-29- (နတ်ဘုရားလို သူဌေး)

2.8K 580 53
                                    

(Unicode)

ရှန်းချွယ့်၏စကားက ဘေးနားပတ်၀န်းကျင်ရှိ တက္ကသိုလ်ကျောင်းသားများအား မှင်သက်သွားစေခဲ့ရသည်။

သူတို့နားကြားပဲ မှားကြသလား?

ရှယ် ရှယ် ရှယ်ယာတွေကို ပေးမယ်?

ယွိကျန်းတုကို အစောပိုင်းကတည်းက အခွင့်ရရင် အင်တာဗျူးဖို့ ချောင်းနေခဲ့သော ကျောင်းတွင်းသတင်းထောက်တစ်ယောက်ကဆိုလျှင် သူ၏အင်တာဗျူးအတွက်တပ်ရမည့် ခေါင်းစဉ်ကိုတောင် စာစီပြီးနှင့်နေခဲ့ပြီ။

「သတင်းထူး !
တက္ကသိုလ်ကျောင်းသားတစ်ယောက်ကို အပိုင်ရရန်အတွက် ထိပ်သီးကုမ္ပဏီနှစ်ခု၏ စီအီးအိုများမှ ဤကဲ့သို့ အျင်းအရာများကို ဘွဲ့နှင်းသဘင်အခမ်းအနားအတွင်း ပြုလုပ်ခဲ့....」

အကုန်လုံးရဲ့ အကြည့်တွေဟာ ယွိကျန်းတုဆီ၌ ကျရောက်လျက်သား။
သူတို့အစောကြီးကတည်းက သိထားပြီးသားပင်။

...ယွိကျန်းတု ဘယ်လိုဘယ်ဝါ အရည်အချင်းရှိကြောင်းကို...
ကျောင်းရဲ့ အဓိကမိန်း၀က်ဘ်ဆိုက်ကြီးမှာလည်း ခဏခဏဖော်ပြခြင်းခံရပြီး အရင်ကလည်း ပြည်နယ်တွင်း ဆုပေါင်းမြောက်မြားစွာကို ဆွတ်ခူးရရှိထားဖူးသူလည်း ဖြစ်တာကြောင့် ယွိကျန်းတု၏ အရည်အချင်းက ဘယ်လောက်အနေအထားထိ ရှိတယ်ဆိုတာကို သူတို့အနေနဲ့ သိထားပြီးသော်ငြား အခုလောက်အခြေအနေထိ ဖြစ်‌‌နေခဲ့လိမ့်မယ်လို့တော့ မထင်ထားခဲ့မိပါချေ။

ဘွဲ့ရပြီးတာနဲ့ တန်းပြီး သူတို့ကုမ္ပဏီမှာလာလုပ်ပေးဖို့ ကုမ္ပဏီပိုင်းသူဌေးနှစ်ယောက်က ခခယယ တောင်းဆိုတာကိုတောင် ခံနေရပြီဖြစ်သည်။

အဲ့ဒီကုမ္ပဏီပိုင်သူဌေးနှစ်ယောက်ထဲက ကျောက်ရှန်းလန်ဆိုသူဟာ မည်သူ ဖြစ်ကြောင်းကိုတော့ ရှင်းပြနေစရာတောင် မလိုအပ်ပါ။

အခုသူတို့ရှေ့မှာ ရှိနေတဲ့ သူဌေးဆိုသူ၏ နောက်ခံ အချက်အလက်များကို သေချာမသိထားရသေးသော်ငြား ကျောက်ရှန်းလန်လို လူက ကမ်းလှမ်းတာကိုတောင် ယွိကျန်းတုက ငြင်းပစ်လိုက်သည့်အပြင် ရှေ့မှာလည်း ကျူးယန် ပြောထားတဲ့ ကုမ္ပဏီနဲ့ပူးပေါင်းချင်သည့်သူများအကြောင်းများနှင့်ပါ ဆက်စပ်ကြည့်မည်ဆိုလျှင် ဤလူ၏ ကုမ္ပဏီဆိုသည်မှာ မည်မည်ရရတော့ ဟုတ်လောက်မည် မဟုတ်ချေ။

ခေတ်သစ် ငရဲသစ်//MM Translation//Where stories live. Discover now