-41.2-

1.9K 491 12
                                    

(Unicode)

ချင်းယွဲ့ကျန်း ဆိုလိုသည့်နေရာမှာ သူနှင့်ကျန်းခဲ့ကျီတို့ နှစ်ဦးသား အတူတူတက်ရောက်ခဲ့ဖူးသည့် အထက်တန်းကျောင်း ဖြစ်သည်။

ပထမဆုံးစတွေ့ခဲ့ကြတာလည်း ထိုနေရာပဲ ဖြစ်ပြီးတော့
နှစ်ယောက်သား အချိန်အများကြီး အတူတူကုန်ဆုံးဖြစ်ခဲ့ကြသည့် နေရာမှာလည်း ထိုနေရာပင် ဖြစ်ပေသည်။

ချင်းယွဲ့ကျန်းနှင့် ကျန်းခဲ့ကျီတို့နှစ်ဦးသားမှာ အတန်းထဲ၌ ဘေးချင်းကပ်လျက် ထိုင်ဖြစ်ခဲ့သည်မှာ စုစုပေါင်း အချိန်ကာလအားဖြင့် သုံးနှစ်။
တစ်ချိန်တစ်ခါက နှစ်ယောက်သားမှာ တက္ကသိုလ်တစ်ခုတည်းကို အတူတူတက်ရောက်ကြဖို့လည်း ကတိပြုခဲ့ကြဖူးသည်။

သို့သော် အောင်စာရင်းများ မကြေငြာသေးခင်အချိန်မှာပဲ ရုတ်တရက်ကြီး ကျန်းခဲ့ကျီ၏ နာရေးသတင်းကို မိသားစုဖက်က ထုတ်ပြန်လာခဲ့၏။

ထိုသတင်းကြားကြားချင်းမှာပဲ ချင်းယွဲ့ကျန်းတစ်ယောက် ကျန်းခဲ့ကျီ၏ အိမ်ကို ပြေးသွားခဲ့ပြီး
ကျန်းခဲ့ကျီ၏ နောက်ဆုံးအချိန်ကို နှုတ်ဆက်ဖို့ ရည်ရွယ်ခဲ့သော်ငြား သူ့မိဘတွေရဲ့ အတွေ့မခံမှုမှာ ချင်းယွဲ့ကျန်း ဘာမှ မလုပ်ဆောင်နိုင်ခဲ့ချေ။
မကြာလိုက်ပါ ၊
ကျန်းခဲ့ကျီ၏ တစ်မိသားစုလုံးလည်း နာရေးပြီးနောက်မှာ အခြားနေရာသို့ ပြောင်းရွှေ့သွားခဲ့ကြသည်။

အထက်တန်းကျောင်း ကျောင်း၀န်းတိုင်းလိုလိုက ၀င်ချိန် ထွက်ချိန်ဟူ၍ သတ်မှတ်ထားကြတာ များ၏။
ချင်းယွဲ့ကျန်းသည် ယခုဆိုလျှင် နာမည်ရ အိုင်ဒေါလ်တစ်ယောက်လည်း ဖြစ်နေပေပြီမို့ နေ့ခင်းကြောင်တောင်မှာ ပေါ်ပေါ်ထင်ထင် သွားလို့လာလို့မရသည်နှင့်
ယင်းက ရှန်းချွယ့်နှင့် ယွိကျန်းတုတို့အား ခေါ်ပြီး
ညကြီးမိုးချုပ်မှ ကျောင်း၀န်းထဲ ခိုး၀င်ခဲ့ကြသည်။

"အဲ့ဒီတုန်းက
ကျွန်တော်နဲ့ ခဲ့ကျီ နှစ်ယောက်လုံးက အဆောင်ကျောင်းသားတွေလေ ၊
ခန္ဓာကိုယ် ဖွံ့ဖြိုးတိုးတက်နေသေးတဲ့အရွယ်ဆိုတော့ တစ်ခုခုဆိုတာနဲ့ ဗိုက်က တန်းဆာပြီ
အဲ့လိုမျိုး ညကြီးညခါမှ ဗိုက်ထဆာပြီး သည်းမခံနိုင်တော့တဲ့အခါမျိုးဆို
ကျောင်း၀န်း နံရံကို ကျော်ပြီး ညလယ်စာ တစ်ခုခု စားဖို့ ခိုးထွက်တတ်တယ်"

ခေတ်သစ် ငရဲသစ်//MM Translation//Where stories live. Discover now