-51- (အရေးပါသောသူ ၀င်ရောက်လာမှု)

1.9K 391 0
                                    

(Unicode)
ကျောက်ရော့လား၏ မျက်လုံးတော် ပွင့်သွားရသည့်အကြောင်း ဆွေးနွေးပြီးနောက်မှာ သုံးယောက်သား ကွေ့လုံအား ကြည့်လိုက်မိကြသည်။

ကွေ့ လုံမှာ ငုံးငှက်တစ်ကောင်နှယ် ဘေးထောင့်နားလေး၌ ကပ်ရပ်နေပြီး ခေါင်းတို့ကို ငိုက်စိုက်ချထားခဲ့၏။
သူ့မှာ ထွက်လည်းမပြေးရဲ။
သူ့ထံသို့ အကြည့်တို့ပြိုင်ကျလာသည့်အချိန်တွင် ကွေ့လုံခမျာ ဒူးများတုန်ရီလာပြီး အကြောက်လွန်ကာ ဒူးထောက်မိမတတ် ဖြစ်သွားခဲ့ရသည်။
"ကျွန်တော် ခိုးကြည့်တာ မဟုတ်ပါဘူး..တကယ်ကြီး ခိုးကြည့်မလို့ လုပ်တာ မဟုတ်ရပါဘူး"

ကျောက်ရော့လား :"ရှင် ကျွန်မ ဂါ၀န်အောက်ကနေ ဖြတ်သွားတာလေ!"

ကွေ့လုံ၏ မျက်နှာထားမှာ ဇီးရွက်လောက်လေးသာ ကျန်၍ အလွန်အမင်း တောင်းပန်လိုဟန်ပေါ်နေခဲ့ကာ...
"အဲ့တာက ဘယ်လိုလဲဆိုတော့ ကျွန်တော်လည်း တစ္ဆေဖြစ်တာကြာပြီဆိုတော့ လမ်းလျှောက်ရင် လူတွေကို ကြည့်ပြီးမှ လျှောက်တတ်တာ အကျင့်ပါနေလို့ပါ..
ဂါ၀န်အောက်ကဖြတ်သွားမိတယ်ဆိုတာလည်း ကျွန်တော့် အရပ်က ပုတာကိုး..."

ကျောက်ရော့လား :".........."

ယွိကျန်းတု သေချာကြည့်လိုက်ချိန်တွင် ကွေ့လုံမှာ မျက်ရည်တွေပါ ကျကာ တရှုံ့ရှုံနဲ့ နှပ်တွေရွှဲနေသည်အထိ ငိုနေခဲ့ကြောင်း တွေ့ရသည်။
ကြည့်ရရင် လိမ်နေတဲ့ပုံတော့ မပေါ်။

သို့နှင့် သူ မေးကြည့်လိုက်ရ၏။
"အဲ့တာဆို ခိုးကြည့်ဖို့ လုပ်ခဲ့တာ မဟုတ်ဘူးဆိုရင် အစကတည်းက ဘာလို့ အမျိုးသမီးသန့်စင်ခန်းထဲ ရောက်နေခဲ့တာလဲ?"

ကွေ့လုံမှာ ငိုတာရပ်သွားပြီးနောက် တွန့်ဆုတ်စွာဖြင့် ဖြေပေးလာခဲ့သည်။
"ကျွန်တေ့သူငယ်ချင်း ပေ ကို ရှာဖို့ သွားခဲ့တာပါ"

"ပေ??"
ယွိကျန်းတု ကြောင်အမ်းသွားခဲ့ရသည်

ရှန်းချွယ့်က ၀င်ရှင်းပြလာခဲ့၏။
"အဲ့တာလည်း သန့်စင်ခန်းတွေထဲမှာ ကျက်စားတတ်တဲ့ တစ္ဆေတစ်မျိုးပဲ"

ယခု တစ္ဆေအမျိုးအစားသည်လည်း အချိန်တော်တော်များများကို သန့်စင်ခန်းများထဲတွင် နေရင်း ကုန်ဆုံးတတ်ကြသူများဖြစ်ကြသည်။
သို့သော် တစ်ခြားသန့်စင်ခန်းတစ္ဆေများကဲ့သို့ စနောက်ရတာမျိုး မကြိုက်ဘဲ ၎င်းတို့ကား သနားစဖွယ် ကိုယ်ကျင့်စရိုက်များ ရှိတတ်ကြသူ ဖြစ်သည်။
အများစုမှာ အမျိုးသမီးများဖြစ်ကြပြီး အကယ်၍များ တစ်စုံတစ်ယောက်အနေဖြင့် တစ်ကောင်ကောင်နှင့် မတော်တဆ တွေ့ကြုံခဲ့ပါက ၎င်းတို့ထံသို့ မနှစ်မြို့စဖွယ် စကားများ တစ်ခွန်းနှစ်ခွန်းလောက် ပြောလိုက်ရုံဖြင့် ခြောက်လှန့်နိုင်သည်။
သို့အတွက် ၎င်းတို့၏ နာမည်မှာ "ပေ" ဖြစ်နေခြင်းပင်။

ခေတ်သစ် ငရဲသစ်//MM Translation//Where stories live. Discover now