သူ့ရင်ထဲတွင် ပိတ်လှောင်ထားသော အရာများစွာ ရှိသည်။ အိပ်ပျော်နေလျှင်ပင် နှစ်နှစ်ခြိုက်ခြိုက် အိမ်မပျော်ဘဲ အနားဝန်းကျင်ကို အသိရှိနေသည်။ သူ စိတ်ဒုက္ခရောက်လျက် အိပ်မက်များစွာမက်နေခဲ့သည်။

ခဏအကြာ အိပ်မက်ထဲတွင် ချုံအန်းမင်းကြီးက သူတို့အား စားသောက်ပွဲကြီးချီးမြှင့်ပြီး ခေါင်းမာလှသော ရွှမ်ကျင်းနှင့် သေရည်သောက်ပြိုင်ရန် သူ့အား အတင်းအကြပ် စေခိုင်းလေသည်။ ကုန်ဆုံးသွားသော သေရည်တစ်ခွက်သည် အခြားသေရည်တစ်ခွက်၏ အစဖြစ်ကာ သံသရာလည်နေခဲ့သည်။

ထိုအချိန်တွင် ကျုံးဝမ်ကို တိုက်တွန်းရန် လွယ်ကူနေခဲ့သည်။ သူက ခေါင်းမာပြီး အနိုင်မခံ အရှုံးမပေးဖြစ်နေကာ သူ့ခံစားချက်များကိုလည်း မတားဆီးနိုင်တော့ပေ။ သူခေါင်းမထောင်နိုင်အောင် မူးနေပြီးသည့်နောက်တွင်ပင် ရွှမ်ကျင်းက သူ့အားဆက်သောက်ရန် ဖိအားပေးနေခဲ့သည်။ နောက်ဆုံးတွင်တော့... ကျေးဇူးကြီးမားလှစွာဖြင့် ယွီရှီက မင်းကြီးရှေ့တွင် အပြုအမူကို စောင့်ထိန်းသင့်ကြောင်း ရွှမ်ကျင်းအား စကားနည်းနည်းပါးပါး ပြောလိုက်သည်။ ထိုအခါမှသာ ရွှမ်ကျင်းက မင်းကြီးရှေ့တွင် ကိုယ့်ကိုယ်ကိုယ်အရှက်ရစေမည်ကို စိုးရိမ်၍ မရပ်ချင်ရပ်ချင်နှင့် ရပ်လိုက်လေသည်။

များမကြာမီတွင် ကျုံးဝမ်သည် မင်းသားနင်၏သတင်းဆိုး သူတို့ထံ ရောက်လာသည့် အချိန်ကို အိပ်မက်မက်ပြန်သည်။ မရေရာမှုများနှင့် ကြောက်ရွံ့မှုများရောနေသော ခံစားချက်မြူခိုးများသည် အိမ်တော်တစ်ခုလုံးကို ဖုံးအုပ်သွားသည်။ သူကိုယ်တိုင်သည်ပင် မင်းသားနင်ထံစာပို့သည်ဟု ချောက်ချခံရပြီး အချုပ်ထဲသို့ အပို့ခံခဲ့ရသည်။

ထိုအချိန်သည် နွေဦးစာမေးပွဲများ ကျင်းပနေချိန်ဖြစ်သည်။ ဟွေ့ယွမ်ရာထူးကို လွန်ခဲ့သည့် နွေဦးတွင် သူရရှိပြီးဖြစ်သည်။ လွန်ခဲ့သောသုံးလအတွင်းတွင် သူသည် နွေဦးစာမေးပွဲအတွက် ပြင်ဆင်ရန် ပုရောဟိတ်ရှီ၏ အိမ်တော်တွင်သာ နေထိုင်ခဲ့ရသည်။ နေ့စဉ်နေ့တိုင်း သူ စာတမ်းတစ်ပုဒ် ရေးရလေ့ရှိသည်။ နှစ်သစ်ကူးအချိန်ကိုလည်း ရှီအိမ်တော်တွင်ပင် ကုန်ဆုံးခဲ့ရသည်။ သုံးလအတွင်း ရှီအိမ်တော်မှ တစ်ဖဝါးမျှမခွာရပါဘဲ သူ့အနေနှင့် အဘယ်နည်းဖြင့် မင်းသားနင်ထံ စာပို့ရမည်နည်း။

ထိုနှစ်များမှာ မြတ်နိုးဖွေရှာWhere stories live. Discover now