-23.1- (ရွှေအိုရောင်ယုန်‌မွှေး စဉ့်ရည်သုတ်လက်ဖက်ရည်ခွက်)

2.6K 573 18
                                    

(Unicode)

တဒင်္ဂလောက် တောက်ဓမ္မကိုယ်တော်ခိုမှာ သူ၏ နှစ်နှစ်ဆယ်တိုင်တိုင် ဘဝတစ်လျှောက်လုံးနီးပါးသင်ယူမှတ်သားသိရှိထားခဲ့သောအရာမှန်သမျှက အတုအယောင်တွေချည်းဖြစ်နေခဲ့တာပဲဆိုတဲ့အသိ ဝင်သွားခဲ့ရသည်။

သူသည် တစ်ပိုင်းတစ်စစီကျိုးပဲ့ကြေမွကာသွားသော မြေပြင်ပေါ်ရှိ အပနှင်ဓားကိုကြည့်လိုက်ပြီးနောက် အနက်ရှိုင်းဆုံးနေရာအထိ အသက်ကို ပြင်းပြင်းရှုသွင်းလိုက်ကာ... တောက်ဓမ္မဆရာတော်မုနှင့် သူ့လက်ထောက်ကိုယ်တော်တို့ပြောတဲ့စကားများကို သူနားလည်သွားသလို ခံစားလိုက်ရသည်။
"ကျင့်ကြံရေးနည်းပညာတွေဆိုတာလည်း အချိန်နဲ့အမျှ ပြောင်းလဲနေပြီး နည်းပညာတိုးတက်လာသလောက် သူလည်း လိုက်ပြီးပြောင်းလဲဖို့ လိုအပ်နေတာပဲ....."

မျက်စိရှေ့တွင်တော့ နတ်ဆရာမှာ သူ့တစ်ကိုယ်တည်း ရန်ဖြစ်နေပြီး သူ့ကိုယ်ကိုပဲ တဖြန်းဖြန်း ပါးတွေချနေလေရဲ့။
ဘယ်လောက်မှမကြာလိုက်ဘူး သူ့မျက်နှာကြီးတစ်ခုလုံးကလည်း နီရဲနေခဲ့ချေပြီ။

ယွိကျန်းတုမှာ သည်းမခံနိုင်တော့ချေ။
သို့နှင့် ၎င်းနတ်ဘုရားသုံးသွယ်တို့ကို ရပ်တန်းကရပ်လိုက်ဖို့ အော်ဟစ်လိုက်ရ၏။
"အခုချက်ချင်း ရပ်လိုက်တော့!
ခင်ဗျားတို့တွေ နတ်ဆရာကို ရိုက်နေတာကို မသိဘူးများမှတ်နေလား...
ဆက်လုပ်နေဦးမယ်ဆိုရင် ကျွန်တော်ကိုယ်တိုင် ခင်ဗျားတို့ကို ချတော့မှာ"

ထိုစကားကြောင့် နတ်ဆရာရဲ့ လုပ်ရပ်တို့က ငြိမ်ကျသွားရသည်။
သို့သော် သူ့ကိုယ်မှာ ပူးကပ်ထားဆဲ နတ်ဘုရားသုံးသွယ်တို့က တစ်လှည့်စီ အပြန်အလှန် ဆဲလိုက် ဆိုလိုက် စကားလုပြောလိုက် လုပ်နေကြသည်မှာ ဘေးကနေ ကြည့်ရသူတွေကို မူးနောက်လာစေသည်။

သူတို့ တစ်လျှောက်လုံး အလုပ်အကျွေးပြုစုနေခဲ့မိတဲ့ နတ်ဘုရားတွေက အခုလိုကြီးဖြစ်နေလိမ့်မယ်လို့ ဘယ်လိုလို့ ထင်ထားခဲ့မှာလဲ?

အကုန်လုံးက ယွိကျန်းတု နည်းတူ မတ်တပ်ရပ်ကုန်ကြသည်။သို့သော် အခြေအနေကြီးတစ်ခုလုံး ထူးဆန်းမှုတွေနဲ့ချည်းပြည့်‌နှက်နေတာက သူတို့ကို ဘာလုပ်လို့ဘာကိုင်ရမယ်မှန်းမသိအောင် ဇဝေဇဝါဖြစ်နေရဆဲ....
၎င်းအပြင် အခုလေးတင် သူတို့မျက်မြင်ကြုံတွေ့လိုက်ရတဲ့ သဘာဝလွန်ဖြစ်ရပ်တွေကြောင့် ဒီတစ်ကြိမ်၌ကား တိုးတီးပြောဆိုခြင်းတွေတောင် မလုပ်ရဲကြတော့ချေ။

ခေတ်သစ် ငရဲသစ်//MM Translation//Where stories live. Discover now