247

1K 113 1
                                    

God of Slaughter (chapter – 247)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၂၄၇) သူက ထူးခြားတယ်

“ဂါး…ဂရား…”

ရှေးဟောင်းကျောက်တုံးမြို့တော်၏ အပြင်ဖက်တွင်…
ထူထပ်လှသော သစ်တောကြီးက ကျယ်ပြန့်လှသည်။
တောထဲတွင်တော့ မိစ္ဆာသားရဲကြီးများ၏  မာန်ဖီ ဟိန်းဟောက်သံများကို ခပ်စိတ်စိတ်ကြားနေရပြီဖြစ်သည်။

မိစ္ဆာသံစဉ်ကလန်မှ လူအတော်များများသည် မြို့တော်ထဲတွင်ပင် ပုန်းအောင်းနေကြပြီး အပြင်သို့ ခြေတစ်လှမ်းမှ မချရဲကြချေ။
အပြင်ဖက်တွင် သံစဉ်သားရိုင်းတောင်မှ သံစဉ်သားရိုင်း မျိုးစုံ မြို့ကို ၀န်းရံလို့ထားသည်။

လွန်ခဲ့သော ရက်အနည်းငယ်အတွင်း သံစဉ်သားရိုင်းတောင်မှ သံစဉ်သားရိုင်းကြီးများ အားလုံးလိုလို အထိန်းအကွတ် မဲ့ကုန်ကြသည်။
ထိန်းချုပ်ဝင်္ကဘာအစီအရင်က အားနည်းလာသောကြောင့် ပုံမှန်မဟုတ်သော အပြောင်းအလဲများ ဖြစ်ပေါ်လာသည်။

ရှေးဟောင်းကျောက်တုံးမြို့တော်ကို ၀ိုင်းရံလာကြသော သံစဉ်သားရိုင်းများအကြားတွင် ကလေးမျက်နှာ မိစ္ဆာသားရဲများပင် ပါရှိလာသည်။

ကလေးမျက်နှာ မိစ္ဆာများသည် မိစ္ဆာသံစဉ်ကလန်၏ သဘာဝရန်သူများပင်ဖြစ်သည်မဟုတ်လော။
ကလေးမျက်နှာမိစ္ဆာသားရဲများ၏ ငိုငြီးသံများသည် မိစ္ဆာသံစဉ် ကလန်သားများကို ကြက်သီးမွှေးညှင်းများ ထသည်အထိ ကြောက်ရွံ့စေသည်။

ကျောက်တုံးမြို့တော်ကြီး ပတ်ပတ်လည်တွင် အလွန် ရှေးကျသော ဆေးရေးပန်းချီများ ရေးချယ်ထားသော ကျောက်နံရံများဖြင့် ကာရံထားသည်။
ရေးခြယ်ထားသော အရုပ်ပုံများမှာ မိစ္ဆာသားရဲ အမျိုးမျိုး၏ ပုံများသာ ဖြစ်သော်လည်း တောက်ပသော အလင်းရောင်များ  ထွက်ပေါ်နေပြီး အားကောင်းသော အကာအကွယ်များအဖြစ် တားဆီးပိတ်ဆို့ထားသည်။

မြို့တော်ကြီးတစ်ခုလုံးသည် အားအင်ပြည့်ဝသော အကာအကွယ်မျာဖြင့် ကာရံထားသည်။
အကာအကွယ်လွှာများမှ ဖြာထွက်နေသော စွမ်းအင်များသည် မိစ္ဆာသားရဲများကို ခြောက်လှန့်ထားသည်။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Where stories live. Discover now