-48- (နည်းပညာရှင် ထိပ်သီးအစည်းအဝေး)

2.7K 494 18
                                    

(Unicode)
ကျန့်ယန်မှာ ဖုန်းလေး တစ်ကောလ်နှင့် ‌တစ္ဆေဘုရင်အား ဆင့်ခေါ်ပြလိုက်ခြင်းကြောင့် မူလက ကျန့်တောက်ဓမ္မဆရာတော် အမျိုးများကြား လျစ်လျူရှုခြင်းခံ‌နေခဲ့ရသည့်အဖြစ်မှ ရုတ်ချည်း ဝိုင်းချီးကျူးခံရသည့်အဖြစ်သို့ ပြောင်းလဲသွားခဲ့ရသည်။
ဆွေမျိုးများမှာ စိတ်ဖောက်သွားကြသည့်နှယ် အစုလိုက်အပြုံလိုက် ကျန့်ယန်အား ဝိုင်း၍ မြှောက်ကာပင့်ကာ။

တကယ်တမ်းဆိုရသော် လော့ဖုန်းကုမ္ပဏီ၌ အလုပ်စ၀င်ပြီးချိန်မှစ၍ ကျန့်ယန်အနေဖြင့် ကောင်းကင်ဘုံနတ်ဘုရားများ၏ အမွေအနှစ်အကြောင်း အနည်းငယ် တီးမိခေါက်မိရှိလာခဲ့ရသည်။ သူ၏ နှလုံးအိမ် အနက်ရှိုင်းဆုံးတစ်နေရာတွင် မိမိမှာ အတတ်နိုင်ဆုံး မိသားစုဂုဏ်အား ဆောင်ပေးချင်ခဲ့သော်လည်း အတိတ်တစ်ချိန်တုန်းက မိမိကိုယ်ကိုယ် တောက်ဓမ္မပညာဆည်းပူးရန် အ‌ရည်အချင်းပါမလာ ဟူ၍ အမြဲလိုလို သံသယ ဖြစ်နေခဲ့မိသည်။
ထိုသံသယများစွာက မိမိအား အမြဲ အသိပေးနေသကဲ့သို့။
သူသည် ဘ၀တစ်လျှောက်လုံး မိသားစု၀န်အားထမ်းပိုးပေးသည့် တာ၀န်ကို ယူနိုင်တော့မည် မဟုတ်ဟူ၍။

သို့သော် သူ့အပေါ် ယွိကျန်းတု၏ ယုံကြည်ပေးမှုများဖြင့် အနာဂတ်၌ အပြောင်းအလဲကြီးတစ်ရပ်ကြုံရဖို့အတွက် အလားအလာရှိလာပြီဟု မြင်ယောင်မိသည်။

လမ်းပေါင်း ထောင်ချီရှိပါသော်လည်း လမ်းတိုင်းက ရောမမြို့ကို ဦးတည်နေကြသည် မဟုတ်။
သူ့အနေနှင့်လည်း မန္တာန်မရွတ်နိုင်သော်ငြား နည်းပညာနှင့် မည်ကဲ့သို့ ဆက်စပ်လုပ်ကိုင်ရမည်နည်း ဆိုသည်ကိုတော့ သိရှိထားသည်။

ထို့အပြင် လော့ဖုန်း၌ သူ၏ အတွေ့အကြုံဖြင့် စပ်လျဉ်းပြီး ပြောရသော် ကျင့်ကြံရေးလောက၏ အနာဂတ်သည် နည်းပညာပေါ်၌ ပိုသထက်ပို၍ အမီတင်းပြုလာလိမ့်မည်ဟု ယူဆရသည်။
ကျန့်မျိုးရိုးရှိ တောက်ဓမ္မဆရာတော်များကို သူ တရားဟောလိုက်မိသည့် အရာတွေက ရိုးရိုးတမ်းတမ်း ဝံ့ကြွားရုံသပ်သပ်တော့ မဟုတ်ချေ။

ထိုအချက်ကြောင့်ပဲ ကျန့်ယန်တစ်ယောက် အလုပ်သို့ ပြန်ရောက်သွားသည့်အချိန်တွင် မွေးရပ်မြေအိမ်ရှိ ကိစ္စကဏ္ဍများအပေါ်၌ စိတ်၀င်စားမှု အလျဉ်းမရှိတော့ပေ။
အကျိုးဆက်အနေဖြင့် ကျန့်မျိုးရိုး၀မ်းကွဲမောင်နှမများမှာ ၎င်းတို့၏ အဓိက မိသားစုကြီးဖြစ်သော ကျန့်မိသားစု၏အမိန့်အာဏာများကို အမှန်တကယ် နာခံလိုသည့် စိတ်ရှိမရှိ ပြန်ဆန်းစစ်ခဲ့ကြပြီး
မျက်စိတစ်မှိတ်ကာလအတွင်းမှာပင် ကျန့်ယန်၏မိသားစုမှာ အာဏာအထွတ်အထိပ်နေရာသို့ ပြန်တက်လှမ်းလာနိုင်ခဲ့သည်။

ခေတ်သစ် ငရဲသစ်//MM Translation//Where stories live. Discover now