အပိုင်း ၂၂၂

1.4K 172 0
                                    

God of Slaughter (chapter - 222)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၂၂၂) နာမည်ကြီး

မိုးဖွဲလေးများ ဆက်လက်ကျဆင်းနေဆဲဖြစ်သည်။

ငွေဦးချို သင်္ဘောကြီးသုံးစင်း ဗူးသီးကျွန်းထံ ဦးတည်ပြီး ဖြည်းလေးစွာ ခုတ်မောင်းလာကြသည်။
သင်္ဘောများပေါ်တွင် မျက်နှာထား တည်တည်နှင့် သိုင်းသမားများ အတန်းလိုက် ရပ်လျှက်ရှိကြသည်။

သင်္ဘောတစ်စင်းပေါ်တွင် ဖန်ကျိ ချူးယန်ချင်းနှင့် ဂူလင်းလောင်တို့သည် အတူတကွ ရပ်နေကြပြီး အခြား သင်္ဘောပေါ်ရှိ သိုင်းသမားအချို့နှင့် စကားစမြည်လှမ်းပြောနေကြသည်။

အရှေ့ပင်လယ်ရှိ လူငယ်တန်ခိုးရှင်များသည် ပင်လယ်ပြင် အသီးသီးရှိ တန်ခိုးရှင်များနှင့် ပူးပေါင်းကာ ယန်မိသားစု၏ မျိုးဆက်သစ် တန်ခိုးရှင်များနောက်သို့ ခြေရာခံလိုက်နေကြခြင်းဖြစ်သည်။

"ဒီတစ်ကြိမ်တော့ မထင်မှတ်ထားခဲ့မိဘူး...ယန်မိသားစုက အသူရာစစ်တလင်းကို ၀င်လိမ့်မယ်လို့ပေါ့...ငါသာ ကြိုသိခဲ့ရင် သူတို့ကို ဗူးသီးကျွန်းကနေ စောင့်နေမှာပေါ့..."
ဖန်ကျိက မျက်မှောင်ကြုံ့ရင်း ပြောနေသည်။
"သူတို့ အသူရာစစ်တလင်းကို ၀င်သွားပြီဆိုရင် လိုက်ရှာဖို့ ခက်သွားပြီ...အတွင်းဖက်က အခြေအနေတွေက တော်တော် ရှုပ်ထွေးတယ်...မင်းတို့တွေလဲ သတိထားကြမှဖြစ်မယ်..."

"ယန်မိသားစုက အဆုံးသတ်ပါပြီ...ယန်မူနဲ့ ညီအစ်ကိုတွေ အသူရာစစ်တလင်းမှာ ပုန်းနေရင်တောင် ဘာမှမထူးတော့ပါဘူး..."
ချူးယန်ချင်းက ထူးမခြားနားဟန်ဖြင့်ပြောသည်။
တဖွဲဖွဲကျနေသော မိုးစက်များအောက်တွင် သူမ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အဖြူရောင်အလင်းစက်ဝန်းက မိုးစက်များကို ကာကွယ်ထားသည်။
သူမ၏ ကိုယ်ပေါ်သို့ မိုးရေ တစ်စက်တစ်လေမှ စိုစွတ်ခြင်းမရှိပါ။

"အင်မော်တယ်ကျွန်းကတော့ အလွတ်ကြီးဖြစ်နေပြီ...ဒီတစ်ကြိမ်တော့ ယန်မိသားစုက တကယ် စိတ်ပိုင်းဖြတ်ထားတာပဲ..."
ဂူလင်းလောင်က နှာခေါင်းရှုံ့ရင်း ၀င်ပြောသည်။
"ပြောကြတာတော့ ယန်မိသားစုက အုပ်စုသုံးစုခွဲခဲ့တယ်တဲ့။
ပထမတစ်ခုက ရေအောက် မြို့ဟောင်းကို သွားကြတယ်...တခြားတစ်စုကတော့ အခု အသူရာစစ်တလင်းပေါ့...နောက်ဆုံးအဖွဲ့ကတော့ လေးခုမြောက်မိစ္ဆာနယ်မြေကို ပြန်ဝင်တယ်တဲ့...သူတို့က တကယ် ရဲတင်းတာပဲ...မကောင်းဆိုးဝါး ဘုရင် နှစ်ပါးစလုံးက သူတို့ကို သုတ်သင်ချင်နေတာ သိရဲ့သားနဲ့ သူတို့က မိစ္ဆာနယ်မြေကို ရွေးချယ်ရဲတယ်...ဘိုခွန်းနဲ့ ချီယန်က သူတို့ကို အမြစ်ပြတ်ချေမှုန်းမယ်လို့ ပြောခဲ့ပြီးပြီ..."

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Where stories live. Discover now