ယွီရှီသည် စဉ်းစားနေပြီးနောက် ဆုပ်ကိုင်ထားမှုကို ယောင်ယောင်လေး ဖြေလျော့ပေးလိုက်သည်။ "ဒါဆို မင်းမှာဦးနှောက်နည်းနည်းရှိသေးတာပဲ" သူက တိုးညင်းစွာပြောလိုက်သည်။

ကျုံးဝမ်သည် ယွီရှီတစ်ယောက် ချုံအန်းမင်းကြီး၏စေခိုင်းချက်ကို မည်ကဲ့သို့ပယ်ချသည်ကို ပုံဖော်၍မရပေ။ သူက အားမရှိစွာပြောသည်။ "မင်းသားငယ်... မင်းကြီးကို သဘောမတူဘူးလို့ တိုက်ရိုက်ပြောလိုက်တာလား"

ယွီရှီက ဟုတ်မှန်ကြောင်း အသံတစ်ချက်ပြုသည်။

ကျုံးဝမ်သည် ပြုံးမိသွားသည်။

"မင်းက ငါ မသင့်တော်တာတွေ လုပ်နေတယ်လို့ ထင်နေတာမဟုတ်လား" ယွီရှီသည် သူ၏ခေါင်းကို ကျုံးဝမ်ထံသို့ အနည်းငယ်လှည့်လိုက်သည်။ ကျုံးဝမ်က သံသယမျက်လုံးများဖြင့် သူ့ကိုကြည့်နေသည်ကို တွေ့လိုက်ရသည်။ "ငါ ပိုပြီးတော့ မသင့်တော်အောင်လုပ်နိုင်သေးတယ်... ကျုံးဝမ်၊ မင်းက ငါလက်မထပ်နိုင်မှာကို စိုးရိမ်နေတာမလား၊ ဟုတ်တယ်မလား"

ယွီရှီသည် ကျုံးဝမ်ထံသို့ ခန္ဓာကိုယ်အနည်းငယ်ကိုင်းလိုက်ကာ လေသံကဲ့သို့တိုးသောအသံဖြင့် နားနားကပ်ပြောသည်။ "ပြောရရင်တော့ ငါ့ရဲ့ မင်္ဂလာကိစ္စကို မင်းကူညီပေးလို့ရမလား။ မင်း ငါ့ကို ကူညီချင်လား"

ကျုံးဝမ်၏လက်တို့သည် အနည်းငယ် တုန်လှုပ်သွားသည်။

သူသည် စိတ်ထဲမှနေ၍ စိတ်ငြိမ်ဂါထာကို နှစ်ခေါက်ရွတ်ဆိုကာ မျက်လုံးမှိတ်ထားမိသည်။ သူ့ရှေ့ရှိယွီရှီထံ အာရုံမရောက်အောင် အတတ်နိုင်ဆုံးကြိုးစားနေသည်။ အဓိပ္ပာယ်မရှိသော အတွေးများမတွေးရန် သူ့ကိုယ်သူပြောနေမိသည်။

အသံကိုနှိမ့်လျက် ယွီရှီက ပြောလာသည်။ "မင်းငါ့ကို ကူညီမှာလား"

ကျုံးဝမ်သည် လေကို တဝကြီးရှူရှိုက်လိုက်ပြီး အံကိုကြိတ်လျက်ပြောသည်။ "မင်းသားငယ် ဘာကိုပြောချင်နေတာလဲ"

"ငါ့ကို မင်္ဂလာဆောင်မှာ ရွှမ်စုန်ရှင်းရဲ့လက်ကမ်းပေး" ယွီရှီသည် ဘာမှမထူးဆန်းသကဲသို့ ပြောလိုက်သည်။ "သူက မင်းပြောတဲ့စကားကို နားထောင်လောက်ပါတယ်၊ ဟုတ်တယ်မလား"

ထိုနှစ်များမှာ မြတ်နိုးဖွေရှာWhere stories live. Discover now