-56- (တုံးအသော ကလေးများ)

1.7K 378 19
                                    

(Unicode)
*warning - attempted kidnapping*

Peppa , Georgie  နှင့် အခြားသော အပေါင်းအဖော်နှစ်ယောက်တို့က လူအုပ်နှင့် ညှပ်လိုက်ပါ၍ တစ္ဆေ ရာချီ လှည့်လည်ပွဲမှာ ပါ၀င်ဆင်နွှဲခဲ့ကြသည်။

လှည့်လည်ပွဲတစ်ခုတည်းက ‌အလုံလောက် ပျော်ဖို့ ကောင်းနေပြီ ဖြစ်သည့်အပြင် လူခန္ဓာ လိပ်ကိုယ်လုံးနဲ့ လူကြီးတစ်ယောက်က သူ၏ အခွံမာကြီးပေါ်တွင် Peppa ကို လိုက်စီးစေခြင်းကြောင့် Peppa တစ်ယောက် အတိုင်းမသိ ပျော်ရွှင်နေခဲ့ရသည်။

လှည့်လည်ပွဲပြီးသွားသည့်အခါ ကွေ့လုံတစ်ယောက် အပြည့်အ၀ မပျော်ရသေးဘူးဟု ယူဆ၍ ပေ ကိုပါ အဖော်ခေါ်ပြီး ပန်းခြံပါတီအတွင်းရှိ အများသုံးအိမ်သာတွေဆီ သွားချောင်းကြဖို့ ဟန်ပြင်လိုက်တော့သည်။

တစ်ဖက်မှာလည်း Peppa နှင့် Georgie တို့က ဒီလောက်လူအုပ်ကြီးနဲ့ဆို အများသုံးအိမ်သာတွေမှာ လူတွေ တိုးနေရပြီး အနံ့တွေ နံဟောင်နေမှာဆိုးတာနှင့် ကွေ့လုံတို့ ဖိတ်ကြားလာတာကို ငြင်းဆန်ပြီး ထိုအစား တစ္ဆေဈေးကွက်ထဲ၌ ဈေး၀ယ်ထွက်ဖို့ ပြင်လိုက်ကြသည်။

Peppa သည်ကား အခြားသော တစ္ဆေများကဲ့သို့ ငမွဲမဟုတ်။ သူ့ကိုကိုပေးထားသည့် ငွေများဖြင့် ဖွယ်ဖွယ်ရာရာ သုံးနိုင်စွဲနိုင်သည့် တစ္ဆေ‌တစ်ကောင်ဖြစ်ပေသည်။ ထို့အတွက်ကြောင့် တစ္ဆေများကြားတွင် rich kid အမျိုးအစားထဲက ပါပေ၏။

ကလေးနှစ်ယောက်သားမှာ အချင်းချင်း လက်ကိုင်ရင်း တစ္ဆေဈေးတန်းရှိရာဆီ လာခဲ့လိုက်သည်။
လမ်းမကြီးအတိုင်း သွားမည်ဆိုလျှင် လူတိုးရမှာကြောက်တာရော နဂိုကတည်းကမှ ပုပုသေးသေးလေးတွေမို့ လူနင်းခံရမှာ ကြောက်တာရောကြောင့် လူအသွားအလာ သိပ်မရှိသည့် ပို၍ ရှည်လျားသော လမ်းကြိုလမ်းကြားဖက်မှ လာလိုက်ဖို့ တိုင်ပင်ဖြစ်ကြသည်။

နှစ်ယောက်သား ဘေးချင်းကပ်လျှောက်ရင်း ရောက်လေရာရာ စကားပြောနေကြကာ Peppa က ရုတ်တရက် အကြောင်းအရာတစ်ခုကို ထပြောလာလေသည်။
"Georgie...အကယ်၍ ငါ ဘ၀ကူးတဲ့အခါကျရင်  ငါ့ပိုင်ဆိုင်မှုတွေအကုန်လုံးကို နင့်ဆီ အပ်ခဲ့လိုက်မယ်နော်..
အဲ့ကျရင် နင်က ငါ့ရဲ့ အမွေ ဆက်ခံသူ ဖြစ်သွားမှာ"

ခေတ်သစ် ငရဲသစ်//MM Translation//Where stories live. Discover now