-84- (တစ္ဆေဘုရင်အား အ၀တ်လဲခြယ်ပေးရခြင်း ဂိမ်းပြိုင်ပွဲ)

Start from the beginning
                                    

Peppa ရေ....
မင်းတော့ အာကာသဒုံးပျံသိပ္ပံပညာရှင် ဖြစ်လာရင် ဖြစ်လာ မဟုတ်လို့ ဂီတပညာရှင်တွေ ဖြစ်လာရင် ဖြစ်လာ တစ်ခုမဟုတ်တော့ တစ်ခု ဖြစ်မြောက်မှ တော်ကာကျမယ်နော်
မဟုတ်ရင် မင်းတော့ မင်းရဲ့ တစ္ဆေဘုရင်ဖေဖေရဲ့
အားသွန်ခွန်စိုက် ကြိုးစားအားထုတ်ပေးမှုတွေကို သဲထဲရေသွန် ဖြစ်အောင် လုပ်မိတော့မယ်...

မင်းကိုယ်တိုင်ကလည်း ငန်း လေး ဆိုပေမယ့်....

သဘာ၀အလျောက် ဥပေါက်သည့်ဖြစ်စဉ်အား မဖျက်စီးစေမိဖို့ အရေး ယွိကျန်းတုလည်း ဥအား ခဏသာ ကိုင်ကြည့်၍ မတ်တပ်ရပ်လိုက်၏။

ထိုသို့ မတ်တပ်ထလိုက်သည့်အခါ ပို၍တောင် အံ့ဩသွားရသည့် နောက်ထပ် ဖြစ်ရပ်တစ်ခုနှင့် ကြုံဆုံရသည်။

သူ မျက်စိရှေ့က ကွန်ပျူတာမျက်နှာပြင်ကို တစ်ချက် ရှန်းချွယ့်၏ မျက်နှာအား တစ်ချက်ကြည့်ရှုလိုက်လေသည်။

".......သူဌေး! ပြောတော့ကျ Peppa ကို မမွေးခင်ကတည်းက ပတ်၀န်းကျင် ကောင်းကောင်းမှာ ပျိုးထောင်ချင်တယ်လို့ ပြောတာမဟုတ်ဘူးလား? ဘာလို့ ကိုယ်တိုင်ကကျ ဂိမ်းအဆော့မပျက်ရတာလဲ"

ဂိမ်းဆော့နေရုံတင်မကသေး ဧည့်သည် သုံးယောက်နှင့် တစ်ပြိုင်နက် စကားပြောခန်းများလည်း တန်းစီဖွင့်ထားသေးသည်။

ရှန်းချွယ့်က မျက်နှာအမူအရာပင် ပြောင်းမသွားပါဘဲ ပြောလာ၏။

"ငါ အသံပိတ်ထားတယ် Peppa မကြားရဘူး"

ယွိကျန်းတုက စကားပြောခန်းများကို အပေါ်ယံ ဖြတ်ခနဲ ကြည့်ရှုလိုက်သည်။

"...........ဂိမ်းထဲကလူနဲ့ ရန်ဖြစ်နေတာကျတော့ရော?"

" ငါ မိုက်ခ် ပိတ်ထားတယ် မင်းသာ ဘာမှ မပြောရင် Peppa လည်း ဘာမှ မသိဘူး"

ရှန်းချွယ့်က သူ့အသံကို တတ်နိုင်သမျှ နှိမ့်၍ ကျိုးကြောင်းဆီလျော်စွာ တုံ့ပြန်လာ၏။

ထို့အတွက် ယွိကျန်းတုတစ်ယောက် ဘာများ ဆက်ပြောနိုင်ပါတော့မည်နည်း?
သို့နှင့် အပြုံးတစ်ပွင့်ဖြင့်သာ ခေါင်းတညိတ်ညိတ် လုပ်လိုက်လေသည်။

ခေတ်သစ် ငရဲသစ်//MM Translation//Where stories live. Discover now