-24- (သူဌေးက လူမဟုတ်ပါ)

2.8K 591 24
                                    

(Unicode)

အစပိုင်းမှာ ယွိမန်ကျန်းက ရှန်းချွယ့် သူတို့ကို လိမ်နေတာဟု ဆက်တိုက်အကျောက်အကန်ငြင်းနေဆဲဖြစ်သော်လည်း ယွိအကြီးအကဲ၏ မိသားစု၀င်များက ၎င်း၏ ဆန်းစစ်ကိရိယာများ ယူလာပေးချိန်၊ လူတွေက ကြေမွသွားတဲ့ ခွက်ရဲ့ အစိတ်အပိုင်းတစ်စချင်းစီကို စစ်ဆေးတာကိုကြည့်ရှုပြီး သက်ပြင်းတွေချကြချိန်မှာတော့ သူ စတင်၍ တုန်လှုပ်လာခဲ့ရသည်။

နောက်ဆုံးမှာတော့ ခွက်ရဲ့တန်ဖိုးကို တိတိကျကျ ဈေးဖြတ်ပေးနိုင်ရန်အတွက် တရား၀င်အသိအမှတ်ပြုရုံးသို့သာ ပို့၍ ဈေးအတိအကျဖြတ်ခိုင်းရန် ဆုံးဖြတ်လိုက်ကြ၏။

ဈေးဖြတ်ပေးသည့် တရား၀င်ရုံးမှ စာပြန်ရောက်လာသည့်အခါတွင်တော့ ခွက်ရဲ့ပေါက်ဈေးက ရှန်းချွယ့်စပြီးပြောခဲ့သည့် ဈေးတက်ပင် မြင့်မားနေကြောင်းသိခဲ့ရသည်။
အဘယ့်ကြောင့်ဆိုသော် လောကကြီးထဲမှာ ကျန်ရှိနေသေးတဲ့ ရွှေအိုရောင်‌ယုန်မွှေးခွက်များထဲမှာမှ ကျန်းအုတ်ဖိုက ထွက်သည့် ခွက်များမှာ အရေအတွက် အနည်းငယ်သာ ကျန်ရှိတော့ပြီး ရှန်းချွယ့် လက်ဆောင်အနေနဲ့ပေးသည့် ဤခွက်များမှာ ကျကျနန ထိန်းသိမ်းစောင့်ရှောက်ထားမှုကြောင့် သူတစ်ခွက်တည်းရဲ့ ပေါက်ဈေးကပင် သန်း ၆၀ နားလောက်ထိ ရောက်ရှိသွားခဲ့ချေပြီ။

ယွိမန်ကျန်းမှာ ထိုသတင်းကို ကြားတော့ မူးမေ့လဲသွားမတတ် ဖြစ်ခဲ့ရ၏။
သူ့ပါးစပ်ကနေ ဆယ်ဆ ပြန်လျော်ပေးမယ်လို့ ရှန်းချွယ့်ကို သူကတိပေးထားခဲ့မိတာ မလား...

သို့သော် သူ ဥစ္စာကြွယ်၀တဲ့အချက်ကတော့ ဟန်ဆောင်ထားတာ မဟုတ်ရပါချေ။ ဒီ သူ့ရှေ့က လူငယ်လေးက သရုပ်ဆောင်အမှုမှာ တစ်ဖက်ကမ်းခတ် ကျွမ်းကျင်နေခဲ့လိမ်မယ်လို့ ဘယ်လိုလို့ ထင်ခဲ့မိမှာလဲ...
ဒီသူငယ်က စုန့်ပြည်ထောင်စုက ရှေးဟောင်းပစ္စည်းတွေ ပိုင်တာတောင်မှ သူ ဆော့တဲ့ ဂိမ်းထဲက item ၀ယ်ဖို့ ပိုက်ဆံမရှိဘူးလို့ ငြင်းနေသေးတာလေ...

ပြီးတော့ ယွိကျန်းတုရဲ့ မိသားစုကို လက်ဖက်ရည် တည် သောက်ဖို့ ဒီလိုပစ္စည်းမျိုးကိုတောင် လက်ဆောင်ပေးထားလိုက်သေးတယ်...

ခေတ်သစ် ငရဲသစ်//MM Translation//Where stories live. Discover now