ယမ်းပြသည်။သူမ၏ မျက်နှာနုနုလေးတွင် အပျော်များ ဖုံးလွှမ်းသွားသည်။ရှီယန်က ပတ်ဝန်းကျင်ရှိ သိုင်းသမားများကို အေးစက်စက် နှာခေါင်းရှုံ့ကာ ကြည့်လိုက်ရင်း ဆွဲငင်အားနယ်ပယ်ကို ဆက်လက်ထိန်းသိမ်းကာ ဇူရှီတို့အုပ်စုထံလျှောက်လှမ်းသွားလိုက်သည်။ရှီယန်က ဇူရှီတို့ အုပ်စုထံသွားနေသောအခါ ပတ်ဝန်းကျင်ရှိ သိုင်းသမားများသည် ကြိတ်ကာ ဆဲဆိုလိုက်ကြပြီး ချက်ခြင်းပင် ဘေးသို့ ရှောင်ပေးလိုက်ကြသည်။သူတို့က ရှီယန်၏ မီးခိုးရောင် လေဆင်နှာမောင်းကြီးကို ကြောက်ပါသည်။အားအကောင်းဆုံး အဖွဲ့ သုံးဖွဲ့မှလူများသည်ပင် နီးကပ်လာသော ရှီယန့်ကိုကြည့်ကာ ထိတ်လန့်ခြောက်ခြားမှုများ သူတို့မျက်နှာပေါ်တွင် ထွက်ပေါ်လာကြသည်။ဆွဲငင်အားနယ်ပယ်ကြီးကို အနီးကပ် မြင်ကြရသောအခါ အတွင်းထဲတွင် မငြိမ်မသက်ဖြစ်နေကြသော စွမ်းအင်များ၏ ကြောက်မက်ဖွယ်ရာ အားအင်ကို ခံစားမိကြသည်။ထို မီးခိုးရောင်လေဆင်နှာမောင်းကြီးထဲသို့ ကျရောက်သွားလျှင် သူတို့ကိုယ်တိုင်ပင် ပြန်ထွက်လာနိုင်ဖို့ ယုံကြည်ချက် မရှိကြပေ။ရှီယန်နောက်မှ လိုက်ပါလာခဲ့ကြသော သားရဲကြီးများသည် ရေကန်ပြင်ပရှိ အခြား သားရဲကြီးများနှင့်ပေါင်းမိသွားပြီဖြစ်သည်။သားရဲ အင်အားစုက တိုးပွားလာသော်လည်း ဒါက ၄င်းတို့၏ အဓိက အင်အားစုမဟုတ်သေးပါ။မြို့အစွန်အဖျားတွင် ကျန်ရစ်နေခဲ့ကြသော အကောင်များသည်လည်း မြို့လယ်ခေါင်သို့ချည်းကပ်လာနေကြပြီဖြစ်သည်။အခြေအနေက အန္တရာယ်များသည်ထက် များလာနေသည်။ရှီယန်က ရေကန်ဘေးသို့ ရောက်သည်နှင့် မျက်မှောင်ကြုတ်သွားသည်။သူက ရေကန်ထဲရှိ သိုင်းသမားအုပ်စု ကိုးစုတို့ကို သေချာလိုက်ကြည့်နေသည်။ရေကန်ထဲမှ သိုင်းသမားများအားလုံး ရှီယန်၏ အကြည့်အောက်တွင် ရင်တိတ်ထိတ် ခံစားကြရသည်။ရှီယန်၏ မျက်လုံးများက အုပ်စုတစ်ခုပေါ်တွင် ရပ်တန့်သွားသည်။"မင်းတို့ကောင်တွေ...."ရှီယန်က သုခနန်းတော်မှ နိုင်းကျီတို့အုပ်စုကို စူးရဲစွာ ကြည့်နေရင်း"မင်းတို့ အပြင်ထွက်...ငါတို့အတွက် ခုချက်ခြင်း နေရာဖယ်ပေး"နိုင်းကျီ၏ မျက်နှာက အေးစက်သွားသည်။သူတို့အုပ်စုထဲမှ သက်လတ်ပိုင်းအရွယ် ကောင်းကင်ဒုတိယအဆင့် အဖိုးကြီးတစ်ယောက်၏ မျက်နှာအမူအယာသည်လည်း ချက်ခြင်းပြောင်းလဲသွားသည်။"အိုင်ရာနဲ့ ကျိယီ...ဒီကောင်တွေက ငါတို့ ပစ်မှတ်ပဲ"ရှီယန်က နိုင်းကျီတို့အုပ်စုကို ညွှန်ပြရင်းပြောသည်။"ငါတို့ အချိန်သိပ်မရှိဘူး...သူတို့ကို သတ်ပြီးရင် ခနလောက် အနားယူရအောင်"အိုင်ရာ၊ကျိယီ၊ ချီရှောင်းနှင့် ကျန်လူများထံသို့ ရှီယန်၏ ယုံကြည်မှုက ကူးစက်သွားသည်။သူတို့အားလုံးပင် အားတက်သရော ခေါင်းညိတ်လိုက်ကြလေသည်။
----- ----- ----- ----- ----- -----

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Where stories live. Discover now