-69- (လူသတ်မှု စစ်ဆေးမေးမြန်းခြင်း)

1.3K 288 5
                                    

(Unicode)

လူငယ်လေးဖန်းလီဝိဥာဥ်က ၎င်း၏ ခန္ဓာကိုယ်ထဲ ပြန်၀င်အပြီး ကံကြမ္မာ အလဲအထပ်လုပ်ခဲ့သည့် ဖန်းလီအတုကမူ ဆေးရုံ၌ နှလုံးဖောက်၍ သေဆုံးသွားခဲ့ရသည်။

ထို့နောက် ၎င်း၏ဝိဉာဉ်ကိုမူ လော့ဖုန်းဝန်ထမ်းများက ဖမ်းဆီးရမိပြီး အမှုအား ထပ်မံစစ်ဆေးရန် လော့ဖုန်း ရုံးချုပ်သို့ ခေါ်ဆောင်ခြင်းခံခဲ့ရတော့သည်။

ဖန်းလီအတု ဟန်ဆောင်ထားသည့် သူမှာ သက်လတ်ပိုင်းအရွယ် လူကြီးတစ်ယောက်ဖြစ်ပြီး ထိုသူ၏ မျက်နှာ၌ အေးစက်စက် ကြက်သီးထစဖွယ် အကြည့်တစ်စုံကို ပိုင်ဆိုင်ထားသည်။

လော့ဖုန်းသို့ ခေါ်ဆောင်ခံရပြီးနောက်မှာ သူက ကြောက်အားလန့်အားဖြစ်ကာ အညံ့ခံဖို့ကိုလည်း ငြင်းဆန်နေခဲ့သေးသည်။

ထို့နောက် ယွိကျန်းတုနှင့်ရှန်းချွယ့်တို့နှစ်ယောက်အား တပူးတတွဲ ဖြင့် မျက်စိရှေ့တွေ့ရသောအခါ ၎င်းမျက်နှာက အံ့ဩတကြီးဖြစ်သွားခဲ့သည်။

"မင်းတို့ နှစ်ယောက်ပဲ!!!"

ယွိကျန်းတုလည်း တည်ငြိမ်လှသော မျက်နှာထားဖြင့် ခေါင်းညိတ်လိုက်ကာ...
"ကျွန်တော်တို့ နှစ်ယောက်ပါပဲ ဗျာ"

ပုံမှန်ဆိုလျှင် ယခုကဲ့သို့ ခေါင်းမာသည့် တရားခံကျူးလွန်သူများကို စစ်ဆေးမေးမြန်းရသည့် အလုပ်က ဒီဘာသာရပ်၌ အထူးကျွမ်းကျင်သော ၀န်ထမ်းများ၏ အလုပ်သာ။

သို့သော် ယခု ဖန်းလီအတု၏ အမှုကမူ တမူထူးခြားကာ အရင်က တစ်ခါမှ မကြုံတွေ့ဖူးသေးတာကြောင့် စစ်ဆေးမေးမြန်းသည့်နေရာကို ယွိကျန်းတုကော ရှန်းချွယ့်ကောပါ ရောက်လာခဲ့ကြခြင်းပင်။

ယွိကျန်းတု၏ စကားနဲ့ကျမှပဲ ဖန်းလီက သူ့လုပ်ရပ်တွေ ဘယ်လိုနည်းနဲ့ ပေါ်သွားခဲ့ရလဲ ဆိုတဲ့မေးခွန်းရဲ့ ‌အဖြေကို ရရှိသွားခဲ့တော့သည်။
သို့သော် ယခုအချိန်ရောက်ကာမှတော့ နောင်တရရုံကလွဲ...

ယွိကျန်းတုအနေနဲ့လည်း ယခုကဲ့သို့ တစ္ဆေအမျိုးအစားအပေါ် အချိန်သိပ်ဖြုန်းလိုစိတ်မရှိ။
သူက တိုက်ရိုက်ပဲ ပြောလိုက်ရသည်။

ခေတ်သစ် ငရဲသစ်//MM Translation//Where stories live. Discover now