-32.2-

2.3K 479 9
                                    

(Unicode)

လက်အောက်ခံ ကုမ္ပဏီခွဲသစ်တစ်ခု ဖွင့်လှစ်ခြင်းအစီစဉ်ဟာ ချောမွေ့ပြေပြစ်စွာ အကောင်အထည်ပေါ်လာခဲ့သည်။
ရှန်းချွယ့်သည်ပင်လျှင် အလေလိုက်ပြီး မနေရဲတော့ချေ။
သူတို့ကုမ္ပဏီက ယခုပုံအတိုင်းသာဆို တစ်စထက်တစ်စ ပိုပိုပြီး ကြီးမားကျယ်ပြန့်လာဖို့ပဲ ရှိတော့တာကြောင့် သူ့အနေဖြင့် ဂိမ်းကစားတဲ့နေ့ရက်တွေကို တာ့တာပြလိုက်ရပြီး
လက်အောက်ခံ ၀န်ထမ်းသရဲများကိုလည်း အတတ်နိုင်ဆုံး‌ မောင်းပေးရတော့သည်။

ရှန်းချွယ့်တစ်ယောက်ကား အလွန်အမင်း စိတ်အားထက်သန်စွာဖြင့်...........
.
.
အွန်လိုင်းကနေ ဖွင့်လှစ်တဲ့ MBA class မှာ သင်တန်းတောင် သွားအပ်ပစ်လိုက်၏။
စီမံခန့်ခွဲရေးပိုင်းနှင့် ပတ်သတ်သည့် သိမှတ်စရာ မှတ်သားစရာများကို အတတ်နိုင်ဆုံး စိတ်နှလုံးသွင်းကာ
နေ့ရက်တိုင်းကို ကွန်ပျူတာရှေ့မှာ ထိုင်ရင်း မှတ်စုစာအုပ်လေးတစ်အုပ်ထဲမှာ မှတ်စုတွေလိုက်မှတ်ရင်း ဖြတ်သန်းဖြစ်နေခဲ့သည်။

အခုဆိုရင်သူ့အနေနဲ့ စီးပွားရေး နှစ်ချုပ်ဇယားတွေတောင် ဆွဲတတ်တဲ့အထိ ရောက်‌နေခဲ့ပြီ!!!
(T/N : အပြင်စကားနဲ့ဆို LCCI level 3ထိတောင်ပြီးသွားပြီဆိုပါတော့)

ယွိကျန်းတုနှင့် ရှန်းချွယ့်တို့ အလုပ်နှင့် လက် မပြတ်နိုင်လောက်အောင် ဖြစ်နေချိန်မှာပဲ ချန်စစ်ယွီက သူတို့တံခါးကို တစ်ဖန် ထပ်ခေါက်လာခဲ့ပြန်သည်။

မကြာသေးခင်ကပဲ ချန်စစ်ယွီ၏ ဖခင်ဖြစ်သူက မကောင်းဆိုးဝါးဝိဉာဉ်စွဲကပ်ခြင်း ခံထားရတာ မဟုတ်ပါလား
အဆုံးသတ်မှာ ယွိကျန်းတုနှင့် ရှန်းချွယ့်တို့က ကူညီပေးပြီး ထိုလုပ်ရပ်၏ နောက်ကွယ်က ကြိုးကိုင်သူကို ရှာဖွေပေးခဲ့သည်။
သူတို့တွေအနေဖြင့် တစ်ဖက်က မကောင်းဆိုးဝါးထိန်းချုပ်သူ လက်သည် ဘုန်းတော်ကြီးဖြင့် စီးချင်းထိုးခြင်း၌ ‌အောင်မြင်ခဲ့ပြီး ထိုဘုန်းတော်ကြီး၏ အထိန်းချုပ်ခံ ဖြစ်နေခဲ့သော ဟောက်၀မ်းထောင်ဆိုသည့် တစ္ဆေကိုပင် လွတ်မြောက်အောင် ဆောင်ရွက်ပေးခဲ့ဖူးသည်။

ထို့နောက်တွင်တော့ ဟောက်၀မ်းထောင်၏ အကူအညီဖြင့် ချန်ပါးပါးဟာ ၎င်းကို ကြိုးကိုင်ဖို့ကြိုးစားခဲ့သည့် ယောက်ချူသူဌေး လျိုနင်းအန်ကို ပြန်လည် ချေပနိုင်ခဲ့သည်။
လျိုနင်းအန်၏ အစေအပါး ဘုန်းတော်ကြီးမှာလည်း စီးချင်းထိုးပွဲမှာ ရှုံးထားသည့်အလျောက် ပြန်လည် တိုက်ခိုက်နိုင်သည့် အစွမ်းမရှိတော့ချေ။
ပြီးခဲ့တဲ့လတွေအတွင်းမှာ သူ့အနေဖြင့် အရှုံးပေါ်အရှုံးဆင့်နေခဲ့ရသည်။
တစ်ဖက်မှာတော့ ချန်ပါးပါးက တရိပ်ရိပ်ဖြင့် ပြန်လည်အောင်မြင်လာခဲ့၏။

ခေတ်သစ် ငရဲသစ်//MM Translation//Where stories live. Discover now