-35- (တစ္ဆေကလေးမလေးအား စတေးခံခြင်း)

2.3K 480 11
                                    

(Unicode)

ကောင်းယွင်ထံမှ ငွေလက်ခံရရှိအပြီးမှာ ချန်ပါးပါးက အိမ်ရှိဒါရိုင်ဘာကို စေခိုင်း၍ ပြန်စေတော့သည်။
ကျန်နေခဲ့တဲ့ ယွိကျန်းတုကား လျိုနင်းအန် နှင့် ၀မ်းဗိုက်တစ္ဆေလေးကို မည်သို့မည်ပုံကိုင်တွယ်ရမည်ကို ထိုင်ဆွေးနွေးသင့်ကြောင်းအကြံပြုလိုက်၏။

၀မ်းဗိုက်တစ္ဆေလေး တစ်ဆင့်ပြောစကားအရ
လျိုနင်းအန်နှင့် မကောင်းဆိုးဝါးသုတ်သင်သူတို့ထံတွင် တာ၀န်ထမ်းဆောင်ခဲ့ရစဉ်က ဘာတွေဖြစ်ခဲ့သလဲဆိုတာကို သိရှိခဲ့ရသည်။

ဒီလူနှစ်ယောက်အနေဖြင့် အသက်ရှင်စဉ်အတွင်းမှာ ဝိဉာဉ်ကို ချုပ်နှောင်ကာ  တရားမ၀င် ငွေရှာသည့် ကိစ္စတွေအပြင်
ကောင်းကင်ဘုံ၏အလိုို လွန်ဆန်၍ လူသတ်မှုများလည်း ကျူးလွန်ထားကြသေးကြောင်း ကြားသိရသည်။

ဥပမာဆိုရသော် ၀မ်းဗိုက်တစ္ဆေလေး၏ မိခင်အရင်းဆိုလျှင် လျိုနင်းအန်က ပြန်ပေးဆွဲကာ အရှင်လတ်လတ် ၀မ်းဗိုက်ကိုဖွင့်၍ ကလေးကို လုယူခံခဲ့ရတာကြောင့် အသက်ဆုံးရှုံးခဲ့ရသည်ပေ။

ထို့အပြင် ၀မ်းဗိုက်တစ္ဆေလေးအနေဖြင့် ထိုစဉ်က သန္ဓေသားလောင်း အဆင့်သာသာ ရှိပေဦးမည်။
သူမကို အတိအကျတွက်ချက်ထားသော အချိန်ကာလမှာ မိခင်၀မ်းဗိုက်ထဲက နှိုက်ယူခံခဲ့ရပြီး သူမ၏ သက်ရှိဝိဉာဉ်ကို ဖမ်းချုပ်ခံခဲ့ရသည်။

တစ်ဖက်၌ကား နို့စို့ကလေးအရွယ်ဝိဉာဉ်တစ်ကောင်သဏ္ဍာန်ကြီးပြင်းစေ၏
သို့နှင့် သူမဟာ သာမန်ကလေးတစ်ယောက်အတိုင်း တစ်ပုံစံတည်း အသက်ငါးနှစ်အရွယ်ထိ ကြီးပြင်းလာရသည်။
ထို့နောက်တွင်တော့ သူမ၏ ခန္ဓာကိုယ် ရုပ်ကလာပ်ကို အမှုန့်ကြိတ်၍ ရလာသော အမှုန့်အား မက်မွန်ပင်အခေါက်သားဖြင့်ပြုလုပ်ထားသော ရုပ်သေးရုပ်တွင် ထည့်ခံခဲ့ရကာ မကောင်းဆိုးဝါးဘုန်းတော်ကြီး၏ အသုံးတော်ကို ယနေ့ထိတိုင် ခံခဲ့ရတာဖြစ်သည်။

ဒီလိုမျိုး အဖြစ်အပျက်ကြောင့် ခြေရှုပ်သွားရသည့် အကြောင်းတစ်ခုပေါ်လာခဲ့၏ 
၀မ်းဗိုက်တစ္ဆေကို မကောင်းဆိုးဝါးဘုန်းတော်ကြီးက စတေးခဲ့တာမို့လို့
ဒါဟာ ဘုန်းတော်ကြီးနှင့် သူ၏လက်ပါးစေကြား စာချုပ်တစ်ခုသဏ္ဍာန် ဖြစ်သွားစေခဲ့သည်။

ခေတ်သစ် ငရဲသစ်//MM Translation//Where stories live. Discover now