-70- (ပရိုမိုးရှင်း ဆင်းရာ၌ အခက်အခဲများ)

1.5K 299 9
                                    

(Unicode)

သေဆုံးမှုအစားထိုးခြင်းနဲ့ အလားတူ ကံကြမ္မာအလဲအထပ်လုပ်ခြင်းတို့ကိုပါ သိရှိနိုင်သည့် ပရိုဂရမ်အသစ်များ အစားထိုး ရေးဆွဲပြီးချိန်တွင် ''ဘ၀ စီမံရေး" application မှာ စမ်းသပ်ကာလ ပြီးဆုံးသွားခဲ့တော့သည်။

မြေအောက်လောကသားတိုင်း application ကို ဖရီး ဒေါင်းလုပ်ဆွဲနိုင်ပြီး
ပြန်လည်၀င်စားခြင်း မပြုလုပ်ရသေးသော တစ္ဆေများအထိပါ app ကို အသုံးပြုနိုင်သည်။

ညတွင်းချင်းပင် ဒေါင်းလုပ်ဆွဲယူသည့် အရေအတွက်က တဟုန်ထိုး တက်သွားခဲ့ပြီး ဆာဗာ down လုနီးနီး ဖြစ်သွားခဲ့ရသည်။

လော့ဖုန်းက server တွေ run နိုင်ဖို့ စွမ်းအင်တွေက တစ္ဆေဘုရင်ရှန်းချွယ့်ဆီက ယူရတာမို့လို့ ယခုကဲ့သို့ server က မိုင်ကုန် ရောက်လုနီးပါး ဖြစ်သွားရသည့်အချိန်မှာ လော့ဖုန်း၀န်ထမ်းများ ကတုန်ကယင် ဖြစ်လာကြရသည်။

အကြောင်းမှာ တစ္ဆေဘုရင်က သူ့စွမ်းအားတွေ လျော့ပြီဆိုသော် စွမ်းအားပြန်ပြည့်ဖို့အရေး ၀၀ဖြိုးဖြိုး ကျန်းမာရေး ကောင်းပုံပေါ်တဲ့ လော့ဖုန်း ၀န်ထမ်းတွေကို ဖမ်းယူ စားသောက်မှာ ကြောက်ရသောကြောင့်ပင်။

ခန်ကျင့်သည်လည်း တစ်မိနစ်ခြားတစ်ခါ သူ့ဆံပင်အတုကို ပုံပြန်သွင်းနေရင်း...
ဆံပင်ပုံ ဖရိုဖရဲဖြစ်သွားတာကို သူဌေးဆီမှာ မိသွားတာနဲ့ အစားခံရတဲ့ ၀န်ထမ်းက သူ ပထမ‌ဆုံး ဖြစ်လာမှာကို စိုးရိမ်နေခဲ့သည်။

ယခုကဲ့သို့ ရှန်းချွယ့်အား ၀န်ထမ်းတွေက ဒူးတုန်ရလောက်အောင်အထိ ကြောက်ကြတဲ့အဖြစ်ကို မျက်မြင်တွေ့ရတာ ယွိကျန်းတုအနေနှင့် ယခုတစ်ကြိမ်က ပထမဆုံး မဟုတ်တော့ပါ။

အဲ့လိုမျိုး ကြုံတွေ့ရတိုင်း သူ့မှာမူ အတည်ပေါက် မထင်ဘဲ ၀န်ထမ်းတွေ ကြောက်နေကြပုံကို ချစ်ဖို့ကောင်းတယ်လို့ပင် မြင်နေမိသည်။

သို့နှင့်ပဲ တွေးစစလုပ်ကြည့်ပြီးနောက် အခုလိုအချိန်မှာ သူဌေးဆီ အကျိုး‌အကြောင်းမေးဖို့ သွားလည်လိုက်တာ ကောင်းမယ်ဆိုတဲ့ အတွေးက ပေါ်ချလာတာနှင့် အလုပ်နေရာမှ ထကာ သူဌေးရုံးခန်းရှိရာဆီ သွားလိုက်သည်။

ခေတ်သစ် ငရဲသစ်//MM Translation//Where stories live. Discover now