-71- (ပြန်လည်၀င်စားခြင်း)

1.3K 286 8
                                    

(Unicode)

မည်သူ့တွက်မဆို အတိတ်ဘ၀က မှတ်ဉာဏ်တွေ ရှိနေလျက်နဲ့ ထိုအတိတ်ဘ၀က ရေစက်ရှိဖူးသော ဆွေမျိုးများ မိတ်ဆွေများ မိသားစုများအား သွားလည်းတွေ့ခွင့်မရှိ အဆက်အသွယ်လုပ်ခွင့်လည်းမရှိ
အရာရာပိတ်ပင်ခံထားရပြီး ကိုယ့်လက်ရှိဘ၀ကိုယ် နေထိုင်စေခြင်းက အင်မတန်မှ ရက်စက်ရာ ကျလွန်းလှသည်။

"အဆက်အသွယ် လုပ်ခွင့်လည်းမရှိ" ဆိုသည့်အခြေအနေမျိုးက ဝေးဝေးလံလံ သွားရှာနေဖို့တောင် မလို။

အထူးသဖြင့် မိဘနေရာ ရောက်ခဲ့ကြတဲ့သူတွေအဖို့ ၎င်းတို့၏ အတိတ်ဘ၀က ရင်နှင့်လွယ် မွေးခဲ့ရသော သွေးသားများကို လက်လွှတ်ပြီး ကိုယ့်လမ်းကိုယ် ဆက်လျှောက်နိုင်ဖို့ဆိုတာ ခက်ခဲလှသည်။

ထို့အတွက်လည်း ဘယ်သူမှသတိမထားမိခင်အချိန်မှာ လျှို့ဝှက်ပြီး သားတွေ သမီးတွေဆီ ပြန်သွား စကားပြောတာမျိုးတွေ ရှိကြသည်။

၎င်းတို့ သားသမီးများ ကျန်းမာရေး‌ နေထိုင်မကောင်း
တာမျိုး ရှိပါလျှင်လည်း ယခုဘ၀က ကြွယ်၀ချမ်းသာမှုတွေကို အသုံးချပြီး တတ်နိုင်သမျှ ထောက်ပံ့တာမျိုးတွေလည်း ရှိကြသေးသည်။

ငရဲပြည် ဘယ်လောက်ပဲ တိုးတက်လာပြီ ပြောပါစေ ယခုကဲ့သို့ အခြေအနေမျိုးကိုတော့ ထိရောက်စွာ ကိုင်တွယ်နိုင်ခြင်း မရှိသေးချေ။
တကယ်သာ အစောကြီးကတည်းက ကိုင်တွယ်နည်း ရှိနေခဲ့ပါလျှင် ယုံတမ်းပုံပြင်တွေမှာ အခုလိုဇာတ်လမ်းတွေ ဒုနဲ့ဒေး ဖြစ်နေစရာ အကြောင်းမရှိ မဟုတ်ပါလား။

ရှန်းချွယ့်အနေဖြင့် ယွိကျန်းတုကို ထည့်မပြောလိုက်ရသည့် အကြောင်းလည်း ရှိသေးသည်။

စင်စစ် ရှေး ပြည်ထောင်စုခေတ်များတွင် ပူးပေါင်းဖို့ ငြင်းဆန်သည့်သူများကို ငရဲပြည်၏ ကိုင်တွယ်ပုံ ကိုင်တွယ်နည်းက ကြမ်းတမ်းကာ ပြီးစလွယ်နိုင်သည်ဟုလည်း ဆိုနိုင်၏။

မြေအောက်‌လောကအတွက်မူ လူတစ်ယောက်က သေသည်ဖြစ်စေ အသက်ရှင်နေသည်ဖြစ်စေ ဝိဉာဉ်တစ်ခုသာ။

အခုမှသာ လူတွေက ''လူ့အခွင့်အရေး" ဆိုတဲ့အသုံးအနှုန်းအသစ်အတွက် တိုက်ပွဲ ၀င်လာကြလို့...

ခေတ်သစ် ငရဲသစ်//MM Translation//Where stories live. Discover now