ကျုံးဝမ် နောက်တစ်ကြိမ် မှင်တက်သွားမိသည်။

သူ နန်ကျန်းကို ရောက်ခါစ မင်းသားအိမ်တော်တွင် နေရသောရက်များသည် သည်းခံဖို့ရန် ခက်ခဲခဲ့သည်။

မင်းကြီးအနေနှင့် မင်းသားနင်ရဲ့ ကလေးများကို ဆင်းရဲပြီး မဖြစ်ထွန်းသော နေရာကို ပို့လိုက်သည်ဆိုကတည်းက ကိုယ့်အားကိုယ်ကိုးရတော့မည်မှန်း သိနိုင်သည်။ အပိုင်စားမြေကို စီမံနေရသည့် အရာရှိတွေအဖို့ မင်းကြီးကိုသွားရောက်ဂါရဝမပြုရခြင်းသည် ကောင်းသောအရာဖြစ်သည်ဟု ယူဆပြီး၍ရသည်။ ယုတ်မာသော အကြံအစည်နှင့်လူများသည် ကလေးသုံးယောက်ကို သေဆုံးစေချင်နေသည့် မြို့တော်မှလူများ၏ ဆန္ဒကို ဖြည့်ဆည်းကာ မျက်နှာကောင်းလိုချင်နေခဲ့ကြသည်။ ထိုအချိန်က ကျုံးဝမ်မှာ ဆယ်ကျော်သက်အရွယ်သာ ရှိနေခဲ့သေးသည်ကြောင့် ပျက်စီးလုနီးပါးဖြစ်နေခဲ့သော မင်းသားအိမ်တော်ကို ကာကွယ်ဖို့ ကြိုးစားရခြင်းမှာ အလွန်ပင် ခက်ခဲခဲ့လေသည်။

ယခင်က မင်းသားနင်သည် ကျုံးဝမ်ကို အလွန်ပင် မျက်နှာသာပေးချီးမြှောက်ခဲ့သည်။ သို့ဆိုလျှင် အကြံဉာဏ်မရှိလျှင်ပင် မင်းသားအိမ်တော်ကို ကယ်တင်ဖို့ရန်အတွက် သူ့ဦးနှောက်ကို ဖျစ်ညှစ်ကာ စဉ်းစားရပေမည် မဟုတ်ပါလား။ ဦးစွာ မင်းကြီး၏ ပူပန်မှုများကို အနည်းငယ်ပပျောက်စေရန် မင်းသားနင်ထံမှ ဆက်ခံရရှိသောဘွဲ့ကို မင်းကြီးထံ ပြန်လည်အပ်နှင်းဖို့ ဆက်ခံသူရွှမ်ရွေ့ကို ကူညီပေးခဲ့သည်။ သို့တိုင်အောင် ထိုသို့ပြုလုပ်ခြင်းသာ် သူတို့ ပြစ်ဒဏ်ကို ခဏတာသာ ရပ်ဆိုင်းစေလိမ့်မည်။ နန်ကျန်းသည် ယခင်ကတည်းက ဆင်းရဲပြီး မဖြစ်ထွန်းသောမြေဖြစ်သည်။ သူတို့သာ ဤနေရာတွင်နေထိုင်သော ပြည်သူပြည်သားများကို မထိန်းချုပ်နိုင်ခဲ့လျှင် သူတို့၏ အပိုင်စားမြေကို ဆုံးရှုံးရမှာကပင် စိတ်ပူစရာဖြစ်နေသည်။ ကျုံးဝမ်အနေဖြင့် အိမ်တော်ကလူများကို ငတ်မွတ်စေမည့်အစား မျက်နှာပြောင်သာတိုက်ကာသာ နေလိုက်မည် ဖြစ်သည်။

ထို့ကြောင့်ပင် ကျုံးဝမ်သည် အပြောင်းလဲကြီး ပြောင်းလဲခဲ့ရလေသည်။ ယခင်က သူသည် ရွှမ်ရွေ့၏ စာသင်ဖော် ဖြစ်ခဲ့သည်။ ပုရောဟိတ်ကြီးသည် မင်းသားမင်းသမီးများကို အဖွဲ့လိုက် သင်ကြားလေ့ရှိသောကြောင့် ကျုံးဝမ်သည်လည်း မင်းသားငယ်ယွီနှင့် အနည်းငယ် သိကျွမ်းခင်မင်ခဲ့ရသည်။ ထိုသည်ကို အခြေပြု၍ သူနှင့် မင်းသားငယ်ယွီတို့ အတူတကွကြီးပြင်းလာကြသည် ဟူသော ဇာတ်လမ်းကို လုပ်ကြံဖန်တီးလိုက်လေသည်။ ထို့နောက်မှာတော့ ယွီရှီက သူ့ကို သူငယ်ချင်းတစ်ယောက်ကဲ့သို့ သဘောထားသည်ဟု ထပ်မံဖြည့်စွက်ခဲ့သည်။ အချိန်ကြာလာသည်နှင့်အမျှ ကျုံးဝမ်သည် ပိုမို၍ မျက်နှာပြောင်တိုက်လာသည်။ သူနှင့် ယွီရှီ၏ ဆက်ဆံရေးသည် လေးနက်ပြီး လက်ပွန်းတတီးနေသော သူငယ်ချင်းများဖြစ်သည်ဟုပင် တဲ့တိုးပြောလေတော့သည်။ လွန်ခဲ့သည့်နှစ်များက ကျုံးဝမ် တစ်ခုခုတောင်းဆိုလျှင် မည်သည့်အခါကမှ ရရှိခဲ့ခြင်းမရှိသော်ငြား ယခုအချိန်တွင်မူ မည်သည့်အရာကို တောင်းဆိုတောင်းဆို ရရှိနေလေပြီ။

ထိုနှစ်များမှာ မြတ်နိုးဖွေရှာWhere stories live. Discover now