-4- (မကောင်းဆိုးဝါးဝိဉာဉ်တစ်ကောင်အား ဖမ်းဆီးခြင်း)

3.6K 679 122
                                    

(Unicode)

ယွိကျန်းတုမှာ မျက်စိရှေ့က ကောင်မလေးအပြောကြောင့် တုန်လှုပ်သွားမိသည်။
ထိုအခိုက်မှာပဲ ဘယ်ဖက်ထောင့်ဆုံးမှာရပ်နေတဲ့ ကောင်မလေးက သူ့ကို အပြုံးခပ်စိမ်းစိမ်းကြီး ပြုံးပြလာ၏။
ထို့နောက် သူမ မျက်လုံးကြီးက ပြူးကျယ်လာပြီး သွေးကြောနီရဲရဲများ အထင်းသားပေါ်လာကာ မျက်ဖြူလှန်ပြလာခဲ့သည်။
ထို့အပြင် အနီရင့်ရောင် သွေးရည်ကြည်တို့ကပါ သူမမျက်လုံးနှစ်လုံးစီက စီးကျလာခဲ့သည်။

မျက်ဖြူလှန်ထားတဲ့ မျက်လုံးနှစ်လုံး၊မျက်လုံးအိမ်ထဲက စီးကျနေတဲ့ သွေးတွေ၊ အပြုံးခပ်စိမ်းစိမ်းကြီး
အကုန်လုံးခြုံငုံကြည့်သော် အတော်လေးကိုမှ မနှစ်မြို့ဖွယ် မြင်ကွင်းတစ်ရပ်ဖြစ်နေခဲ့၏။

ယွိကျန်းတု-"............"

ယွိကျန်းတုတစ်ယောက် သူအလုပ်၀င်မိထားတဲ့ သရဲကုမ္ပဏီကိုတောင် အခုချိန်မှာ ထိုင်ရှိခိုးချင်စိတ်ပေါက်သွားရသည်။

အဲ့ဒီမှာအလုပ်လုပ်ပြီး သူ့ရဲ့စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုကို ရက်အနည်းငယ်လောက် လေ့ကျင့်ယူထားလိုက်ရတာက မျက်စိရှေ့မှာ အခုလိုမြင်ကွင်းကြီးနဲ့ လာတွေ့နေရတာကိုတောင် မျက်နှာတစ်ချက်မပျက်ပဲ ဆံပင်တိုနဲ့ကောင်မလေးဆီကို အပြုံးတစ်ပွင့်နှင့် ပြန်လည်တုံ့ပြန်နိုင်နေသည်လေ။
"မင်းတို့နှစ်ယောက်ကို ကောင်းကောင်း မခြောက်လှန့်နိုင်လိုက်ဘူးပဲ....ငါ ထင်တာ ငါ့ရဲ့သရုပ်ဆောင်ချက်က သဘာ၀ကျသလားလို့"

ထိုဆံပင်တိုနဲ့ကောင်မလေးက ပြန်ဖြေလာ၏။
"သရုပ်ဆောင်တာကတော့ သဘာ၀ကျပါတယ်...သုံးတဲ့နည်းက နည်းနည်းလေး ဒိတ်အောက်နေလို့သာပါ"

သရဲမက ယွိကျန်းတု လန့်မသွားတာကို မြင်တော့ ဒီလူက သူ့ကိုမြင်ရတာလား မမြင်ရတာလား တစ်ချက်တွေဝေသွားရသည်။

သူတို့သုံးယောက်သား ထိုင်စရာနေရာရတဲ့အချိန်ကျ သရဲမက ယွိကျန်းတုကို စမ်းသပ်ကြည့်ချင်တာနဲ့ ယွိကျန်းတု ထိုင်မယ်လို့လုပ်ထားတဲ့ ခုံမှာ ဦးဦးဖျားဖျား ၀င်ထိုင်လိုက်ပြီး မျက်နှာကလည်း *နင် ဘာတတ်နိုင်သေးလဲ*ဟူသော အလွန်တရာမှ
ဂုဏ်ယူနေတဲ့ပုံ လုပ်ပြလာလေသည်။

ခေတ်သစ် ငရဲသစ်//MM Translation//Où les histoires vivent. Découvrez maintenant