-59.1- (သန့်စင်စက်အကြောင်း စကားနိုင်လု)

1.9K 343 8
                                    

(Unicode)
ယွမ့်ချင်တစ်ယောက် စိတ်အားထက်သန်စွာဖြင့် အနာဂတ်အတွက် development အသစ်အသစ်သော စိတ်ကူးများကို ဖိုင်အသစ်တစ်ခုဖြင့် မှတ်တမ်းယူနေခြင်းကို ယွိကျန်းတု ကြည့်နေလိုက်သည်။

သူ၏ ပုံစံကိုကြည့်ရင်း ယွိကျန်းတုမှာ ကြောင်အမ်းနေရ၏။

ကြည့်ရတာ ဒီ တောက်ဓမ္မကိုယ်တော်က ရှေ့ဆက်လျှောက်ရမယ့် ဘ၀ခရီးမှာ ကျင့်ကြံရေးတွေကို နည်းပညာစနစ်ပြောင်းလဲတဲ့ လမ်းကိုပဲ ဆက်လျှောက်တော့မည့်အလား။

ဒီလမ်းက အရမ်းကြီးဆိုးရွားနေတယ်လည်း မဟုတ်ပေမဲ့ တကယ်တမ်း တောက်ဓမ္မနှင့် နည်းပညာ ဆိုသည့် အရာနှစ်ခုမှာ ထဲထဲ၀င်၀င် ဖြစ်လာလေလေ မတူကွဲပြားသည့် အရာနှစ်ခုဖြစ်ကြောင်း လာတွေ့ရလေ ဖြစ်ပေမည်။
အထူးသဖြင့် လူအများအကြားတွင် နည်းပညာနှင့် တောက်ဓမ္မ ပေါင်းစပ်မှုသည်ကား အစိမ်းသက်သက်ပင် ဖြစ်နေ၏။

ဥပမာဆိုရသော် အခက်အခဲများကို ရင်ဆိုင်ကျော်ဖြတ်ပြီးမှ ယွမ့်ချင်မှာ ဤ မြေအောက်လောကစွမ်းအင်သန့်စင်ရေးကိရိယာကို ဖန်တီးနိုင်ခဲ့ခြင်း ဖြစ်သည်။
လူအများသက်၀င်ယုံကြည်ဆုံးသော ဘုရားကျောင်းဖြစ်သည့် ချင်းလျန်ကျောင်းတိုက်မှာ ဤပစ္စည်းကို ရောင်းချပေးနေပါသော်လည်း အခြားသူများအနေဖြင့် ၎င်းတို့အား အလုံးစုံ မယုံကြည်နိုင်ကြသေးပေ။

ယွိကျန်းတုလည်း WeChat မှာ မက်ဆေ့ဂ်ျပို့ရင်း ဤပစ္စည်းများအား မည်သည့်နည်းနှင့်ရောင်းထွက်အောင် လုပ်နိုင်မလဲဆိုတာကို တွေးတောကြည့်နေလိုက်သည်။

ထိုအချိန်မှာပဲ ရုတ်တရက်၊ သက်လတ်ပိုင်းအရွယ် မီးခိုးရောင်၀တ်ရုံနှင့် တောက်ဓမ္မကိုယ်တော်တစ်ယောက်က အထိတ်တလန့်နှင့် ၎င်းတို့ရှိရာ ၀င်ရောက်လာခဲ့သည်။

လွန်စွာမှ ကြမ်းတမ်းရုတ်ရင့်သော မျက်နှာမျိုးဖြင့် ကြည့်လာပြီးနောက်မှာ ထိုသူက စိတ်ဆိုးမာန်ဆိုးဖြင့်ပြောလာ၏။
"ယွမ့်ချင်...မင်းက ဘာလို့ အခုထိ ဒီထဲမှာ ရှိနေရတာလဲ? အပြင်မှာ ဒီလောက် ပွက်လောရိုက်နေတာကို!"

"ရှစ်ရှူး...."
ယွမ့်ချင်က ဂါရ၀ပြုလိုက်ပြီးနောက် ယဉ်ကျေးစွာ ပြန်မေးကြည့်လိုက်သည်။
"အပြင်မှာ ဘာတွေဖြစ်နေလို့လဲ?"

ခေတ်သစ် ငရဲသစ်//MM Translation//Unde poveștirile trăiesc. Descoperă acum