-62- (ဖျော်ဖြေရေးနတ်ဘုရားများ)

1.6K 334 11
                                    

(Unicode)
T/N : ဒီအပိုင်းကို မဖတ်ခင် နားလည်မှု လွဲကုန်လောက် မယ်လို့ ထင်မိတဲ့ဟာလေးကို အရင်ဆုံး စကားခံတဲ့အနေနဲ့ ကြိုရှင်းပြချင်ပါတယ်

ဒီအပိုင်းက ဗုဒ္ဓဘာသာအယူအဆ အခေါ်အဝေါ်တွေနဲ့ ဟိန္ဒူဘာသာအယူအဆတွေအကြောင်း အများကြီး ပါလို့ ဖတ်ရင်း နားမလည်လောက်ဘူးထင်ရင် ဒါလေးကို အရင်ဦးဆုံး ပြီးအောင် ဖတ်ပေးပါနော်

ဆိုတော့ အိုင်တို့ ဗုဒ္ဓဘာသာ ဒဏ္ဍာရီ ဇာတ်လမ်းတွေထဲက ကိန္နရီ ကိန္နရာ ဇာတ်ကြောင်းကိုတော့ တော်တော်များများ သိ‌ကြလောက်မယ် ထင်ပါတယ်။

အကျယ်ပြောရရင် ကိန္နရာ ဆိုတာက ဗုဒ္ဓဘာသာရဲ့ အစောင့်အရှောက် နတ်ဘုရား ရှစ်မျိုးထဲက တစ်မျိုး အပါအ၀င်ပေါ့
gods of music လို့လည်း ခေါ်ကြတယ် တူရိယာမျိုးစုံတီးခတ်နိုင်တဲ့ အစွမ်းရှိကြတာကြောင့်မို့။

ကျန်တဲ့ အစောင့်အရှောက်နတ် ၇ မျိုးကိုလည်း ဗဟုသုတအနေနဲ့ နည်းနည်းလေးထည့်ပြောလိုက်မယ်နော်

၁. ဒေ၀ (နတ်)
(လူသားတွေထက် ရှည်ကြာတဲ့သက်တမ်းနဲ့နေရပြီး ပင်ပန်းဆင်းရဲကင်းဝေးသော ဘ၀မှာ စံစားရတယ် ။ သေဆုံးပြီးတဲ့အခါကျရင်တော့ လူ သို့မဟုတ် တိရစ္ဆာန် အနေနဲ့ ပြန်၀င်စားလေ့ရှိကြတယ်)

၂.နဂါးမင်း
(ရေအောက်မှာ နေတဲ့ သတ္တဝါ ။
တရုတ် ဒဏ္ဍာရီအတိုင်းပဲ မိုးခေါင်ရေရှားဖြစ်နေတဲ့ ကပ်ဘေးကနေ ကယ်ဆယ်ပေးနိုင်)

၃. ယက္ခ
(သူ့ကိုကျ နတ် ဆိုတာထက် မကောင်းတဲ့နတ် လိုသတ်မှတ်ကြတာ ပိုများတယ်
ဗုဒ္ဓဘာသာမှာကျ ဒီ ယက္ခတွေကပဲ မကောင်းဆိုးဝါးတွေကို စားသောက်ပြီး လောကကြီးကို ကာကွယ်ပေးနေတဲ့ နတ်အဖြစ် ဖော်ပြထားတယ်)

၄. ဂန္ဓဗ္ဗ (အမွှေးနံ့သာ နတ်ဘုရား)
(အစားသောက်တွေထက် အမွှေးနံ့သာ အလှအပတွေ ပိုမက်မောတယ်
ဘုန်းကြီးကျောင်းတွေမှာ လက်၀တ်လက်စားတွေ ပန်းကုံးတွေ အများဆုံး ဆက်သခံထားရတဲ့ ရုပ်ထုတွေတော်တော်များများက ဂန္ဓဗ္ဗများ ဖြစ်ကြတယ်)

၅.ဂဠုန်(ငှက် အမျိုးအစားတစ်မျိုး)
(တစ်ရက်တစ်ရက် အသက်ရှင်နေထိုင်ဖို့ ပိုးကောင် ၊ နဂါးများကို ‌ရာနဲ့ချီ စားသောက်ရတယ်)

ခေတ်သစ် ငရဲသစ်//MM Translation//Where stories live. Discover now