-54- (မြေအောက်လောက ထိပ်တန်းမြင်ကွင်း ရှစ်မျိုး)

1.6K 364 7
                                    

(Unicode)
"ရောက်လာပါပြီ! ဒီနေရာပါပဲခဗျာ"
ကောက်တွေ့တွေ့က selfie stick တစ်ခုမှာ ဖုန်းကိုချိတ်ထားရင်း လက်ကို အမြင့်ထိ ဆန့်တန်းထားကာ ပတ်၀န်းကျင်မြင်ကွင်း ၃၆၀° ပါစေခြင်းဖြင့် livestream လုပ်နေခဲ့သည်။
သူ့မျက်နှာ၌ကား အံ့ဩမင်သက်မှုတို့က အထင်းသား။
"ဘုရားသခင်...ဒီပန်းခြံပါတီက ပေါ့သေးသေး မဟုတ်ဘူးပဲ"

ကောက်တွေ့‌တွေ့‌ ဆိုသူသည် Big Eye Livestream ကုမ္ပဏီမှ သဘာ၀လွန်ဖြစ်ရပ်များကို ရိုက်ကူးမှတ်တမ်းတင်လေ့ရှိသော streamer သာမညလေးတစ်ယောက်ဖြစ်သည်။
ပုံမှန်ဆိုလျှင် ၎င်း၏ live တွင် သရဲပုံပြင်များ ပြောပြလေ့ရှိ၏။
ထို့အပြင် သရဲအိမ်များ ၊ သရဲခြောက်သည်ဟု ကောလဟာလ ထွက်ထားသော နေရာအရပ်များသို့လည်း သွားရောက်လည်ပတ်ပြတတ်သေးသည်။

တစ္ဆေပွဲတော် တ‌စ်ခေတ်ထလာသည်နှင့်အတူ ကောက်တွေ့တွေ့တစ်ယောက် လစ္ဒြာပြက္ခဒိန်၏ ခုနစ်လမြောက် လတစ်ခုလုံးစာအတွက် livestreams  များကို စီးရီးတစ်ခုစာပြင်ဆင်ထားသည်။

သူသည် အမှန်တကယ် သရဲတစ္ဆေအစစ်များနှင့် တစ်သက်နှင့်တစ်ကိုယ် တစ်ခါမှ မကြုံဖူးသော်လည်း  သရဲခြောက်သည့်နေရာများသို့ အဓိကထားသွားပြတတ်ပြီး သူ၏ editing skill နှင့် သရဲကြောင်း ကောင်းစွာပြောပြတတ်သည့် အရည်အချင်းတို့ကြောင့် တစ်စထက်တစ်စ ပိုပို၍ နာမည်ကြီးလာခဲ့သည်။

ယနေ့တွင် ကောက်တွေ့တွေ့တစ်ယောက် ‌ပွပေါက်တိုးသည့်အလား။ သူ လေ့လာရှာဖွေထားသည့်
သရဲခြောက်သည့်နေရာများအနက် ဖူမြို့၏ ဖွံ့ဖြိုးတိုးတက်ရေးနယ်မြေထဲမှ စွန့်ပစ်ခံ စက်ရုံကြီးတစ်ရုံလည်း ပါ၀င်နေပေသည်။

ဖြစ်ပုံမှာ ထို မြေနေရာသည် မူလအစကတည်းက သင်္ချိုင်းမြေရိုင်းတစ်ခုဖြစ်ခဲ့ကာ မကြာသေးမီနှစ်များအတွင်း၌ စက်ရုံပိုင်ရှင်များက တစ်ခြားနယ် ပြောင်းရွှေ့သွားချိန်တွင် စက်ရုံကြီးအား စွန့်ပစ်ထားခဲ့ကြသည်။
ထိုသို့စွန့်ပစ်ခံဘ၀မှတစ်ဆင့် သရဲခြောက်သည့်ကောလဟာလများကလည်း တစ်စထက်တစ်စ တိုးပွားလာခဲ့ခြင်းပင်။

စွန့်ပစ်ခံနေရာ ၊ စက်ရုံပျက် ၊ သင်္ချိုင်းမြေရိုင်း အစရှိသည့် ခြောက်ခြားဖွယ်စကားလုံးများ တစ်နေရာတည်းတွင် စုစည်းပါ၀င်နေသောကြောင့် ကောက်တွေ့တွေ့တစ်ယောက် ထိုနေရာသို့ ‌သွားရောက်လည်ပတ်ကြည့်ဖို့ရန် လွန်စွာမှ စိတ်အားထက်သန်နေခဲ့သည်။

ခေတ်သစ် ငရဲသစ်//MM Translation//On viuen les histories. Descobreix ara