-43.2-

2.3K 504 27
                                    

(Unicode)
"ရင်သပ်ရှုမောဖွယ် လူငယ်လူရွယ်များ"အစီအစဉ်
ထုတ်လွှင့်ပြသမှုတစ်လျှောက်လုံး ချင်းယွဲ့ကျန်း၏ ပရိသတ်များမှာ ထိုအစီအစဉ်ကို အားတက်သရော အားပေးကြည့်ရှုခဲ့ကြသည်။
သို့အလျောက် အစီအစဉ်၌ ဘုတ်ခုံ‌များ ခုန်ပျံကျော်လွှားရင်း ခါးသိုင်းကြိုး ပြုတ်သွားသည့် အဖြစ်အပျက်မျိုးနှင့်ကြုံတွေ့ရလိမ့်မည်ဟူ၍လည်း မထင်မှတ်ထားခဲ့ကြပေ။
အဆုံးသတ်၌ မလိုလားအပ်သော ခိုက်ရန်ဖြစ်ပွားမှုများကို ရှောင်တိမ်း‌နိုင်ခဲ့သော်လည်း ကြည့်ရှုသူများအနေဖြင့် များစွာ စိတ်ပူပန်ခဲ့ကြရသည်။

၎င်းတို့က ဖြစ်သွားခဲ့သည့်ကိစ္စအတွက် Big Eye Livestream ကို ရက်‌သတ္တပတ်ကြာသည်အထိ ဆဲလို့ ဆိုလို့ မပြီးခဲ့ကြချေ။
Big Eye Livestream အနေဖြင့် လူလုံးထွက်ပြီး တောင်းပန်စာ တင်ခဲ့ရသည်အထိ ဖြစ်ခဲ့ရသည်။
နိဂုံးချုပ်အနေနှင့်ကတော့ ချင်းယွဲ့ကျန်းဖက်မှ ဖြစ်သွားခဲ့သည့်ကိစ္စနှင့် ပတ်သတ်၍ အရေးယူမှု တစ်စုံတစ်ရာ ပြုလုပ်သွားမည် မဟုတ်ပါ ဆိုသည့် ထုတ်ပြန်ချက်နှင့်မှ ကိစ္စတို့က ငြိမ်သက်သွားခဲ့ရသည်။

သို့‌သော် ထိုကဲ့သို့ ငြိမ်သက်သွားပြီးနောက်မှ ပြန်၍ ဗွက်ထလာသည့် အကြောင်းအရင်းကား ရှန်းချွယ့်ကြောင့် ဖြစ်နေလိမ့်မည်ဟု မည်သူ ထင်ထားခဲ့ပါမည်နည်း။

အကြောင်းရင်းမှာကား ဟာသဇာတ်လမ်းတိုများတင်သည့် နာမည်ကြီး weibo အကောင့်တစ်ခုက အစီအစဉ်တစ်လျှောက်လုံး ရှန်းချွယ့်၏ လှုပ်ရှားမှုများကို သတိထားမိသွားခြင်းကြောင့်ပင်။
၎င်းအကောင့်က ထုတ်လွှင့်သွားသည့်အပိုင်းမှ ရှန်းချွယ့်ပါဝင်သည့် ဗီဒီယို အပိုင်းအဖြတ်လေးများကို တစ်စုတစ်စည်းထဲ ပြုလုပ်ရင်း အွန်လိုင်းပေါ်တင်လိုက်ရာမှ ထိုဗီဒီယိုက နာမည်ကြီးသွားပြီး
တစ်ဆင့်စကားတစ်ဆင့်နားမှာ လူပြောစဖွယ် ဖြစ်လာခဲ့သည်။

တစ်ညအိပ် နှစ်ရက်လောက်ထိ ထို ဗီဒီယိုကို အကောင့်တိုင်းလိုလိုက ပြန်တင် ပြန်ရှဲ ဖြစ်နေခဲ့၏။

အဓိကအကြောင်းအရင်းမှာ ဗီဒီယိုထဲ၌ပါနေသည့် ရှန်းချွယ့်၏ အမူအရာများက အင်တာနက်ဝေဖန်သူများကို အလွန်အမင်းရှော့ခ်ရစေသောကြောင့်ပင်။
ကုန်လွန်ခဲ့ပြီးသော နှစ်တွေမှာ ဒရာမာစီးရီးများထက် ယခုကဲ့သို့ variety show များက ကြည့်ရှုသူများကြား ပို၍ နာမည်ကြီးလာတာက တစ်ကြောင်း...
ပြိုင်ပွဲ ၊ ဂိမ်းကစားရသည့်အခါ ဧည့်သည်အနုပညာရှင်များ၏ တုံ့ပြန်ပုံများကို ကြည့်ရှုသူများ အနေဖြင့် ရင်းနှီးပြီးသား ဖြစ်နေတာက‌တစ်ကြောင်း.....

ခေတ်သစ် ငရဲသစ်//MM Translation//Where stories live. Discover now