-42- (အမြတ်မရသောထုတ်ကုန်)

2.1K 499 13
                                    

(Unicode)
ကျန်းခဲ့ကျီမှာ အရပ်အတန်အသင့်မြင့်ပေသည်။
သူ၏ ပုံသဏ္ဍာန်က ငယ်ရွယ်မှုကို ဖော်ကြူးနေကာ
ဆံပင်ခပ်တိုတိုကိုလည်း သပ်ရပ်စွာ ပုံဖော်ထားသည့်အပြင် သူ့၏ နဖူးထိပ်မှာ ၀က်ခြံဖုလေးတစ်ဖုက ထင်းလို့နေသည်။

ပြင်ပက ရိုက်ခတ်မှုတစ်စုံတစ်ရာမရှိလျှင် သာမာန်တစ္ဆေတစ်ကောင်က ၎င်းတို့ဆုံးပါးသွားသည့်အရွယ်၌ပဲ ရုပ်ပိုင်းသွင်ပြင်ကျန်ရှိနေခဲ့ကြသည်။

ထိုနည်းတူစွာ ကျန်းခဲ့ကျီ၏၀ိဥာဥ်သည်လည်း ၁၈ နှစ်အရွယ်တွင် ထာ၀ရ ရပ်တန့်နေမှာ ဖြစ်၏။

၎င်းက ခေါင်းကိုငိုက်စိုက်ချကာ စားပွဲခုံကိုပဲ မျက်နှာအပ်ထားပြီး ညာဖက်လက်သည်လည်း ဘောပင်တစ်ချောင်းကိုင်ထားသည့် ဟန်အတိုင်းရှိနေကာ
တစ်စုံတစ်ရာကို ဖြည်းညှင်းစွာ ရေးနေခဲ့သည်။

ချင်းယွဲ့ကျန်းမှာ ယွိကျန်းတုပြောသည့် တစ္ဆေပုံရိပ်ဖော် နည်းပညာအကြောင်း သံသယ၀င်နေခဲ့တာ ဖြစ်သော်ငြား မျက်စိရှေ့တွင်မြင်လိုက်ရသည့် မြင်ကွင်းကြောင့် လုံးလုံး အံ့အားသင့်သွားခဲ့ရချေသည်။
"ဖာ့ခ်" ဆိုသည့် ဆဲသံတစ်လုံးကလည်း အတားအဆီးမဲ့စွာ သူ့နှုတ်ခမ်းဖျားမှ ထွက်သွား၏။
"ဒါ ဘယ်လို နည်းပညာကြီးလဲ?"

ယွိကျန်းတုက ပြုံးစစလေး လုပ်ပြီးနောက်...
"ကုမ္ပဏီရဲ့ မူပိုင်လေ"

ချင်းယွဲ့ကျန်းမှာ ထိုကိစ္စကို သိပ်ပြီး စိတ်ထဲမထားတော့ဘဲ အခုတွင် အရေးကြီးဆုံးဖြစ်နေသည့် အရာက
ကျန်းခဲ့ကျီကို မြင်နေရခြင်းဖြစ်သည်။
တစ်ညနေခင်းလုံး ချုပ်တည်းထားခဲ့ရသမျှ ခံစားချက်တို့က ပေါက်ကွဲထွက်သွားပြီးနောက်
သူ အထိတ်ထလန့် မအော်ဘဲ မနေနိုင်တော့ချေ။
"ခဲ့ကျီ!!!!"

"ခဲ့ကျီ ! ငါ မင်းကို လာရှာပြီလေ!"

သို့သော် စာရေးစားပွဲတွင် ထိုင်နေသည့် ကောင်ငယ်လေးမှာ တုံ့ပြန်ခြင်း အလျဉ်းမရှိ။
ဘောပင်ကိုင်ထားသည့်လက်က တရုတ်အက္ခရာများကို တုတ်ချောင်း တစ်ချောင်းချင်းစီ ဆက်လို့ရေးနေသည်။

ချင်းယွဲ့ကျန်းမှာ စိတ်လှုပ်ရှားတာတစ်၀က် စိတ်တုန်လှုပ်သွားမိတာ တစ်၀က် ဖြစ်နေခဲ့၏။
သူက ယွိကျန်းတုအား ကြည့်ကာ သိချင်စိတ်တို့ပြင်းပြလျက် မေးလာခဲ့သည်။
"သူ ကျွန်တော်ပြောတာကို မကြားရဘူးလား?"

ခေတ်သစ် ငရဲသစ်//MM Translation//Where stories live. Discover now