-46- (ဘုန်းတန်ခိုးကြီးမြတ်လှသော တောက်ဓမ္မဆရာတော်များ စုဝေးရာ မိသားစု)

2.5K 519 43
                                    

(Unicode)
ကျန့်ယန်၏မိသားစုမှာ လဲ့တု နယ်ခံများကြားတွင် တန်ခိုးကြီးဆရာတော်များအဖြစ် တစ်မျိုးတစ်ဖုံ ကျော်ကြားပေသည်။
၎င်းတို့မှာ အစဉ်အဆက် ကျင့်ကြံရေးထုံးတမ်းနည်းနာများကို လက်ဆင့်ကမ်း ယူလာကြသူများဖြစ်ရာ ကျန့်ယန်၏ အဖေ လက်ထက်ထိ ရေတွက်ကြည့်မယ်ဆိုလျှင် နှစ်ပေါင်း ရာချီရှိနှင့်ပြီ ဖြစ်သည်။
ဘိုးဘေးဘီဘင်များမှာ များစွာသော မန္တာန်များနှင့် မကောင်းဆိုးဝါး မိစ္ဆာများ နှိမ်နင်းရာတွင် အသုံးပြုသော မှော်၀င်ပစ္စည်းများကိုလည်း မျိုးရိုးအဆက်ဆက် လက်ဆင့်ကမ်းခဲ့ကြသည်ပင်။

၎င်းတို့က နတ်ဘုရားများ၏ ပဉ္စလက်မှော်အတတ်များကို ခိုင်ခံ့စေခဲ့ကာ..
တောက်ဓမ္မပညာရှင် အသိုင်းအဝိုင်းတွင် အတော်အတန် နာမည်ကျော်ကြားသူများအဖြစ် ထင်ရှားပေ၏။

ကျန့်မိသားစုမှ ဖြာထွက်သော အမျိုး၀မ်းကွဲ တော်စပ်သူတွေမှာလည်း များပြားလှသည်။
အချို့မှာ စား၀တ်နေရေးအတွက် မတူညီသော လမ်းကို ပြောင်းရွှေ့သွားကြသူများလည်း ရှိသကဲ့သို့ ၊ အခြားသူများမှာလည်း ယင်းတို့၏ ဘ၀တစ်သက်တာလုံးကို ကျင့်ကြံရေးလောကတွင်ပဲ မြုပ်နှံခဲ့သူများလည်း ရှိကြသည်။ ထိုသူတို့မှာလည်း အလွန်အမင်း ပါရမီခန္တီနှင့်ပြည့်၀သူများ‌ပင်။

လဲ့တုဒေသ၏ ကျန့်မျိုးရိုး နာမည်ကို အလွဲသုံးစားလုပ်၍ လူအများကို လိမ်လည်လှည့်ဖျားရင်း အသက်မွေး၀မ်းကြောင်းပြုကြသူများလည်း ရှိသေးသည်။

သို့သော် ထိုသူတို့မှာ ကျန့်မျိုးရိုးအတွင်း၌ သွေးဝေးကြသူများသာ ဖြစ်သူမို့ ကျန့်ယန်၏ မိသားစုမှာ အထူးတလည် လိုက်လံ ထိန်းသိမ်းခြင်းမျိုး မပြုနိုင်ကြပေ။

မည်သို့ပင်ဆိုစေကာမူ ကျန့်ယန်၏ မိသားစုကသာလျှင် ကျန့်ကျင့်ကြံရေးဆရာတော်များ၏ အမှန်တကယ် ဆက်ခံရာလူများ ဖြစ်ကြသည်။

အမျိုးထဲရှိ အခြားသော ကျင့်ကြံသူများ ဖြစ်ပါစေ ၊ နာမည်ခံ အယောင်ဆောင် ကျင့်ကြံသူများ ဖြစ်ပါစေ
၎င်းတို့မှာ စီးပွားရှာနိုင်ရန်အတွက် ကျန့်မျိုးရိုးနာမည်ကို အသုံးပြုနေရဆဲ။

ခေတ်သစ် ငရဲသစ်//MM Translation//Where stories live. Discover now